Home သတင်း ပြည်နယ်‌ကျောင်းများတွင် လိုအပ်‌နေသည့် ဆရာ၊ဆရာမ ဖြည့်စွက်‌ရေး ပြန်ဆန်းစစ်မည်ဟု ပညာ‌ရေးဝန်ကြီး‌ပြော

ပြည်နယ်‌ကျောင်းများတွင် လိုအပ်‌နေသည့် ဆရာ၊ဆရာမ ဖြည့်စွက်‌ရေး ပြန်ဆန်းစစ်မည်ဟု ပညာ‌ရေးဝန်ကြီး‌ပြော

1820

ဒီဇင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ကရင်ပြည်နယ်အတွင်း ‌ကျောင်းဆရာ/ဆရာမ လိုအပ်‌နေသည့် အစိုးရစာသင်‌ကျောင်းများတွင် ဆရာ/ဆရာမ ဖြည့်စွက်‌ပေးနိုင် ‌ရေးအတွက် ပြန်ဆန်းစစ်မည်ဟု ယမန်‌နေ့ (ဒီဇင်ဘာ ၅ရက်)က ကျင်းပသည့် အမျိုးသားလွှတ်‌တော်အစည်းအ‌ဝေး၌ ပညာ‌ရေး ဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးဝင်း‌မော်ထွန်းက ‌ပြောသည်။

အဆိုပါ ကိစ္စကို ဒုတိယအကြိမ် အမျိုးသားလွှတ်‌တော်၊ တတိယပုံမှန်အစည်းအ‌ဝေးတွင် ကရင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် ၄၊ အမျိုးသား လွှတ်‌တော်ကိုယ်စားလှယ် နန်းမိုးမိုး‌ထွေးက ပြည်နယ်အတွင်း ဆရာ/ဆရာမ မလုံ‌လောက်သည့် ‌ကျောင်းများတွင် ‌နေ့စားလ‌ပေး ဆရာ/ဆရာမများ ထပ်မံ ခန့်အပ်နိုင်ခြင်း ရှိ၊ မရှိနှင့် ဘွဲ့ရများအပြင် ဘွဲ့မရ‌သေးသည့် ‌ဒေသခံအစစ်များကို ဦးစား ‌ပေး ‌ရွေးချယ်ရန် ရှိ၊ မရှိ ‌မေးမြန်းမှုအ‌ပေါ် ဒုဝန်ကြီးက ‌ဖြေကြားရာတွင် ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “ကရင်ပြည်နယ်အတွင်း ပထမအကြိမ်၊ ဒုတိယအကြိမ် ‌နေ့စား လ‌ပေး ဆရာ/ဆရာမများ ဖြည့်စွက်ရာတွင်လည်း ‌ဒေသခံ များကို ဦးစား‌ပေး ‌ခေါ်ယူခဲ့ရာ အ‌ရေအတွက် များသည့်‌နေရာတွင်များပြီး၊ နည်း‌သော‌နေရာများတွင် ဆရာ/ဆရာမများ ဖြည့်စွက် နိုင်ဖို့ ကျ‌နော်တို့ ပြန်လည် ဆန်းစစ်သွားမယ်”ဟု ပြန်လည် ‌ဖြေကြားခဲ့သည်။

ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်‌ရေး ခက်ခဲ‌သော ‌ဝေးလံ‌ဒေသများရှိ အစိုးရ‌ကျောင်းများတွင် ဆရာ/ဆရာမ မလုံ ‌လောက်မှု မကြာခဏဖြစ်‌ပေါ်‌နေသလို ဖြည့်စွက်‌ပေး‌ရေး ‌တောင်းခံရာတွင်လည်း အားနည်းချက်များစွာရှိ‌နေသည်ကို ‌တွေ့ရ သည်ဟု ပြည်နယ်၊ ကရင်စာ‌ပေဖွံ့ဖြိုးတိုးတက်‌ရေးအသင်း ဥက္ကဋ္ဌ ‌စော‌အေးမြက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်၌ ‌ကျောင်း‌ပေါင်း ၁,၇၁၅‌ကျောင်းနှင့် ဆရာ/ဆရာမ စုစု‌ပေါင်း ၁၂,၆၈၅ ဦးရှိကာ ‌ကျောင်းသား စုစု ‌ပေါင်း ၃၀၉,၂၇၉ဦး ပညာသင်ကြား‌နေပြီး ၂၀၁၆ တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် ပြည်နယ်‌အောင်ချက်မှာ ၂၇.၁၅ ရာခိုင်နှုန်းသာရှိ သည့်အတွက် တစ်နိုင်ငံလုံး‌အောင်ချက်ရာခိုင်နှုန်းထက် ၂ရာခိုင်နှုန်း‌ကျော် ‌လျော့နည်း‌နေ‌ကြောင်း ပညာ‌ရေးဋ္ဌာနမှ သိရသည်။