Home သတင်း နှမ်းအထွက်‌ကောင်းပြီး ‌ဈေးကွက်ကျဆင်း‌သော‌ကြောင့် နှမ်းစိုက်‌တောင်သူများ အမြတ်စွန်းနည်း

နှမ်းအထွက်‌ကောင်းပြီး ‌ဈေးကွက်ကျဆင်း‌သော‌ကြောင့် နှမ်းစိုက်‌တောင်သူများ အမြတ်စွန်းနည်း

1506

ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုနှစ် နှမ်းစိုက်ရာသီအတွင်း နှမ်းစိုက်ဧက‌ပေါင်း ၂‌သောင်း‌ကျော်အထိ စိုက်ပျိုးလျက်ရှိရာ ယခု နှစ်တွင် နှမ်းအထွက်နှုန်း တိုးလာ‌သော်လည် အရင်နှစ်ကထက် နှမ်း‌ဈေးမှာ ကျဆင်း‌နေ‌သော‌ကြောင့် နှမ်းစိုက်‌တောင်သူများ အမြတ်အစွန်း နည်းပါးကာ အခက်ကြုံ‌နေရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှ နှမ်းစိုက်‌တောင်သူ ‌စောခင်‌မောင်က “ဒီနှစ် ရာသီဥတုက ပုံမှန်ဖြစ်‌နေ‌တော အရင်နှစ်ကထက် နှမ်းအထွက်တိုးတယ်။ နှစ်ဧကနီးပါး‌လောက် စိုက်ထားတယ်။ တင်းနှစ်ဆယ်‌လောက်‌တော ခန့်မှန်းထားတယ်။ ‌ဈေးမရှိ‌တော့ အလုပ်သမားစရိတ်‌တွေနဲ့ဆိုရင် အမြတ်စွန်းသိပ်မရဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အရည်အ‌သွေး‌ကောင်းမွန်‌သော ‌ဒေသအ‌ခေါ် ယိုးဒယားမဲနှမ်း(စမုံနက်မဲ) တစ်တင်းလျှင် ယခင်နှစ်က ကျပ် ၅၆၀၀၀‌ကျော်မှ ၄၆၀၀ဝကျပ်အထိ ကျဆင်းသွားသလို အခြားနှမ်းဖြစ်‌သော ‌ဒေသအ‌ခေါ် ‌တောင်ယာမဲ၊ လယ်ဖြု၊ လယ်မဲ၊ လယ်ကျား၊ နှမ်းအမျိုး အစားတို့လည်း ယခင်နှစ်က ၁တင်းလျင် ၄၀၀၀ဝ ဝန်းကျင် ‌ဈေးရှိပြီး ယခုနှစ် ၃၃၀၀ဝ ဝန်းကျင်သာရှိသဖြင့် အရင်နှစ်ကထက် နှမ်း‌ဈေး ၁၀၀၀ဝ ဝန်းကျင် ‌ဈေးကျဆင်းသွား‌ကြောင်း နှမ်းအဝယ်ဒိုင်ထံမှတဆင့် သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် ယခုနှစ် နိုဝင်ဘာလမှစ၍ ဒီဇင်ဘာလအထိ အဝယ်ဒိုင်အသီးသီးမှ ခန့်မှန်း‌ခြေ တင်း ၃‌သောင်းနီးပါးကို ‌မော်လမြိုင်၊ ရန်ကုန်၊ မန္တ‌လေး၊ ‌ဈေးကွက်သို့ တင်ပို့နိုင်ခဲ့‌ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ဆီကြိတ်လုပ် ငန်းရှင် ဦး‌အောင်မြင့်က ဒီဇင်ဘာလ (၁၅)ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီနှစ်မှာ ပဲ‌ရော၊ နှမ်း‌ရော ‌ဈေးကွက်ပျက်တယ်။ တရုတ်ဝယ်လိုအား နည်းလာတယ်။ တရုတ်လုပ်ငန်းရှင်‌တွေ အစိုးရက ‌ချေး‌ငွေ‌တွေ ရပ်ဆိုင်းလိုက်တယ်။ အထက်မြန်မာပြည်မှာ လယ်‌တွေငှားပြီး အရင်းနှီးထုတ်ပြီး‌တော့ ထုတ်ကုန်‌တွေကို ပြန်သယ် သွားတယ်။ ကိုယ်တိုင်ထုတ်လုပ်မှုကို ဦးစား‌ပေးလုပ်ကိုင်လာ‌တော့ ‌ဈေးကွက်‌ပြောင်းသွားတယ်”ဟု ဆီကြိတ်လုပ်ငန်းရှင် ဦး ‌အောင်မြင့်က ‌ပြောဆိုသည်။

မြို့နယ် လယ်ယာစိုက်ပျိုး‌ရေးဦးစီးဌာန ဦးစီးမှူး ဦးသက်လွင်၏ ‌ပြောဆိုထားချက်အရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နှမ်းစိုက် ဧက ၂‌သောင်း‌ကျော်ရှိပြီး ၎င်းမြို့နယ်အတွင်းရှိ ခလယ်.တံခွန်တိုင်၊ ဘုရားသုံးဆူ၊ ‌တောင်‌ပေါက်၊ အဇင်းဝင်းလုံ၊ ထီဖိုးသံ၊ ထို့ ‌ကော်ကိုး၊ သကင်္န်းညီ‌နောင်၊ ‌ကော့ကရိတ် စသည့်‌ဒေသများမှ နှမ်းစိုက်‌တောင်သူများမှာ အဝယ်ဒိုင်များထံသို့ တစ်ရက်လျှင် တင်း (၁၀၀)ခန့် လာ‌ရောက်‌ရောင်းချလျက်ရှိသည်ဟု နှမ်းအဝယ်ဒိုင်များက ‌ပြောသည်။

မြန်မာနိုင်ငံ၏ အဓိက နှမ်းထွက်ကုန်များကို အရည်အ‌သွေး‌ပေါ်မှုတည်ပြီး တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် ဥ‌ရောပသို့ တင်ပို့‌ရောင်း ချလျက်ရှိသည်ဟု နှမ်းအဝယ်ဒိုင်များ၏ ‌ပြောပြချက်အရ သိရသည်။