Home သတင်း MGEU၏ ၂၀၁၆ခုနှစ် Humanitarian Award ဆုကို ကရင်လူငယ် စလုံ့ဖန်းအား ‌ရွေးချယ်ချီးမြှင့်

MGEU၏ ၂၀၁၆ခုနှစ် Humanitarian Award ဆုကို ကရင်လူငယ် စလုံ့ဖန်းအား ‌ရွေးချယ်ချီးမြှင့်

1477

ဒီဇင်ဘာ ၄ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

က‌နေဒါနိုင်ငံ Manitoba (မနီတိုးဘား)ခရိုင်ရှိ အလုပ်သမားသမဂ္ဂတစ်ခုဖြစ်သည့် Manitoba Government and General Employee’s Union MGEU မှ ၂၀၁၆ ခုနှစ်အတွက် လူသားချင်းစာနာမှု Humanitarian Awardဆုကို က‌နေဒါနိုင်ငံတွင် ‌ရောက်ရှိအ‌ခြေချ‌နေထိုင်သည့် ကရင်လူငယ်တစ်ဦးဖြစ်သူ စလုံ့ဖန်းအား ‌ရွေးချယ်ချီးမြှင့်လိုက်‌ကြောင်း သိရသည်။

MGEU၏ ‌ကော်မတီတစ်ခုဖြစ်သည့် Equality and Human Right Commtteeမှ စလုံ့ဖန်း၏ လုပ်‌ဆောင် ချက်များဖြစ်သည့် က‌နေဒါနိုင်ငံတွင် ‌ရောက်ရှိ‌နေသည့် ဒုက္ခသည်များအ‌ရေးနှင့် အလုပ်သမား‌ရေးရာများ တွင် တက်ကြွစွာ ပါဝင် လှုပ်ရှားမှုများအတွက် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၃ရက်‌နေ့က ယင်းဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

စလုံ့ဖန်းက “ကျ‌နော်အ‌နေနဲ့ ကရင်ဒုက္ခသည်ဘဝက‌နေ ဘယ်‌နေရာမှာပဲ ‌ရောက်‌နေပါ‌စေ ကြိုးစားကြမယ် ဆိုရင် ဒီလိုဖြစ်လာနိုင်တယ်ဆိုတာကို အနာဂတ် ကရင်လူငယ်‌တွေကို သိ‌စေချင်ပါတယ်။ အထူးသဖြင့် အဖိနှိပ်ခံရတဲ့ဘဝက‌နေလွတ်‌မြောက်ဖို့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် ကရင်လူငယ်‌တွေ ဒီထက် ပိုပြီးလှုပ်ရှားကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု‌ပြောသည်။

ဆုရရှိသူ စလုံ့ဖန်းမှာ ကွယ်လွန်သွားပြီဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU ၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်း၏ သားငယ်တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်က ‌နေဒါနိုင်ငံတွင် ‌ရောက်ရှိအ‌ခြေချ‌နေထိုင်လျှက်ရှိကာ ကရင်အမျိုးသား‌ရေးရာကိစ္စများတွင် ပါဝင်လုပ် ‌ဆောင်‌နေသူ တစ်ဦလည်း ဖြစ်သည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများမှ ထွက်ခွာပြီး က‌နေဒါတွင် အ‌ခြေချ‌နေထိုင်သည့် ကရင် လူဦး‌ရေ ၅၀၀ဝ နီးပါးရှိ Karen Community of Canada အဖွဲ့၏ ဥက္ကဋ္ဌဖြစ်ပြီး ၎င်း၏ ဖခင်ပဒိုမန်း ရှာလား ဖန်းအတွက် ရည်ရွယ်ပြီး ထူးချွန်ကရင်လူငယ်များကို ‌ရွေးချယ်ချီးမြှင့်သည့် Phan Foundation ၏ ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည်။

စလုံ့ဖန်းအား ဆု‌ရွေးချယ်ချီးမြှင့်သည့် Manitoba Government and General Employee’s Union MGEU မှာ က‌နေဒါနိုင်ငံ Manitoba (မနီတိုးဘား)ခရိုင်တွင် အကြီးဆုံး အလုပ်သမား သမဂ္ဂတစ်ခုဖြစ်ပြီး အဆိုပါ Humanitarian Award လူသားချင်းစာနာမူ ဆုကို ၂နှစ်လျှင်တစ်ကြိမ်‌ရွေးချယ် ချီးမြှင့်ခြင်းဖြစ်‌ကြောင်း သိရသည်။

အလုပ်သမား‌ရေးရာကိစ္စများတွင် ကူညီ‌ဆောင်ရွက်‌ပေး‌နေသည့် ယင်းအဖွဲ့ကို ၁၉၅ဝ ခုနှစ်တွင် The Manitoba Government Employee’s Association MGEA အဖြစ်‌ခေါ်‌ဝေါ်ခဲ့ရာမှ ၁၉၉၂ ခုနှစ်တွင် ယခု လက်ရှိအမည်ဖြစ်သည့် Manitoba Government and General Employee’s Union MGEU အဖြစ်‌ပြောင်းလဲခဲ့ခြင်းဖြစ်သည်။