Home သတင်း ကရင်‌တော်လှန်‌ရေးတွင် ဘုန်းကြီးရမ်ဘိုဟု ထင်ရှားသူ ဆရာ‌တော်ဦးဝိဇာန ပျံလွန်‌တော်မူ

ကရင်‌တော်လှန်‌ရေးတွင် ဘုန်းကြီးရမ်ဘိုဟု ထင်ရှားသူ ဆရာ‌တော်ဦးဝိဇာန ပျံလွန်‌တော်မူ

2207

ဇန်နဝါရီ ၁ဝရက်၊ ၂၀၁၇ခုနှစ်။ ‌စောသိန်းမြင့်

ကရင်‌တော်လှန်‌ရေး ဘုန်းကြီးဟု ထင်ရှား‌နေသူ ဘုန်းကြီးရမ်ဘို (ဆရာ‌တော် ဦးဝိဇာန) သက်‌တော် ၇၅နှစ်၊ ဝါ‌တော် ၅၆ဝါသည် ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၉ရက်‌နေ့တွင် မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့ရှိ ‌ငွေမိုး‌ဆေးရုံ၌ ည‌နေ ၅နာရီ ၂ဝမိနစ်အချိန်တွင် လူကြီး‌ရောဂါ ဖြင့် ပျံလွန်‌တော်မူသွားခဲ့သည်ဟု သိရသည်။

ဆရာ‌တော် ဦးဝိဇာနသည် ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ နာမကျန်းဖြစ်ပွား၍ ‌ဝေမိုးအထူးကု‌ဆေးရုံ၌ ၁ဝရက်‌ကျော် ကြာ ‌ဆေးကုသမှု ခံယူ‌နေစဉ် ယခုလို ပျံလွန်‌တော်မူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆရာ‌တော်ဦးဝိဇာန၏ ရုပ်ကလပ်‌တော်ကို ညီ‌တော်ဖြစ်သူ ဦးဣန္ဒာသီရိ သီတင်းသုံးရာ ‌မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းရှိ ဥဒါဟရုဏ်‌ကျောင်းတိုက်တွင် ပြန်လည်ထားရှိသည် ဟု ညီ‌တော်ဖြစ်သူက မြွက်ကြားသည်။

ဦးဣန္ဒာသီရိက “သူ ပျံလွန်‌တော်မူအပြီးမှာပဲ ဘုန်းကြီးရဲ့ ‌ကျောင်းမှာ ရုပ်ကလပ်‌တော်ကို သယ်လာတယ်။ အခုလည်း ဘုန်းကြီး ရဲ့ ‌ကျောင်းတိုက်မှာပဲ ထားထားပါတယ်။ ‌ဆွေမျိုးအသိုင်းအဝိုင်းနဲ့ သူရဲ့ အသိမိတ်‌ဆွေ‌တွေ အားလုံးကို ဆိုင်ရာ ဆိုင်ရာက‌နေ အသိ‌ပေးမှု‌တွေ ဆက်လက် လုပ်‌ဆောင်‌နေပါတယ်။”ဟု ‌ကေအိုင်စီသို့ မြွက်ကြားသည်။

ဆရာ‌တော်ဦးဝိဇာနသည် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ နဘူး‌ကျေးရွာအုပ်စု အင်းရှည်(နို့ဖြူး)‌ကျေးရွာဇာတိဖြစ်ပြီး ‌မွေး ချင်းညီအစ်ကို ၅ဦးအနက် စတုတ္ထ‌မြောက်သားဖြစ်သည်။ ဆရာ‌တော်၏ ငယ်နာမည်မှာ ‌စောကဒယ်ဖိုးဖြစ်ပြီး သက်‌တော် ၁၅နှစ် တွင် ရှင်သာမ‌ဏေပြုကာ သက်‌တော် ၂ဝနှစ်တွင် ရဟန်းခံပြီး‌နောက် ရန်ကုန်မြို့သို့ ပညာ‌တော်သင်ယူပြီး ဓမ္မကထိကဘွဲ့ကို ရယူခဲ့သည်။

၁၉၈၂ခုနှစ်ကာလတွင် ‌နေရပ်သို့ ‌ခေတ္တပြန်လာ‌နေထိုင်ပြီး ထိုကာလက ကရင်‌တော်လှန်‌ရေးနယ်‌မြေအတွင်း၌ သာသနာပြန့်ပွား ‌ရေးလုပ်ငန်းကို လုပ်‌ဆောင်ခဲ့ရာတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ဆက်သွယ်သည်ဟုဆိုကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်(မဆလ)‌ခေတ်၌ အစိုးရ၏ ဖမ်းဆီး‌ထောင်ချခြင်းကို ခံခဲ့ရ‌သေး‌ကြောင်း သိရသည်။

ဆရာ‌တော်သည် KNU ဗဟို ဌာနချုပ်‌ဟောင်း မာနယ်ပ‌လော၊ ဒူးပလာယာခရိုင်အပြင် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းနှင့် မဲ‌ဆောက်မြို့များတွင် သီတင်းသုံး‌နေထိုင်ခဲ့ဖူးသည်။ ‌တော်လှန်‌ရေးကာလ တိုက်ပွဲအ‌ခြေအ‌နေ ပြင်းထန်သည့်အချိန်တွင် ခါးကြား၌ ‌သေနတ်ထိုး၍ တပည့်နှင့် သံဃာ‌တော်များနှင့်အတူ သွားလာလှုပ်ရှားခဲ့သဖြင့် ဘုန်းကြီးရမ်ဘိုဟု လူသိများခဲ့သလို ကွယ်လွန်သူ KNU ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောဘိုမြ၏ မိတ်‌ဆွေရင်းတစ်ဦးလည်း ဖြစ်သည်။

ထို့အပြင် ‌ဗေဒင်လက္ခဏာ‌ဟောခြင်း၊ ‌ဆေးကုမှု အတတ်ပညာနှင့် ‌ဒေသတွင်း အ‌ဆောင်လက်ဖွဲ့ အတတ်ပညာရပ်များကို နား လည်တတ်ကျွမ်းသည့် ဆရာ‌တော်တစ်ပါးဟူ၍ ၎င်းသီတင်းသုံးရာ အရပ်‌ဒေသအရပ်ရပ်တွင် ကြည်ညိုကိုးကွယ်သူ များပြား သည့် ဘုန်း‌တော်ကြီးတစ်ပါးဖြစ်သည်ဟု သိရသည်။

KNU ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းက “သူက ဘုန်းကြီးတစ်ပါးဖြစ်‌ပေမယ့် ကရင့်အမျိုး သားအ‌ရေးနဲ့ ပတ်သက်လာရင် ကြိုးစားရုန်းကန် ‌ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ KNU က‌နေ DKBA ခွဲထွက်မသွားခင်မှာ မဖြစ်သင့်တာ မဖြစ်ရ‌အောင် သူ့အ‌နေနဲ့ အ‌တော် အားထုတ်ကြိုးစားခဲ့တာ‌တွေ ရှိတယ်။ အခု သူ ပျံလွန်‌တော်မူသွားတာဟာ ကရင်အမျိုးသားအ‌ရေး ‌ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဆုံးရှုံးခဲ့ရသလို ခံစားရတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဦးဝိဇာန ပျံလွန်‌တော်မူချိန်တွင် ညီ‌တော် ဦးဣန္ဒာသီရိ သက်‌တော် ၇ဝနှစ်၊ ဝါ‌တော် ၅၀ဝါ တစ်ပါး ကျန်ရစ်ခဲ့ပြီး ၎င်း၏ ရုပ်ကလပ် ‌တော်ကို ဇန်နဝါရီလ ၁၆ရက်‌နေ့၊ မွန်းလွဲ ၁နာရီအချိန်တွင် ‌မော်လမြိုင်မြို့ ရှမ်းစုရပ်၊ ဒိုင်းဝန်ကွင်းရှိ သချႋုင်းကုန်းတွင် မီးသၤဂြိုလ်မည် ဖြစ်သည်။