Home သတင်း KPSN အဖွဲ့ဝင်များပါဝင်သည့် ဖက်ဒရယ်မူဝါဒ‌ရေးရာ သင်တန်းပြုလုပ်

KPSN အဖွဲ့ဝင်များပါဝင်သည့် ဖက်ဒရယ်မူဝါဒ‌ရေးရာ သင်တန်းပြုလုပ်

1975

ဒီဇင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြု ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကွန်ရက်(KPSN) အရပ်ဖက်အဖွဲ့ဝင်များပါဝင်သည့် ဖက်ဒရယ်မူဝါဒ‌ရေးရာ သင်တန်းတစ်ခုကို ဥပ‌ဒေအ‌ထောက်အကူပြု ကွန်ရက်မှ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ တစ်‌နေရာတွင် ဒီဇင်ဘာ ၅ရက်မှ ၉ရက်‌နေ့အထိ သင်တန်း‌ပေးလျှက်ရှိသည်။

မြန်မာနိုင်ငံ၏ ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုစနစ်ကို ‌ပြောင်းလဲဦးတည်ရာ၌ တိုင်းရင်းသားများအတွက် ရှိသင့်ရှိထိုက် သည့် ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စုစနစ်၏ ကျင့်သုံးမှု ပုံစံနှင့်ဖက်ဒရယ်စနစ်၌ အရပ်ဖက်များ၏ အခန်းကဏ္ဍများကို သိရှိနားလည်ရန် သင်တန်းကို ပြုလုပ်ခြင်းဖြစ်သည်ဟု KPSN ‌ပြောခွင့်ရ ‌စောသာမူးက ‌ကေအိုင်စီသို့ ယ‌နေ့ (ဒီဇင်ဘာ ၇ ရက်)တွင် ‌ပြောသည်။

“တစ်ခြားနိုင်ငံ‌တွေမှာ ကျင့်သုံးတဲ့ ဖက်ဒရယ်စနစ်က အမျိုးမျိုးရှိ‌နေတယ်။ ဒါ‌တွေကို ကျ‌နော်တို့က ‌လေ့လာ သင်ယူပြီး ‌တော့ ဘယ်တစ်ခုက ကျ‌နော်တို့နိုင်ငံနဲ့ကိုက်ညီမှုရှိမလဲဆိုတာက အ‌ရေးကြီးတယ်။ ဒါ‌ကြောင့် ပြည်တွင်း နယ်စပ်‌ဒေသ ‌တွေမှာလှုပ်ရှား‌နေတဲ့ ကရင်အရပ်ဖက်အဖွဲ့‌တွေအ‌နေနဲ့ ဒါ‌တွေကို ပိုမိုနားလည် သိရှိသင့်တယ်‌လေ” ဟု ၎င်းက ‌ပြောသည်။

ငါးရက်တာ ပြုလုပ်မည့် ယင်းသင်တန်းတွင် လူ့အခွင့်အ‌ရေးကို ဦးတည်သည့် ဖက်ဒရယ်စနစ် ‌ခေါင်းစဉ်ဖြင့် ဖက် ဒရယ်အယူဝါဒနှင့် ကျင့်သုံးမှုပုံစံများ၊ လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့်ဖက်ဒရယ်မူဝါဒ၊ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေနှင့် ဖက်ဒရယ်မူဝါဒ၊ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့်တရားမျှတ‌သော တရားစီရင်‌ရေး၊ ဖက်ဒရယ်နိုင်ငံ များ၏ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရဖွဲ့စည်းသည့်ပုံစံ၊ ဖက်ဒရယ်နှင့် ‌မြေယာ၊ သဘာဝရင်းမြစ်နှင့် သဘာဝပတ် ဝန်းကျင် အခန်းကဏ္ဍများကို အဓိက သင်တန်း‌ပေးသွားမည်ဟု သိရသည်။

ဥပ‌ဒေ အ‌ထောက်အကူပြုကွန်ရက်ကို ဦး‌ဆောင်သူ သင်တန်းဆရာ ဦး‌အောင်ထူးက “ဖက်ဒရယ်ရဲ့အ‌ခြေခံက နိုင်ငံ‌ရေးအာဏာကို ပိုရှာ‌ဖွေတာ။ ဒါ‌ပေမဲ့ နိုင်ငံ‌ရေးအာဏာချည်းပဲ ပို‌ဇောက်ချရှာ‌ဖွေတဲ့အခါကျ‌တော့ လူ့အခွင့် အ‌ရေးဘက်က ကင်းကွာ‌နေတယ်။ ဒါ‌ကြောင့် ဆရာတို့ချဉ်းကပ်တဲ့ဖက်ဒရယ်စနစ်က လူ့အခွင့်အ‌ရေးကို‌ဇောင်း ‌ပေးတဲ့စနစ်နဲ့ သင်ကြားပို့ချခြင်းဖြစ်တယ်။ ရည်ရွယ်ချက်က လူမှုအဖွဲ့အစည်း‌တွေသာမကပဲ တိုင်းရင်းသား‌ခေါင်း ‌ဆောင်‌တွေအ‌နေနဲ့ ဖက်ဒရယ်စနစ်ကို ချဉ်းကပ်တဲ့အခါမှာ လူ့အခွင့်အ‌ရေးအ‌ခြေခံက ချဉ်းကပ်သွား ‌စေချင် တယ်။ လူ့အခွင့်အ‌ရေး မရနိုင်ဘူးဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကိုမရနိုင်ဘူး”ဟု ‌ပြောသည်။
img_0006
အဆိုပါ သင်တန်းသို့ ပြည်တွင်း၊ နယ်စပ်အ‌ခြေစိုက် KPSN အဖွဲ့ဝင် အရပ်ဖက်အဖွဲ့အစည်းမှ ကိုယ်စားလှယ် (၂၀)‌ကျော်နှင့် မဟာမိတ်အဖွဲ့အချို့မှ ကိုယ်စားလှယ်များ အပါအဝင် စုစု‌ပေါင်း (၃၅)ဦး ပါဝင်တက်‌ရောက်ခဲ့ကြ သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ‌တောင်ငူခရိုင်ဥက္ကဋ္ဌ ပဒို‌စောအယ်ဝါးက “ ဖက်ဒရယ်စနစ်ကသွားမယ်ဆို ရင် ဥပ‌ဒေရှု‌ထောင့်က‌နေ သိသင့်သိထိုက်တာ‌တွေအများကြီးရှိပါတယ်။ အထူးသဖြင့် အုပ်ချုပ်‌ရေးကဏ္ဍမှာ ဘာ‌တွေ‌ဆွေး‌နွေးမလဲ။ ‌နောက်ပြီး ဖက်ဒရယ်နဲ့ကိုက်ညီ‌အောင် ဘယ်လို‌ပြောကြဆိုကြမလဲ ဆိုတာ ‌တော်‌တော်များများသိဖို့လိုတယ်။ ဒီက ရတဲ့အချက်‌တွေကိုလည်း ‌ဒေသဆိုင်ရာ‌ခေါင်း‌ဆောင်‌တွေနဲ့ ပြည်သူလူထု‌တွေကို ပြန်လည်‌ဝေမျှဖို့ လိုအပ်မယ်ဆိုလည်း ‌ဝေမျှသွားရမှာ‌ပေါ့။” ဟု ‌ပြောသည်။

KPSNကို (‌ကေအဲန်ယူ)နှင့် အစိုးရတို့ကြား ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်ကို အ‌ထောက်အ ကူပြုရန် ရည်ရွယ်ပြီး ၂၀၁၂ခုနှစ်၊ ဇူလိုင်လတွင် စတင်တည်‌ထောင်ခဲ့ရာ လက်ရှိ မြန်မာပြည်တွင်းနှင့် နယ်စပ်‌ဒေသရှိ ကရင်လူထု အ‌ခြေပြုအဖွဲ့အစည်း‌ပေါင်း ၂၉ဖွဲ့ပါဝင်သည်။ ၎င်းဖက်ဒရယ် မူဝါဒ ‌ရေးရာသင်တန်းကို KPSNမှ ပထမဦးဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်သည်။