Home သတင်း တိုင်းရင်းသားအဖွဲ့များ ရင်ဆိုင်‌နေရသည့် အခက်အခဲများကို လက်တွဲ‌ဖြေရှင်းမည်ဟု PPST ‌ပြောဆို

တိုင်းရင်းသားအဖွဲ့များ ရင်ဆိုင်‌နေရသည့် အခက်အခဲများကို လက်တွဲ‌ဖြေရှင်းမည်ဟု PPST ‌ပြောဆို

1776

ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ-EAO၏ လတ်တ‌လော ရင်ဆိုင်‌နေရသည့် အခက်အခဲများကို အမြန်ဆုံး လက်တွဲ‌ဖြေရှင်းကြိုးပမ်းသွားမည်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCAကို လက်မှတ်‌ရေးထိုး ထား‌သော တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့-PPSTက ‌ပြောဆိုလိုက် သည်။

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဖားအံခရိုင်၊ ‌လောခီးလာ(‌လေးဝါး)၌ ဇန်နဝါရီ ၁ဝရက်မှ ၁၁ရက်‌နေ့အထိ ပြုလုပ်သည့် ၎င်း အပစ်ရပ်အဖွဲ့တို့ ငြိမ်းချမ်း‌ရေးဦး‌ဆောင်အဖွဲ့၏ အ‌ရေးအ‌ပေါ်အစည်းအ‌ဝေးအပြီး ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ကာ ‌ပြောဆို လိုက်ခြင်းဖြစ်သည်။

PPST ၏ ‌ပြောခွင့်ရ ဗိုလ်မှူးကြီးခွန်ဥက္ကာက “EAOဆိုတာက အပစ်ရပ်တာ‌ကော၊ မရပ်တာ‌ကော အားလုံးကို‌ပြောတာပါ။ အားလုံး ဖြစ်တဲ့အတွက် တချို့က စစ်‌ရေးပဋိပက္ခဖြစ်‌နေတာကို‌တွေ့ရတယ်။ တချို့လက်မှတ်‌ရေးထိုးထား‌သော်လည်း နိုင်ငံ‌ရေးကိစ္စ‌တွေ ကို ထဲထဲဝင်ဝင် ‌ဆွေး‌နွေးခွင့်က အခုလက်ရှိ ‌ကောင်း‌ကောင်းမရ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ယ‌နေ့(ဇန်နဝါရီ ၁၂) ‌ပြောသည်။

ထို့အပြင် ၎င်းလတ်တ‌လော အခက်အခဲများကို ‌ဖြေရှင်းရာ၌ PPST တာဝန်ရှိသူများအ‌နေဖြင့် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်အပါအဝင် အစိုးရ၊ တပ်မ‌တော် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးကာ ‌ဖြေရှင်းသွားမည်ဟု ဗိုလ်မှူး ကြီးခွန်ဥက္ကာက ဆက်‌ပြောသည်။

နှစ်ရက်တာပြုလုပ်သည့် PPST အ‌ရေး‌ပေါ်အစည်းအ‌ဝေး၌ NCA အပစ်ရပ်အဖွဲ့အစည်းမှ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ-ALP နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF တို့၏ အဖွဲ့ဝင်အချို့ကို အစိုးရမှ ဖမ်းဆီးထိန်းသိမ်း ထားခြင်းနှင့် ၂၀၁၇ခုနှစ်အတွင်း ‌ရှေ့လုပ်ငန်းစဉ် ၆ချက်ကို ချမှတ်ခဲ့သည်ဟု PPST အဖွဲ့က ‌ပြောဆိုခဲ့‌သော်လည်း အ‌သေးစိပ်ကို ထုတ်‌ဖော်‌ပြောကြားခြင်း မရှိ‌ပေ။

၎င်းအ‌ရေး‌ပေါ်အစည်းအ‌ဝေးသို့ NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ၈ဖွဲ့ အနက် ၇ဖွဲ့မှ အဖွဲ့ဝင်‌ခေါင်း‌ဆောင် ၇ဦးနှင့် အ‌ထောက်အကူပြု ၄ဦး စုစု‌ပေါင်း ၁၁ဦး ပါဝင်တက်‌ရောက်ခဲ့ကြပြီး ချင်းအမျိုးသား တပ်ဦး-CNF ကမူ ပါဝင်တက်‌ရောက်ခဲ့ခြင်းမရှိ‌ကြောင်း သိရသည်။

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် နိုင်ငံ‌ရေးအရ ဦး‌ဆောင်မှု‌ပေးနိုင်ရန် ရည်ရွယ်ကာ ယခင်နှစ် ၂၀၁၆ မတ်လ ၂၄ရက်‌နေ့က ထိုင်း နိုင်ငံ၊ ချင်းမုိုင်မြို့တွင် ကျင်းပခဲ့သည့် NCA လက်မှတ်‌ရေးထိုုးထား‌သော တုိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အ စည်းများ၏ ဒုတိယအကြိမ် ထိပ်သီးအစည်းအ‌ဝေးတွင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့ (Peace Process Steering Team-PPST)ကို ဖွဲ့စည်းခဲ့သည်။

၎င်းအဖွဲ့ကို အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌ ဗုိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုုး၊ ဒုအဖွဲ့‌ခေါင်း‌ဆောင် အဖြစ် ရှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ-RCSS ဥက္ကဋ္ဌ ဒုဗိုုလ်ချုပ်ကြီးယွက်စစ်နှင့် ကျန်အပစ်ရပ်အဖွဲ့မှ ကိုယ်စားလှယ် များ ပါဝင်သည်။