Home သတင်း သတင်းပြင်ဆင်၊ ဖြည့်စွက်ချက်

သတင်းပြင်ဆင်၊ ဖြည့်စွက်ချက်

1627

‌ကေအိုင်စီဝက်ဘ်ဆိုက်တွင် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်‌နေ့က ‌ဖော်ပြခဲ့သည့် “‌ကော့ကရိတ်‌မြောက်ပိုင်းရှိ ရွာချင်းဆက်လမ်း များ ယိုယွင်းပျက်စီး‌နေမှု‌ကြောင့် ‌ဒေသခံများ သွားလာ‌ရေးခက်ခဲ”သတင်းတွင် ‌နောက်ဆုံးစာပိုဒ်ကို ‌အောက်ပါအတိုင်း ပြင်ဆင် ဖြည့်စွက် ဖတ်ရှု‌ပေးပါရန် ‌လေးစားစွာ ‌မေတ္တာရပ်ခံအပ်ပါသည်။

“တံတားဦး-‌နောင်နိုင်းရွာ ‌မြေသားလမ်းပိုင်းကို နန်း‌ရွှေမြသူ ကုမ္ပဏီကလည်း‌ကောင်း၊ ရန်ကုတ်မှ ထီဖိုးစံအထိ ‌ကျောက်ခင်းလမ်း ကို ‌ဝေပုံမျှကုမ္ပဏီနှင့် အခြားကုမ္ပဏီတခုတို့က တာဝန်ယူ ‌ဖောက်လုပ်ခဲ့ခြင်းဖြစ်‌ကြောင်း ‌ဒေသတွင်း ရပ်ရွာအုပ်ချုပ်‌ရေးနှင့် ဖွံ့ဖြိုး တိုးတက်‌ရေး လုပ်‌ဆောင်သူများနှင့် မြို့နယ်စည်ပင်‌ကော်မတီထံမှ သိရသည်။ ထိုလမ်း‌ကြောအနက် ရန်ကုတ်မှ နန်း‌ရွှေမိတ် ‌ကျေးရွာအထိ တာဝန်ယူခဲ့သည့် လမ်းအပိုင်းကို ‌ဝေပုံမျှကုမ္ပဏီက ၂၀၁၆ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလက ‌ဖောက်လုပ်ပြီးစီးခဲ့‌ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုခဲ့သည်။”

အလားတူ သတင်းဓာတ်ပုံကိုလည်း စာညွှန်းအဖြစ် “မိုးတွင်းအချိန် ‌တွေ့ခဲ့ရသည့် ရန်ကုတ်နှင့် ထီဖိုးစံလမ်း‌ကြော ကုန်းတက် တစ်‌နေရာ”ဟု ထပ်မံ ဖြည့်စွက်ထည့်သွင်း ‌ဖော်ပြအပ်ပါသည်။

‌လေးစားစွာဖြင့်
‌ကေအိုင်စီ-ကရင်သတင်းဌာန