Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လျှပ်စစ်မီးရရှိနိုင်ရန် မြို့နယ်လျှပ်စစ်က ‌ဆောင်ရွက်လျှက်ရှိ

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လျှပ်စစ်မီးရရှိနိုင်ရန် မြို့နယ်လျှပ်စစ်က ‌ဆောင်ရွက်လျှက်ရှိ

1765

ဒီဇင်ဘာ ၁၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လျှပ်စစ်မီး အမြန်ဆုံးရရှိနိုင်‌အောင် မီးတိုင်စိုက်ထူခြင်း၊ မီးကြိုးသွယ်တန်းမှု များ လုပ်‌ဆောင်လျှက်ရှိရာ လက်ရှိတွင် ၉ဝရာခိုင်နှုန်း ပြီးစီး‌နေပြီဟု မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ တာဝန်ခံ ဦးအုန်းထွန်းက ဒီဇင်ဘာလ ၁၂ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ်၊ ‌ချောင်းနှစ်ခွမှ (၆၆.‌ကေဗီ)ဓာတ်အားလိုင်းမှ တစ်ဆင့် ကြာအင်းဆိပ်ကြီးမြို့‌ပေါ်နှင့် မြို့၏ ၁ဝမိုင်ပတ်လည်တွင် လျှပ်စစ်မီးရရှိ‌အောင် (၂၀၁၅-၂၀၁၆)ခုနှစ်က မီးတိုင်စိုက်ထူခြင်း၊ မီးကြိုးသွယ်တန်းမှုများကို စတင်လုပ်‌ဆောင်ခြင်းဖြစ်ပြီး လာ မည့် ၂၀၁၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလတွင် ပြီးစီးရန် လျာထားသည်ဟု လျှပ်စစ်အင်ဂျင်နီယာ တာဝန်ခံ ဦးအုန်းထွန်းက ‌ပြောသည်။

“ဓာတ်အားစနစ်မဝင်ခင် ကြိုတင်လုပ်တဲ့စနစ်အ‌နေနဲ့ ရွာ‌တွေမှာ ဓာတ်အားလိုင်းတည်‌ဆောက်တဲ့ လုပ်ငန်းလုပ်‌နေတယ်။ (၁၀mw)မဂ္ဂါဝပ်ရှိ ဓာတ်အားခွဲရုံကို ကြာအင်းဆိပ်ကြီးမြို့မှာ တစ်ရုံထားမယ်။ ၂၀၁၇-၁၈မှာ (၅mw)မဂ္ဂါဝပ်ရှိ ဓာတ်အားခွဲရုံ တစ်ရုံကို ကျုံခဝန်ရွာမှာ ‌ဆောက်ဖို့ တင်ပြထားပြီး”ဟု ၎င်းတာဝန်ခံက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် (၂၀၁၇-၁၈)ဘတ်ဂျက် လျာထားချက်တွင် (၆၆၀၀၀)ဗို့အားလိုင်းမှ တစ်ဆင့် ဆယ်မိုင်ပတ် လည်အတွင်း ‌ကျေးရွာသို့ (၁၁၀၀၀)ဗို့အားနှင့် ဖြန့်ဖြူး‌ပေးသွားမည်ဖြစ်ပြီး ကျုံခဝန်‌ကျေးရွာတွင် တည်‌ဆောက်မည့် ဓာတ်အားခွဲ ရုံးကို မွန်ပြည်နယ် အဘစ်‌ကျေးရွာ (၃၃.‌ကေဗီ)ရှိ ဓာတ်အားလိုင်းဖြင့် ချိတ်ဆက်နိုင်ရန် တင်ပြထားသည်ဟုလည်း ဦးအုန်းထွန်း က ဆက်‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့မှ ဆီကြိတ်လုပ်ငန်းရှင် ဦး‌အောင်မြင့်က “လျှပ်စစ်ရရှိဖို့ ‌မျှော်လင့်ပါတယ်။ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ စိုက်ပျိုး ‌ရေး၊ လူ‌နေမှုအဆင့်အတန်း‌တွေ အများကြီး‌ကောင်းသွားမယ်။ စီးပွား‌ရေးတွက်‌ခြေကိုက်မှုနဲ့ လုပ်ငန်းထုတ်လုပ်မှုအပိုင်းမှာ ‌သေ ချာတဲ့စွမ်းအင် ရရှိဖို့လိုမယ်။ အလှည့်ကျစနစ်နဲ့‌ပေးမယ်ဆိုရင် ယန္တရားလည်ပတ်မှု အခက်အခဲရှိနိုင်ပါတယ်”ဟု ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့တွင် လက်ရှိ ဒီဇယ်ဓာတ်အား‌ပေးစနစ်ဖြင့် တစ်‌နေ့သုံးနာရီသာ လျှပ်စစ်မီးရရှိပြီး ကိုယ်ထူကိုယ်ထ မီးစက်၊ ဆိုလာပြားနှင့် ဖ‌ယောင်းတိုင်မီးဖြင့် သုံးစွဲ‌နေရသည်ဟု သိရသည်။