Home သတင်း မြိုင်ကြီးငူစစ်‌ရှောင်ဒုက္ခသည် ၅၀၀၀‌ကျော်အတွက် ‌နေ့စဉ်စားသုံးရန် သက်သတ်လွတ်သီးနှံလိုအပ်‌နေ

မြိုင်ကြီးငူစစ်‌ရှောင်ဒုက္ခသည် ၅၀၀၀‌ကျော်အတွက် ‌နေ့စဉ်စားသုံးရန် သက်သတ်လွတ်သီးနှံလိုအပ်‌နေ

1600

ဒီဇင်ဘာ၂၂ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူနှင့် မဲ့သ‌ဝေါ‌ဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ‌ကြောင့် မြိုင်ကြီးငူရှိ ‌ကျောက်စာတိုက်ဓမ္မာရုံနှင့် နှစ်သစ်ကူးကွင်းမှ ယာယီစစ်‌ဘေး‌ရှောင်စခန်းတွင် ခိုလှုံ‌နေထိုင်ကြသည့် ဒုက္ခသည် ၅၀၀၀‌ထောင် ‌ကျော်အတွက် ‌နေ့စဉ်စားသုံးရန် အသီးအနှံနှင့် သက်သတ်လွတ် အစားအ‌သောက်များ လိုအပ်လျှက်ရှိ‌ကြောင်း ယာယီစစ်‌ရှောင် စခန်း တာဝန်ရှိသူများထံမှ သိရသည်။

မြိုင်ကြီးငူ စစ်‌ရှောင်စခန်း ရိက္ခာနှင့် စား‌သောက်‌ရေး စီမံ‌ပေး‌နေသူ ဖူးစိန်က “တိုက်ပွဲဖြစ်စတုန်းက အလှူရှင်‌တွေ လာလှူတဲ့ဆန်၊ ဆီ‌တွေ‌တော့ ကျန်‌သေးတယ်။ အဓိကက‌တော့ ‌နေ့တိုင်း ချက်ပြုတ်ဖို့ ဟင်းအတွက်က အသီးအနှံ သက်သတ်လွတ် အစားအ ‌သောက်‌ပေါ့။ တစ်‌နေ့စာအတွက် မနည်းစု‌ဆောင်းပြီး ချက်‌နေရတယ်။ ဒါ‌ကြောင့် အသီးအနှံ‌တွေ လာလှူ‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ၎င်းယာယီစစ်‌ရှောင်စခန်းတွင် တိုက်ပွဲစတင်ဖြစ်ပွားချိန်က စစ်‌ဘေး‌ရှောင်‌နေရာများသို့ ကရင်ပြည်နယ် ‌ဒေသတွင်း၊ မြန် မာနိုင်ငံ၏ ‌ဒေသအသီးသီးမှ လာ‌ရောက်လှူဒါန်းသူများ၊ ပရဟိတအဖွဲ့များ၊ အစိုးရ၊ ‌ဒေသတွင်း NGO အဖွဲ့များ၊ အရပ်ဖက်အဖွဲ့အ စည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း‌ပေါင်း ၅၀၀‌ကျော်ခန့် လာ‌ရောက်ကူညီလှူဒါန်း‌သော စား‌သောက်စရာများဖြင့် ဆက်လက် ‌ကျွေး‌မွေး‌နေပြီး ‌ဒေသ၏ စား‌သောက်မှုပုံစံအရ သက်သတ်လွတ်စား‌သောက်စရာနှင့် အသီးအနှံများ လိုအပ်‌နေခြင်းဖြစ်သည်။

လှိုင်းဘွဲမြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ အမည်မ‌ဖော်လိုသူ တာဝန်ရှိသူတစ်ဦးက “စခန်းအတွက်က‌တော့ အ‌ခြေခံ စား‌သောက်ကုန်‌တွေဖြစ်တဲ့ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် စားကုန်‌တွေ‌တော့ ပံ့ပိုး‌ပေးတာ ရှိ‌နေပါတယ်။ ကျ‌နော်တို့ တာဝန်ပိုင်း အရ ဌာနရဲ့လုပ်ငန်း‌တွေ ပြန်လုပ်‌ပေး‌နေရ‌ပေမယ့် စစ်‌ရှောင်‌တွေကိစ္စကိုလည်း ဌာနဆိုင်ရာနဲ့ ကျန်းမာ‌ရေးဝန်ထမ်း‌တွေ ဆက် လက် ကူညီ‌စောင့်‌ရှောက်‌ပေး‌နေပါတယ်။”ဟု ဆိုသည်။

၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂ရက်‌နေ့က စတင်သည့် မဲ့သ‌ဝေါ‌ဒေသတွင်း အစိုးရတပ်မ‌တော်၊ နယ်ခြား‌စောင့်တပ်-BGF ပူး‌ပေါင်း တပ်များနှင့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှု ‌ကြောင့် ‌ဒေသတွင်း ‌ကျေးရွာ ၂၀‌ကျော်မှ ‌နေရပ်စွန့်ခွာ ခိုလှုံ‌နေကြရ‌သော စစ်‌ရှောင်ဒုက္ခသည် တစ်‌သောင်းခန့် ထိုင်းနိုင်ငံနယ် စပ်၊ ‌ကျေးရွာများနှင့် မြိုင်ကြီးငူ‌ဒေသမှ ယာယီစစ်‌ရှောင်စခန်းနှစ်ခုတွင် ယာယီခိုလှုံခဲ့ရသည်။

မြိုင်ကြီးငူတွင် စစ်‌ရှောင်‌နေထိုင်သူဦး‌ရေ ယခင်က ၆‌ထောင်‌ကျော် စာရင်းရှိ‌သော်လည်း တိုက်ပွဲများငြိမ်သက်လာချိန်တွင် ကျုံ ‌ထော်‌ရေတံခွန် အနီးဝန်းကျင်‌ကျေးရွာများတွင် ‌နေထိုင်ကြသည့် စစ်‌ဘေး‌ရှောင်တစ်ချို့မှာ ‌နေရပ်သို့ ပြန်လည် အ‌ခြေချ‌နေထိုင်မှု များလည်းရှိ‌သော်လည်း ကျုံ‌ထော်‌ရေတံခွန် အထက်ပိုင်း‌ကျေးရွာများတွင် ‌နေထိုင်ကြသည့် ‌ဒေသခံများမှာ ယ‌နေ့အထိ ‌နေအိမ်မ ပြန်နိုင်‌သေးဘဲ ရှိ‌နေသည်။

ယင်း‌ဒေသခံ‌ပေါင်း ၅၀၀၀‌ကျော်မှာ ၎င်းတို့‌ဒေသ၌ အစိုးရတပ်မ‌တော်နှင့် ပူး‌ပေါင်းတပ်ဖွဲ့များက ‌နေရာယူထားခြင်း၊ မိုင်းအန္တရာယ် နှင့် မြိုင်ကြီးငူဆရာ‌တော်ကြီး ဥူး(ဦး)သုဇန၏ ‌နေရပ်ပြန်‌ရေး မိန့်မှာမြွက်ကြားမှု မရှိ‌သေးခြင်းများ‌ကြောင့် စစ်‌ရှောင်ပြည်သူများ မှာ ဆက်လက် ‌နေထိုင်‌နေခြင်းဖြစ်သည်ဟု စစ်‌ရှောင်အ‌ရေး ကူညီ‌ပေး‌နေသူများထံမှ သိရသည်။