Home သတင်း အမျိုးသား‌ရေး လှုပ်ရှားမှုများကို ပြည်ပနှင့် နယ်စပ် ကရင်လူငယ်များ လက်‌တွေ့ ‌လေ့လာသင်ယူ

အမျိုးသား‌ရေး လှုပ်ရှားမှုများကို ပြည်ပနှင့် နယ်စပ် ကရင်လူငယ်များ လက်‌တွေ့ ‌လေ့လာသင်ယူ

2028

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားအစည်းအရုံး-KNUနှင့် ကရင်လူမှုအဖွဲ့အစည်းများ၏ အမျိုးသားအ‌ရေး ဦး‌ဆောင်လှုပ်ရှားမှုများကို ဩစ ‌တေးလျနိုင်ငံ‌ရောက် ကရင်လူငယ်များနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်လူငယ်များအ‌နေဖြင့် လက်‌တွေ့ကျသည့် ‌လေ့လာ သင်ယူသည့် Young Adult Leadership Program အစီအစဉ် တစ်ခုကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်‌နေ့အထိ ထိုင်း-မြန်မာနပ်စပ်တစ်‌နေရာ၌ ပြုလုပ်‌ပေးလျှက်ရှိသည်။

Australian Karen Foundation ၏ ကူညီ‌ထောက်ပံ့မှုဖြင့် ဩစ‌တေးလျ‌ရောက် ကရင်‌ကျောင်းသားလူငယ် ၉ ဦး၊ နယ်စပ်ရှိ ကရင်လူမှုအဖွဲ့အစည်းမှ ကရင်လူငယ် ၉ ဦးနှင့် ကြီးကြပ်ဦး‌ဆောင်သူ ၅ ဦးအပါအဝင် စုစု‌ပေါင်း ၂၄ဦးတို့ အား နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ ဖွံ့ဖြိုး‌ရေး၊ လူ့အခွင့်အ‌ရေးနှင့် ‌နေရပ်ပြန်ဒုက္ခသည်အ‌ရေး ကိစ္စတို့ကို လက်‌တွေ့ကျကျ ‌လေ့လာသင်ယူနိုင်ရန် အ စီအစဉ်ကို ပြုလုပ်‌ပေးခြင်းဖြစ်သည်ဟု အစီအစဉ်ကို ပါဝင်ဦး‌ဆောင်သူ ‌စောသာ‌တော ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒုက္ခသည် စခန်းက‌နေ ပြည်ပကို ငယ်ငယ်ကတည်းက ‌ရောက်သွားတဲ့ ကရင်လူငယ်‌လေး‌တွေက နယ်စပ်က နိုင်ငံ ‌ရေး၊ လူမှု‌ရေးဦး‌ဆောင်လှုပ်ရှားရတဲ့ အ‌ခြေအ‌နေမှန်ကို အ‌သေအချာမသိကြဘူး။ သူတို့မှာ မီဒီယာနဲ့သူများ ‌ပြောတာမျိုး ‌လောက်ပဲသိကြ‌တော့ ပြည်ပနဲ့ နယ်စပ် ကရင်လူငယ်‌တွေ ကြားမှာ အမြင်မတူညီမှု၊ နားလည်မှု လွှဲမှား လာကြ တယ်။ ဒီအ ‌ခြေအ‌နေကို‌ဖြေရှင်းနိုင်ဖို့ကို YALP အစီအစဉ်ကို ကျ‌နော်တို့ လုပ်‌ဆောင်လာဖြစ်တာပါ”ဟု ‌ပြောသည်။

၁ဝ ရက်တာ ပြုလုပ်သည့် ၎င်းသင်တန်း အစီအစဉ်တွင် နိုင်ငံ‌ရေးဦး‌ဆောင်မှု၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်၊ စီးပွား‌ရေး၊ လူ့အခွင့်အ ‌ရေးအ‌ခြေ အ‌နေမှန်များ၊ ဖွံ့ဖြိုး‌ရေးနှင့် ဒုက္ခသည်များ ‌နေရာပြန်လည်ချထား‌ရေး အစီအစဉ် အ‌ခြေအ‌နေများကို KNU ဒု ဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်၊ KNU စီးပွား‌ရေး‌ကော်မတီမှ ‌စောဝဲလ်ဒမ်း၊ ကရင်ဒုက္ခသည် ‌ကော်မတီ-KRC မှ ‌နော်ဘလူးမင်း နိုက်ဇန်နှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှု ကွန်ယက်-KESANမှ ‌စောသူးကဘီးတို့က သွား ‌ရောက် ရှင်းလင်းချပြ ‌ပေးသည်။

ထိုရှင်းလင်းချပြမှုများအ‌ပေါ် အစီအစဉ်တွင် ပါဝင်သည့် ကရင်လူငယ်များမှ ပြန်လည်‌ဆွေး‌နွေး၊ အမြင်ချင်းဖလှယ်မှုများ ပြုလုပ်ကြသည့်အပြင် လက်‌တွေ့ကျသည့် ကွင်းဆင်း‌လေ့လာမှု ခရီးစဉ်များကိုလည်း ပြုလုပ်ခဲ့ကြသည်ဟု အစီအစဉ်တွင် ပါဝင်သည့် ကရင်လူငယ်များက ဆိုသည်။

အစီအစဉ်တွင် ပါဝင်သူ ဩစ‌တေးလျ‌ရောက် ‌နော်သဘ‌လေးက “များ‌သောအားဖြင့် ပြည်ပမှာ ရှိ‌နေတဲ့သူ ‌တွေက ဒီဘက်က အ‌ကြောင်းအရာကို အ‌သေအချာ မသိကြပါဘူး။ Social Media (လူမှုကွန်ယက်) ‌တွေက‌နေပဲသိရ‌တော့ အမြင်မှားမှု ‌တွေကရှိ‌နေတယ်‌လေ။ အရင်က ‌ကေအဲန်ယူကိုဆိုရင် ကျမက စစ်သားလို့ပဲသိခဲ့တာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် နယ်စပ်ရှိ ကရင်‌ကျောင်းသားကွန်ယက်အဖွဲ့-KSNG ဥက္ကဌ ‌စောထူးထူးစတိဗ်က “ဒီအစီအစဉ်က‌နေ လူငယ်အချင်းချင်း ရင်းနှီးမှုပိုရှိလာတယ်။ အရင်က ပြည်ပမှာရှိ‌နေတဲ့ လူငယ်‌တွေက နယ်စပ်မှာရှိ‌နေတဲ့ ကရင်လူငယ်‌တွေရဲ့လှုပ်ရှားမှုကို ဂဃနဏ မသိဘူး။ သူတို့ပြန်လာတဲ့အချိန်မှာ နယ်စပ် CBOမှာ လုပ်‌ဆောင်‌နေတဲ့ လူငယ်‌တွေနဲ့‌တွေ့တဲ့အခါမှ ဒါ‌တွေကို သူတို့ပိုနားလည်လာတယ်” ဟု ‌ပြောသည်။

Young Adult Leadership Program အစီအစဉ်ကို ကရင်လူမှုအဖွဲ့အစည်းများ၏ အမျိုးသား‌ရေး ဦး‌ဆောင် လှုပ်ရှား ‌ဆောင်ရွက်ချက်များအ‌ပေါ် လက်‌တွေ့ကျကျ သိမြင်နိုင်ရန်နှင့် ပြည်ပ‌ရောက်ကရင် လူငယ်များနှင့် နယ်စပ်ရှိ ကရင်လူ ငယ်များအကြား ချိတ်ဆက်မှုပိုမို ‌ကောင်းမွန်ရန် ရည်ရွယ်၍ ၂၀၁ဝခုနှစ်က စတင်လာခဲ့ပြီး ၂နှစ်တစ်ကြိမ်ပြုလုပ်ကာ ယခုနှစ်တွင် ၄ ကြိမ်‌မြောက်ဖြစ်သည်။