Home သတင်း ဇွဲကပင်‌တောင် ‌ကေဘယ်လ်ကားစီမံကိန်းကို ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီ အကျိုးတူ လုပ်ကိုင်ခွင့်ရရှိ

ဇွဲကပင်‌တောင် ‌ကေဘယ်လ်ကားစီမံကိန်းကို ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီ အကျိုးတူ လုပ်ကိုင်ခွင့်ရရှိ

2677

ဇန်နဝါရီ ၁၃ရက်၊ ၂၀၁၇ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ အထင်ကရ ဇွဲကပင်‌တောင် ‌ကေဘယ်ကား(Cable Car) စီမံကိန်း အ‌ကောင်ထည်‌ဖော်ရန် ဇွဲက ပင်‌မြေ ဖွံ့ဖြိုးတိုးတက်‌ရေး ကုမ္ပဏီနှင့် ပြည်နယ်၊ နယ်ခြား‌စောင့်တပ် အကြီးအကဲ ဗိုလ်မှူးကြီး‌စောချစ်သူ ဥက္ကဌအဖြစ် တာဝန်ယူ ထားသည့် ချစ်လင်းမြိုင်တိုယိုတာ ကုမ္ပဏီတို့ အကျိုးတူ ဆက်လုပ်ကိုင်ရန် ဇန်နဝါရီ ၁၂ရက်‌နေ့က ဇွဲကပင်‌တောင်‌ခြေရှိ လုမ္ပဏီ ဥယျာဉ်၌ နှစ်ဖက် သ‌ဘောတူ စာချုပ်ချုပ်ဆိုလိုက်သည်။

၎င်း‌ကေဘယ်လ်ကားစီမံကိန်း ဖြစ်‌မြောက်‌ရေးအတွက် ဇွဲကပင်ဆရာ‌တော် အရှင်ကဝိတဇ လမ်းညွှန်မှုဖြင့် တပည့်ဒါယိကာ၊ ဒါယိ ကာမများက ဇွဲကပင်‌မြေ ဖွံ့ဖြိုးတိုးတက်‌ရေး ကုမ္ပဏီလီမိတက် တည်‌ထောင်ပြီး အ‌ကောင်အထည်‌ဖော် တည်‌ဆောက်‌နေစဉ် ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီမှ စီမံကိန်းတစ်ခုလုံး ပြီးစီးသည့်အထိ အကျိုးတူ ပူး‌ပေါင်းရန် ကမ်းလှမ်းလာသည့်အတွက် ယခုလို နှစ်ဖက် သ‌ဘောတူကာ စာချုပ် ချုပ်ဆိုလိုက်ခြင်း ဖြစ်‌ကြောင်း ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီ ဥက္ကဌ ‌စောချစ်သူက ‌ပြောသည်။

“စီမံကိန်းဖြစ်‌မြောက်ဖို့ ပါဝင်ချင်လို့ အခု‌တော့ ခွင့်ပြုချက် ရပြီး။ လုပ်ဖို့အတွက်က ၂၀၁၆ ခုနှစ်လယ်တုန်းက ‌ကေဘယ်လ်ကား ပညာရှင်‌တွေ ဆက်သွယ်ပြီး လိုအပ်တာ တိုင်းတာပြီးကုန်ပါပြီ။ အ‌မေရိကန်‌ဒေါ်လာသိန်း ၁၂ဝ ကုန်မယ်။ ဒီ‌နေ့စာချုပ် ချုပ်ပြီးဆို ‌တော့ ၂လပိုင်းကျရင် ‌ဆောက်မယ့် ဂျပန်နဲ့ ဩစ‌တေးလျားနိုင်ငံက ပညာရှင်‌တွေနဲ့သွားပြီး လက်မှတ်ထိုးဖို့ရှိတယ်။ အဲဒါပြီးရင် လုပ်ငန်း စတင်‌တော့မယ်”ဟု ဗိုလ်မှူးကြီး‌စောချစ်သူက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ချစ်လင်းမြိုင်ကုမ္ပဏီအ‌နေဖြင့် ထိုစီမံကိန်းကို လက်မှတ်‌ရေးထိုးရာတွင် ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်‌ရေး ‌ကော်မတီကိုယ်စား အမည်ခံ၍ လက်မှတ်ထိုးခြင်းသာဖြစ်ပြီး ကုမ္ပဏီအ‌နေဖြင့် အကျိုးအမြတ်ရရှိပါက ကရင်လက်နက်ကိုင်အဖွဲ့ များ အချင်းချင်း ပြန်လည်‌ဝေမျှသွားမည့်အပြင် ယခုစီမံကိန်းတွင် ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီဘက်မှ အမြတ် ၇၅ရာခိုင်နှုန်း နှင့် ဇွဲကပင်‌မြေ ဖွံ့ဖြိုးတိုးတက်‌ရေးကုမ္ပဏီမှ ၂၅ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်ဟု ဥက္ကဌ ‌စောချစ်သူက ဆက်‌ပြောသည်။

ဇန်နဝါရီ ၁၂ ရက်‌နေ့တွင် ပြုလုပ်သည့် အကျိုးတူ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး စာချုပ်ချုပ်ဆိုပွဲသို ့ ဇွဲကပင်‌တောင် ‌ကေဘယ်လ်ကား ဖြစ်‌မြောက်‌ရေး‌ကော်မတီမှ သံဃာ‌တော်များ၊ ပြည်နယ်အစိုးရ ကိုယ်စားလှယ်များ၊ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီ တာဝန်ရှိသူ နှင့် ဇွဲကပင်‌မြေ ဖွံ့ဖြိုးတိုးတက်‌ရေး ကုမ္ပဏီလီမိတက် ကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသားလက်နက်ကိုင်များ စည်းလုံးညီ ညွှတ်‌ရေး ‌ကော်မတီဝင်များ၊ နှစ်ဖက် အသိသက်‌သေ‌ရှေ့‌နေများ စုစု‌ပေါင်း ၅ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ဇွဲကပင်‌ကေဘယ်လ်ကား ဖြစ်‌မြောက်‌ရေး‌ကော်မတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦး‌အောင်‌မောင်းက “ပီနန်ဆရာ‌တော်ရှိစဉ်က ‌ကေဘယ်လ်ကားဖြစ်ဖို့က အလှူ‌ငွေနဲ့သွားမယ်လို့ လုပ်ထားတယ်။ အခု ပီနန်ဆရာ‌တော် မြန်မာပြည် ပြန်မလာနိုင်‌တော့ အ‌ခြေအ ‌နေက ‌ပြောင်းသွားတယ်။ ဒါ‌ပေမဲ့ ဆက်ပြီး အ‌ကောင်အထည်‌ဖော်‌နေရင်းနဲ့ ဗိုလ်ချစ်သူတို့က ကရင်လက်နက်ကိုင်‌တွေ ‌ပေါင်း စည်းပြီး လုပ်မယ်ဆိုပြီး သူတို့ကမ်းလှမ်း‌တော့ အခုလို ဆက်လုပ်ဖြစ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ဖက် သ‌ဘောတူစာချုပ်ပါ အချက်အလက်အရ စာချုပ် ချုပ်ဆိုသည့်‌နေ့မှစ၍ ၁၈လအတွင်း ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီ ဘက်က အပြီးလုပ်‌ဆောင်ရမည်ဖြစ်သလို ဇွဲကပင်‌မြေ ဖွံ့ဖြိုးတိုးတက်‌ရေးကုမ္ပဏီဘက်ကလည်း ဖားအံမြို့နယ် ‌တော်ပုံ‌ကျေးရွာ၊ ဇွဲကပင်‌တောင်‌ခြေရှိ ဇွဲကပင်‌တောင်ပိုင် ဥယျာဉ်ခြံ‌မြေ ဧရိယာ ၁၂.၇၂ဧကနှင့် ဇွဲကပင်ကာကွယ်‌တော ‌မြေဧရိယာ ဝ.၂ဝ ဧကတို့ အား အသုံးပြုခွင့်‌ပေးရမည် ဖြစ်သည်။

ဇွဲကပင်‌တောင် ‌ကေဘယ်လ်ကား စီမံကိန်းဖြစ်‌မြောက်‌ရေး ‌ကော်မတီကို ၂၀၁၃ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး စီမံကိန်းအတွက် အလှူ‌ငွေ များ စတင် ‌ကောက်ခံခဲ့သလို ၂၀၁၆ခုနှစ်တွင် ‌တောင်‌ပေါ်သို့ ပစ္စည်းသယ်ယူရန်အတွက် ‌ကေဘယ်လ်ကား အကြမ်းထည် စတင် တည်‌ဆောက်ထား‌ကြောင်း ‌ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။

ယင်းဇွဲကပင်‌တောင် ‌ကေဘယ်လ်ကား စီမံကိန်းကို လွန်ခဲ့သည့် ၂၀၁၃ခုနှစ်က ပီနန်ဆရာ‌တော်ဦးပညာဝံသ၊ ဇွဲကပင်ဆရာ‌တော် ဦးကဝိဓဇနှင့် သုံးထပ်‌ကျောင်းဆရာ‌တော် ဦးပညိန္ဒတို့ ဦး‌ဆောင်ပြီး မ‌လေးရှားနိုင်ငံ SMET SDA BHD ကုမ္ပဏီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များ ပူး‌ပေါင်းကာ အ‌ကောင်အထည်‌ဖော်သွားရန် စတင် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဖားအံမြို့‌တောင်ဘက် (၇)မိုင်အကွာရှိ ဇွဲကပင်‌တောင်သည် ပင်လယ်‌ရေမျက်နှာပြင်အထက် ၂၇၃၄‌ပေမြင့်ပြီး ‌တောင်နှင့်‌မြောက် မိုင် ၂ဝခန့်မျှ သွယ်တန်းရှည်လျားကာ ‌တောင်တက်‌တောင်ဆင်းခရီးကို ‌ခြေလျင်ဖြင့် ၃နာရီ‌ကျော်ကြာ သွားရသည်ဟုသိရသည်။