Home သတင်း ရာဘာ စိုက်ပျိုးထုတ်လုပ်သူ ‌တောင်သူများ ‌ဈေး‌ကောင်းရ၍ ‌ရောင်းဝယ်မှုမြှင့်တက်လာ

ရာဘာ စိုက်ပျိုးထုတ်လုပ်သူ ‌တောင်သူများ ‌ဈေး‌ကောင်းရ၍ ‌ရောင်းဝယ်မှုမြှင့်တက်လာ

4025

ဇန်နဝါရီ ၃ရက်၊ ၂၀၁၇ခုနှစ်။ က‌ဆောဝါး

နိုင်ငံတကာ ရာဘာ‌ဈေးနှင့် ‌ဒေါ်လာ‌ဈေး မြှင့်တက်လာမှု‌ကြောင့် ကရင်ပြည်နယ်တွင်းရှိ ရာဘာစိုက်ပျိုး ထုတ်လုပ်သူ ‌တောင် သူများ ‌ဈေး‌ကောင်းရပြီး အ‌ရောင်းအဝယ် မြှင့်တက်‌နေ‌ကြောင်း ရာဘာအဝယ်ဒိုင်ဖွင့် ‌ရောင်းဝယ်‌နေသူများနှင့် စိုက်ပျိုးထုတ် လုပ်‌ရောင်းချသူများထံမှ သိရသည်။

ကရင်ပြည်နယ်၏ စိုက်ပျိုး‌ရေးထုတ်ကုန်တစ်ခုဖြစ်သည့် ရာဘာ အ‌ရောင်းအဝယ်အ‌ခြေအ‌နေများ မြှင့်တက်လာမှု အ‌ခြေအ‌နေ များနှင့် ပတ်သက်ပြီး ဖားအံမြို့ရှိ ရာဘာ‌ရောင်းဝယ်‌ရေးလုပ်ကိုင်‌နေသူ ‌စော‌နေထွန်း‌အေးက ယခုလို ‌ပြောသည်။

“ဒီတစ်‌လောမှာ ‌ဒေါ်လာ‌ငွေ‌ဈေးတက်‌တော့ နိုင်ငံတကာ ဝယ်လက်‌ဈေးလည်း မြင့်လာတယ်။ ‌တောင်သူ‌တွေ ‌ဈေး‌ကောင်းရ တယ် ဆိုရမှာ‌ပေါ့။ ကျ‌နော်တို့ဒိုင်‌တွေက‌တော့ ‌ဈေးကျကျတက်တက် အမြတ်နှုန်းက ပို မတက်ပါဘူး။ ပုံမှန်ထက် ‌ရောင်းနိုင်၊ ဝယ်နိုင်၊ ပို့နိုင်တဲ့‌ပေါ်မှာပဲ တစ်‌ပေါင်ကို ငါးကျပ်၊ တစ်ဆယ် အကျိုးအမြတ်ယူပါတယ်။ အခုက ‌တောင်သူ‌တွေ လာ‌ရောင်းကြ တာ ပုံ‌နေ‌ရောပဲ။ တစ်‌နေ့ကို ‌ပေါင်ချိန် ၄‌သောင်း ၅‌သောင်း‌လောက် အဝယ်ပြု‌ပေး‌နေရတယ်”ဟု ‌ပြောသည်။

ရာဘာ‌ဈေးများမှာ ပြီးခဲ့သည့် ၂၀၁၆ ဒီဇင်ဘာလအတွင်း နိုင်ငံခြား‌ငွေ ‌ဒေါ်လာ‌ဈေးမြှင့်တက်စဉ် ရာဘာပြား အပါးအသန့် တစ် ‌ပေါင်လျှင် ၁၁၀ဝ ဝန်းကျင်ခန့်အထိ ‌ဈေးကွက်အဝယ်‌ဈေး‌ပေါက်ခဲ့ပြီး အထူပြားနှင့် မထူမပါး အပြားများမှာ ၈၀ဝ /၉၀ဝ ‌ဈေးအထိ အဝယ်‌ဈေးဖြစ်ခဲ့‌ကြောင်း သိရသည်။

ယခု ၂၀၁၇၊ ဇန်နဝါရီလဆန်းပိုင်းတွင် အ‌မေရိကန်‌ဒေါ်လာ‌ဈေး ပြန်လည်ကျဆင်းမှု‌ကြောင့် အကြည်အပါး ရာဘာပြား တစ်‌ပေါင် လျှင် ၉၀၀‌ကျော်နှုန်းခန့် အ‌ရောင်းအဝယ်ဖြစ်ခဲ့ပြီး ရာဘာအထူအပါး ‌ခြောက်‌သွေ့မှု သန့်ရှင်းသပ်ရပ်သည့် အရည်အ‌သွေးများ ‌ပေါ် မူတည်ပြီး ‌ဈေးနှုန်းရာဂဏန်း အ‌ပြောင်းအလဲရှိ‌ကြောင်း ရာဘာခြံစိုက်‌တောင်သူများ၏‌ပြောပြချက်အရ သိရှိရသည်။

‌ကော့ကရိတ်ခရိုင် ဝင်းက‌ကျေးရွာအုပ်စုမှ ရာဘာလာ‌ရောက် ‌ရောင်းချသူ မန်းတင်ရီက “အခုက ရွာကခြံ‌တွေစုပြီး လာ‌ရောင်း တာ ဒီနှစ် ‌ဈေး‌ကောင်း‌တော့ အလုပ်သမားလည်း‌ပျော်၊ အထွက်လည်း ‌ကောင်းတယ်။ ရွာမှာ‌တော့ စိုက်ဧက ၁၀၀ဝ ဝန်းကျင် ရှိ တယ်။ ဓာတ်‌မြေဩဇာ အခက်အခဲ‌တော့ နည်းနည်းရှိတယ်။ ကိုယ်သုံးချင်တဲ့ ‌ဆေးတို့၊ ဓာတ်‌မြေဩဇာတို့က ‌ဈေးကွက်မှာ ဝယ် မရ‌တော့ အထွက်နှုန်းနဲ့ အရည်အ‌သွေး ကွာတာ‌တော့ ရှိတာ‌ပေါ့”ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ် ‌ဒေသထွက်ကုန် ရာဘာ‌စေးအပြားများမှာ ‌ဒေသတွင်း အဝယ်ဒိုင်များမှတစ်ဆင့် ရန်ကုန် – မန္တ‌လေးနှင့် တရုတ် နိုင်ငံကုမ္ပဏီများမှ ဝယ်ယူကာ လူသုံးကုန်ပစ္စည်းများ၊ စက်ပစ္စည်း အစိတ်အပိုင်းများအဖြစ် ကုန်‌ချောထုတ်လုပ်‌သော စက်ရုံ၊ အလုပ်ရုံများရှိရာ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့‌ရောင်းချသည့် ရာဘာထုတ်ကုန် ကုန်ကြမ်းများ ဖြစ်သည်။

ရာဘာပြား အ‌ရောင်းအဝယ် ‌ဈေးကွက်မှာ၂၀၁၃/ ၂၀၁၄/၂၀၁၅/ခုနှစ်က တစ်‌ပေါင်လျှင် ၅၀ဝကျပ်၊ ၆၀ဝကျပ် ဝန်းကျင်အထိ ‌ဈေးနှုန်းကျဆင်းမှုများ‌ကြောင့် ‌ရော်ဘာအ‌ရောင်းအဝယ်နှင့် စိုက်ပျိုးသူ အငှားလုပ်ကိုင်သူတို့တွင် အရှုံး‌ပေါ်ခဲ့ပြီး ယခု ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၇ခုနှစ် နှစ်ဆန်းပိုင်းတွင် ‌ဈေးနှုန်းပြန်လည် မြှင့်တက်လာခြင်းဖြစ်သည်။

ကရင်ပြည်နယ်အတွင်း စိုက်ပျိုး‌ရေးဌာန၏ ရာဘာစိုက်ဧက စာရင်းဇယားများအရ လက်ရှိ ရာဘာစိုက်ဧက‌ပေါင်း ၂၆၈၁၀ဝဧက ရှိ‌ကြောင်း စိုက်ပျိုး‌ရေးဌာန တာဝန်ရှိများ၏ ‌ပြောစကားအရ သိရှိရသည်။