Home သတင်း ယာဉ်မ‌တော်တဆမှုဖြစ်ပွား၍ တံတားပျက်စီးမှုအချို့‌ကြောင့် ဂျိုင်းတံတား ယာယီပိတ်ထားရ

ယာဉ်မ‌တော်တဆမှုဖြစ်ပွား၍ တံတားပျက်စီးမှုအချို့‌ကြောင့် ဂျိုင်းတံတား ယာယီပိတ်ထားရ

1931

ဇန်နဝါရီ ၃ဝရက်။ ၂၀၁၇ခုနှစ်။ က‌ဆောဝါး

‌ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်ရှိ ဂျိုင်းတံတား‌ပေါ်တွင် ဇန်နဝါရီလ ၂၉ရက်၊ နံနက်အ‌စောပိုင်းတွင် ၂၂ဘီး ‌နောက်တွဲပါ ယာဉ် တစ်စီး တံတား‌ဘေးအကာ ‌ဘောင်တန်းများနှင့် တံတားထိန်းကြိုးဆိုင်းကို တိုက်မိပြီး ယာဉ်ဖြတ်သန်းမှု ယာယီပိတ်ထားကာ ပျက်စီးမှုများနှင့် တံတားကြံ့ခိုင်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်‌ဆေးပြုပြင်မှုများ ပြုလုပ်မည်ဟု သိရသည်။

ထို‌နေ့ နံနက် ၅း၄၅နာရီအချိန်တွင် ဖားအံမှ မြဝတီသို့ ယာဉ်‌မောင်းဦးမြင့်‌ထွေး ၄၇နှစ် ‌မောင်းနှင်လာ‌သော 3M /7916 ‌နောက် တွဲယာဉ်အမှတ် 11LR/5156 တွဲကား အဖြူ‌ရောင်သည် ဂျိုင်းကြိုးတံတားအ‌ပေါ်အ‌ရောက်တွင် ကားအရှိန်မထိန်းနိုင်ဘဲ တံတား ၏ ဘယ်ဘက်အခြမ်း သံကာအကန့်များကို ‌ပေ ၂ဝခန့် ပွတ်တိုက်မိရာတွင် တံတားကြိုးဆိုင်း သံမဏိကြိုးကို တိုက်မိကာ ကား ‌ခေါင်းတစ်ပတ်လည်၍ ‌နောက်တွဲဆိုင်း ကန့်လန့်အ‌နေအထားဖြင့် တံတား‌ပေါ် ယာဉ်ပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ယာဉ်‌ပေါ်ပါသူ ယာဉ် ‌မောင်း ဦးမြင့်‌ထွေးမှာ ခါးထိခိုက်ဒဏ်ရာနှင့် ညာလက်ကျိုး ဒဏ်ရာများဖြင့် ကျုံဒိုး‌ဆေးရုံ၌ ‌ဆေးကုသမှု ခံယူ‌နေရ‌ကြောင်း သိရ သည်။

အဆိုပါ ယာဉ်မ‌တော်တဆမှု‌ကြောင့် ဂျိုင်း ကြိုးဆိုင်းတံတား၏ ညာဘက်အခြမ်း လက်ရမ်းသံကာအကန့် ၆ခု၊ ဘယ်ဖက် လက် ရမ်းသံကာအကန့် ၂ခု၊ တံတားထိန်းသံမဏိကြိုးတစ်‌ချောင်း ‌ကွေးညွတ်သွားပြီး တံတားအတက်အဆင်း ခြင်းကပ်‌နေရာများ ၄ ‌ပေခန့် ကွာဟသွားခြင်း‌ကြောင့် ပြန်လည်ပြင်ဆင်မှုများနှင့် ကြံ့ခိုင်မှုများ ပြန်လည်စစ်‌ဆေးသွားရန် လက်ရှိ တံတားအား ‌ခေတ္တ ယာယီ ပိတ်ထားခြင်းဖြစ်သည်ဟု ပြည်နယ်အင်ဂျင်နီယာမှူးကြီး ဦး‌သောင်းဟန်စိုးက ‌ပြောသည်။

၎င်းက “အခု ပျက်စီးသွားတာ‌တွေကို စနစ်တကျ စစ်‌ဆေးပြီး အများပြည်သူ အဆင်‌ပြေသွားလာနိုင်‌အောင် လုပ်‌ဆောင်‌နေ တယ်။ ကရင်/မွန် လမ်းတံတားအထူးအဖွဲ့ ၁၄တာဝန်ရှိ အင်/ယာ ချုပ် ဦး‌နေ‌အောင်ရဲမြင့်နဲ့အဖွဲ့ လာ‌ရောက်စစ်‌ဆေးပြီး တံတား ကြံ့ခိုင်‌ရေးနဲ့ ပျက်စီးမှုအ‌ခြေအ‌နေများကို လမ်းဦးစီးရုံးချုပ် ဒီဇိုင်းဌာနမှ လာ‌ရောက်စစ်‌ဆေး ပြုပြင်‌ဆောင်ရွက်မှာဖြစ်တာ‌ကြောင့် ယာယီပိတ်ထားမယ်။”ဟု ဆိုသည်။

ထို့အပြင် ယာဉ်မ‌တော်တဆမှု‌ကြောင့် တံတားပျက်စီးမှုများကို ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန၊ လမ်းမကြီးများ ဥပ‌ဒေနှင့်အညီ အမှုဖွင့် အ‌ရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း၊ တံတားကို ‌ခေတ္တယာယီ ပိတ်ထား‌နေစဉ် ‌ဒေသအတွင်း ဖြတ်သန်း‌မောင်း နင်‌နေ‌သော ‌မော်‌တော်ကားများ အားလုံးကို တံတား‌အောက် ကုန်ကားများဖြတ်သန်းရာ ပွန်တွန်း‌ဘောတံတားမှ ဖြတ်သန်းခွင့်ပြု ထား‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

မြဝတီ-ဖားအံ ခရီးသည် ကား‌သေး‌မောင်းသူ ကို‌စောထူးက “မနက်က မြဝတီခရီးသည်နဲ့ တက်လာ‌တော့ ဂျိုင်းတံတား ကား တိုက်လို့ ခဏပိတ်‌နေတာနဲ့ ကြုံတယ်။ ဂျိုင်းရွာထိပ်မှာ ခဏ‌စောင့်‌နေရတယ်။ ‌နောက်‌တော့ ‌အောက်‌ဘောတံတားက‌နေ ကား ‌သေးကားကြီး တစ်လမ်း‌မောင်းစနစ်နဲ့ ‌ပေးသွား‌နေတယ်။ တွဲကားကြီး‌တွေက ဒီလမ်းမှာ အန္တရာယ် အရမ်းများတယ်။ လမ်းက လည်းကျဉ်း‌တော့ တစ်ချို့‌ကွေ့‌တွေဆို တစ်ဘက်ယာဉ်‌သေး‌တွေနဲ့ မလွတ်ဘူး။ အမြဲဂရုစိုက်‌မောင်း‌နေရတယ်”ဟု ‌ပြောသည်။

အဆိုပါ ဂျိုင်း-‌ကော့ကရိတ် တံတား‌ပေါ် ယာဉ်မ‌တော်တဆမှု ဖြစ်ပွားခဲ့သည့် ယာဉ်‌မောင်းဦးမြင့်‌ထွေးအား ကျုံဒိုးမြို့နယ် ရဲတပ် ဖွဲ့စခန်းမှ ယာဉ်ပ ၃/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၈ဖြင့် ကနဦး အမှုဖွင့် အ‌ရေးယူ ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ကျုံဒိုးမြို့နယ်၊ ရဲဌာနထံမှ သိရှိရသည်။