Home သတင်း သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်ကို အသိအမှတ်ပြုနိုင်‌ရေး နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ပေါ်မူတည်ဟု KESAN ဆို

သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်ကို အသိအမှတ်ပြုနိုင်‌ရေး နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ပေါ်မူတည်ဟု KESAN ဆို

1957

ဇန်နဝါရီ ၁ဝရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်ခရိုင်အတွင်းရှိ ‌တော‌တောင်‌ရေ‌မြေ‌ဒေသကို ထိန်းသိမ်း‌စောင့်‌ရှောက်ရန် ရည်ရွယ် ချက်ဖြင့် တည်‌ထောင်ရန်ကြိုးပမ်း‌နေသည့် သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ် (Salween Peace Park)ကို အသိအမှတ်ပြုနိုင်‌ရေးမှာ နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ပေါ် မူတည်‌ကြောင်း ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်-KESAN က ‌ပြော သည်။

အဆိုပါဥယျာဉ် အ‌ကောင်အထည်‌ဖော်‌ရေးအတွက် ၂၀၁၆ခုနှစ်မှ စတင်ပြီး ‌ဒေသခံကရင်လူထု၊ ဖာပွန်ခရိုင် ကရင်သစ်‌တော ဌာနနှင့် KESAN တို့က ကြိုးပမ်း‌ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းဥယျာဉ်ကို သက်ဆိုင်ရာ KNU နှင့် နိုင်ငံ‌တော်အစိုးရတို့ အသိ အမှတ်ပြု‌ရေး ကြိုးပမ်းလုပ်‌ဆောင်‌နေမှုအ‌ပေါ် KESAN ၏ သတင်းတာဝန်ခံ ‌နော်ဆာမူးက ဇန်နဝါရီလ ၉ရက်‌နေ့တွင် ‌ကေအိုင်စီ သို့ ယခုလို ‌ပြောသည်။

သူမက “ငြိမ်းချမ်း‌ရေးဖြစ်စဉ်ရှိလာတဲ့အ‌ပေါ်မှာ ကျမတို့ အခွင့်အလမ်းတစ်ရပ်အ‌နေနဲ့ ဒီအစီအစဉ်ကို လုပ်‌ဆောင်ချင်တာ ဖြစ် တယ်။ ဒါ‌ပေမဲ့ ကျမတို့အတွက် အဟန့်အတားဖြစ်‌စေတာက နို်င်ငံ‌ရေးအ‌ခြေအ‌နေက ဘာဆက်ဖြစ်မလဲဆိုတာ ‌သေချာမသိရ ဘူး‌လေ။ ‌နောက်ပြီး ဖာပွန်ခရိုင်မှာလည်း အစိုးရစစ်တပ်‌နေရာ‌တွေက အများကြီးရှိ‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အဆိုပါ ငြိမ်းချမ်း‌ရေးဥယျာဉ်ကို ဖွဲ့စည်းတည်‌ထောင်နိုင်‌ရေးအတွက် ‌ကေအဲန်ယူ၊ ဖာပွန်ခရိုင်အဆင့်ထိသာ ‌ဆောင် ရွက်နိုင်‌သေးသလို KNU (ဗဟို)၊ အစိုးရနှင့် နိုင်ငံတကာ အသိအမှတ်ပြုနိုင်‌ရေးအတွက် အဆင့်များစွာ ဆက်လက် ကြိုးပမ်း သွားရဦးမည်ဟု ‌နော်ဆာမူးက ဆက်‌ပြောသည်။

လက်ရှိတွင် သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ် တည်‌ထောင်နိုင်‌ရေးအတွက် KNU၊ ဖာပွန်ခရိုင် တာဝန်ရှိသူများနှင့် KESAN တို့ ပူးတွဲ ပါဝင်သည့် အဖွဲ့ဝင် ၁၁ဦးပါ မူဝါဒ‌ရေးဆွဲ‌ရေး ‌ကော်မတီဖွဲ့စည်းပြီး ဥယျာဉ်ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေမူကြမ်းကို လူထု‌ထောက်ခံမှု ဖြင့် ‌အောင်မြင်စွာ‌ရေးဆွဲနိုင်ခဲ့‌ကြောင်း၊ အလားတူ ဖာပွန်ခရိုင်အတွင်း အစိုးရတပ်စခန်း‌ပေါင်း ၈၂ခုရှိပြီး ပြည်နယ်တစ်ခုလုံး အတိုင်းအတာအ‌နေဖြင့် တပ်စခန်း‌ပေါင်း ၃၀၀‌ကျော်ရှိသည်ဟု ဇန်နဝါရီ ၉ ရက် KESAN ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်တွင် “ထိုင်းနိုင်ငံမှာ သူတို့ရဲ့‌တောရိုင်းတိရိစာ္ဆန်နဲ့ တရားမဝင် သစ်ထုတ်လုပ်မှု‌တွေကို တားဆီးကာကွယ်ဖို့ အမျိုးသားပန်းခြံ‌တွေ ဖွဲ့စည်းခဲ့တာကို ကျ‌နော်နားလည်ခဲ့ရတယ်။ ဒါကိုကြည့်ပြီး ‌ကော်သူး‌လေမှာ အလားတူပုံစံ လုပ်သင့်တယ် လို့ ကျ‌နော် လက်ခံယုံကြည်လာခဲ့တယ်။ အစိုးရနဲ့ KNU အကြား ၂၀၁၂ခုနှစ် အပစ်ခတ်ရပ်စဲ‌ရေးသ‌ဘောတူညီမှု လက်မှတ်‌ရေး ထိုးခဲ့ပြီးတဲ့‌နောက်မှာ ဒီအိပ်မက်ကို အ‌ကောင်အထည်စ‌ဖော်ဖို့ အခွင့်အ‌ရေးပဲလို့ ကျ‌နော်ဆုံးဖြတ်ခဲ့တယ်”ဟု ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA၊ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး‌စော‌ဘော‌ကျော်ဟဲက ‌ပြောဆိုထားသည်။

ထို့အပြင် ငြိမ်းချမ်း‌ရေးဥယျာဉ်အစီအစဉ်ကို နိုင်ငံတကာအသိအမှတ်ပြုရန် ဆက်လက်ကြိုးပမ်းလျက်ရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ နှင့်လည်း လက်တွဲလုပ်‌ဆောင်နို်င်ရန် ကြိုးပမ်းလျက်ရှိကာ တရားဝင်ဖွဲ့စည်း‌ရေး အသိအမှတ်ပြုနိုင်သည့်အချိန်တွင် ဥယျာဉ်ကို ကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံအစိုးရနှင့် ‌ဆွေး‌နွေးတိုင်ပင်မှုများ ‌ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အ‌ကောင်အထည်‌ဖော်မည့် ဥယျာဉ် အကျယ်အဝန်း စုစု‌ပေါင်း ၂,၀၀၉ စတုရန်းမိုင်‌ကျော် (၅၂၀၅ kilometer square)ရှိကာ ဖွဲ့စည်းတည်‌ထောင်နိုင်‌ရေး အစီအစဉ်ကို ၂၀၁၆ခုနှစ်၊ ‌မေလတွင် စတင်ခဲ့ပြီး လူထုနှင့် ‌တွေ့ဆုံ အသိ‌ပေးတိုင်ပင်မှုကို ‌မေလနှင့် ဒီဇင်ဘာလတွင် ဖာပွန်ခရိုင်၊ ‌ဒေပိုနို‌ကျေးရွာတွင် နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။