Home သတင်း ကရင်၊ မွန် လက်နက်ကိုင် ပဋိပက္ခ ကူးစက်လာမည်ကို KNU ဝင်း‌ရေးမြို့နယ်မှ စိုးရိမ်

ကရင်၊ မွန် လက်နက်ကိုင် ပဋိပက္ခ ကူးစက်လာမည်ကို KNU ဝင်း‌ရေးမြို့နယ်မှ စိုးရိမ်

3295

ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်အမျိုးသားအစည်းအရုံး-KNU ဘိတ်ထားဝယ်ခရိုင်ဘက်တွင် KNU တပ်ဖွဲ့ဝင်များနှင့် မွန်ပြည်သစ်ပါတီတို့ တပ်ဖွဲ့ဝင်တို့အကြား ဖြစ်ပွား‌နေသည့် လက်နက်ကိုင် ပဋိပက္ခများမှာ ၎င်းတို့ဘက်သို့ ကူးစက်လာမည်ကို စိုးရိမ်‌ကြောင်း KNU ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA တပ်ရင်း ၁၆တို့က ဇန်နဝါရီ ၁၆ ရက်‌နေ့တွင် သ‌ဘောထားထုတ်ချက်တစ်‌စောင် ထုတ်ပြန်‌ပြောဆိုလိုက်သည်။

ဝင်း‌ရေးမြို့နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက “KNUတပ်မဟာ ၄ နဲ့ မွန်ပြည်သစ်ပါတီတို့ ပစ်ခတ်မှု‌တွေ ဖြစ်‌နေ ‌တော့ ကျ‌နော်တို့ ဘက်ကို မကူးစက်လာ‌အောင် ထိပ်တိုက်ရင်ဆိုင်မှုနဲ့မသွားပဲ။ ‌တွေ့ဆုံ‌ဆွေး‌နွေး အ‌ဖြေရှာ ကြဖို့‌ပေါ့။ မွန်၊ ကရင်‌တွေ့ဆုံညှိနှိုင်းမှုပြုလုပ်တယ်။ ဆုံးဖြတ်ချက်မကျဘူး။ ‌အောက်‌ခြေထိ မ‌ရောက်ဘူး။ လူမျိုး‌ရေးအစွဲ‌တွေ ရှိကြတဲ့အတွက် ပဋိပက္ခဖြစ်‌နေရတယ်” ဟု ဇန်နဝါရီ ၁၇ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ဖြစ်ပွား‌နေသည့် လက်နက်ကိုင် ပဋိပက္ခကို မကြီးထွားလာ‌အောင် နှစ်ဘက်စလုံးမှ ထိန်းထိန်းသိမ်း သိမ်း လုပ်‌ဆောင်သွားရန်နှင့် သ‌ဘောထားကြီးကြီးဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေးအ‌ဖြေရှာကြရန် ‌မျှော်လင့်‌ကြောင်း လည်း ပဒို‌စော‌မောင်‌ရွှေက ဖြည့်စွက် ‌ပြောဆိုသည်။

KNU ဝင်း‌ရေးမြို့နယ်၏ ထုတ်ပြချက်အရ ယခု ဝင်း‌ရေးမြို့နယ်၏ အ‌ခြေအ‌နေသည် မဖြစ်သင့်‌သော အ‌ခြေအ‌နေတစ်ရပ်၏ တွန်းပို့မှု‌ကြောင့် နယ်‌မြေတည်ငြိမ်း‌အေးချမ်းမှုကို ထိခိုက်လာသည်မှာ မဖြစ်သင့် သလို လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကိုပါ ထိပါးလာ‌စေ‌ကြောင်း၊ လူထုအကျိုးစီးပွား ထိခိုက်ပျက်စီး ‌စေနိုင် ‌သော အ‌ခြေအ‌နေများကို မိမိတို့ ဆန့်ကျင်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးတွင် အ‌ထောက်အပံ့ပြု‌စေမည့် လုပ်ရပ်မျိုးကို ပြုမှု‌ဆောင်ရွက်သွားမည်ဟု ‌ဖော်ပြထားသည်။

အဆိုပါ ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ်နှင့် KNLA တပ်ရင်း ၁၆တို့၏ ထုတ်ပြန်ချက် အ‌ပေါ် မွန်ပြည်သစ်ပါတီဘက် သ‌ဘောထားကို ရရှိရန် ‌ကေအိုင်စီမှ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့‌သော်လည်း တုံ့ပြန်‌ဖြေကြားမည့်သူ မရှိပါ။

ကရင်၊ မွန် လက်နက်ကိုင်အဖွဲ့ ပဋိပက္ခဖြစ်ပွားမှုနှင့်ပတ်သက်၍ မွန်ပြည်နယ်၊ အရပ်သား အပစ်ရပ် ‌စောင့်ကြည့်‌လေ့ လာ‌ရေး‌ကော်မတီ ဒုဥက္ကဌ
ဦးမင်းမင်းနွယ်က “ညီကို အချင်းချင်း သင့်သင့်မျှမျှနဲ့ ‌ရော‌နှော ‌နေထိုင်းလာကြပြီးမှ ဖက်ဒ ရယ်ပြည် ‌ထောင်စု တည်‌ဆောက်‌နေတဲ့ကာလမှာ ဒီလိုပဋိပက္ခ‌တွေ မဖြစ်‌စေချင်ဘူး။ ‌နောက်‌နောင်မဖြစ်‌အောင် လည်း ကြိုးစားပြီး‌တော့ အရပ်ဖက်‌တွေ‌ရော၊ အခြားနိုင်ငံ‌ရေးအဖွဲ့ ‌တွေ‌ရော၊ ဝိုင်းဝန်းညှိနှိုင်းပြီး ဆက်လက်မဖြစ်ဖို့ တိုက်တွန်းချင်တယ်။ ‌စေ့စပ်ညှိနှိုင်း‌ဖြေရှင်းတဲ့နည်းနဲ့ ကမ်းလှမ်းလာရင်‌တော့ ကျ‌နော်တို့ မွန်CSO (အရပ်ဖက်)အ‌နေနဲ့ ‌ထောက်ခံကြိုဆိုပါတယ်” ဟု ယ‌နေ့ (ဇန်နဝါရီ ၁၈ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ဝင်း‌ရေးမြို့နယ်သည် မွန်ပြည်နယ်နှင့် ထိစပ်နယ်‌မြေဖြစ်ပြီး ယခုအချိန်တွင် ဝင်း‌ရေးမြို့နယ်ရှိ ‌ကျေးရွာများဖြစ်သည့် တဒိန်၊ ဝင်း‌ရော်ဆိပ်ကြီး၊ ဗိန္နဲ‌တောင်‌နေရာများတွင် နှစ်ဖက်‌သော လက်နက်ကိုင်အင်အားစုများ လှုပ်ရှားမှုများ ရှိလာသည့်အတွက် ပဋိပက္ခဖြစ်ပွားလာမည်ကို စိုးရိမ်မှုများရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

နယ်‌မြေပြဿနာ‌ကြောင့် KNU နှင့် NMSP တို့သည် ပြီးခဲ့သည့် ၁၉၈၈ ခုနှစ်က ဘုရားသုံးဆူ‌ဒေသတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားပြီး‌နောက်ပိုင်း နှစ်‌ပေါင်း ၂ဝ ‌ကျော်အတွင်း ပြီးခဲ့သည့် ၂၀၁၆ခုနှစ် စက်တင်ဘာ ၈ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၂ဝရက်တွင် တစ်ကြိမ်နှင့် ဇန်နဝါရီ ၁၁ ရက်‌နေ့တွင် နှစ်ကြိမ် စုစု‌ပေါင်း ‌လေးကြိမ်အထိ ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိသည်ဟု တာဝန်ရှိသူထံမှ သိရသည်။

လက်ရှိ KNU သည် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့နှင့်အတူ ယခင် သမ္မတ‌ဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ် NCAကို လက်မှတ်‌ရေးထိုးထားပြီး မွန်ပြည်သစ်ပါတီမှာ NCA ကို လက်မှတ် ‌ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့ ၁၃ဖွဲ့အနက် တစ်ဖွဲ့ဖြစ်သည်။