Home သတင်း ပြည်နယ်အတွင်း ကာကွယ်‌ဆေးထိုးခြင်းကို အစိုးရကျန်းမာ‌ရေးဌာနနှင့် KDHW ပူးတွဲလုပ်‌ဆောင်မည်

ပြည်နယ်အတွင်း ကာကွယ်‌ဆေးထိုးခြင်းကို အစိုးရကျန်းမာ‌ရေးဌာနနှင့် KDHW ပူးတွဲလုပ်‌ဆောင်မည်

1698

ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေများ အပါအဝင် ‌ဒေသစုံ ကျန်းမာ‌ရေးအတွက် ကာကွယ်‌ဆေး ၁ဝမျိုး ထိုး ‌ပေးခြင်းလုပ်ငန်းကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန(KDHW)နှင့် အစိုးရဘက်၊ ပြည်နယ်ကျန်းမာ‌ရေးဌာနတို့ ပူးတွဲ လုပ်‌ဆောင်သွားမည်ဟု နှစ်ဖက် တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အတွင်း ကာကွယ်‌ဆေးထိုးသည့် လုပ်ငန်းအရှိန်အဟုန်မြှင့် ‌ဆောင်ရွက်ရန်နှင့် ကာကွယ် ‌ဆေး မ‌ရောက်ရှိ‌သေးသည့် ခက်ခဲ‌ဒေသရှိ လူအုပ်စုတိုင်းဆီသို့ ကာကွယ်‌ဆေးထိုးလုပ်ငန်း ‌ရောက်ရှိ‌စေရန် စတင်လုပ်‌ဆောင် မည့်အစီအစဉ်များ အသိ‌ပေးခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၄ရက်‌နေ့တွင် ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

KDHW တာဝန်ခံတစ်ဦးဖြစ်သူ ‌ဒေါက်တာမာတာက “ကျ‌နော်တို့ တနိုင်ငံထဲမှာ‌နေတဲ့အတွက်‌ကြောင့် ကျန်းမာ‌ရေးစနစ်တစ်ခုထဲ ဖြစ်ရမယ်။ ဒါ‌ပေမဲ့ အ‌ကောင်ထည်‌ဖော်တဲ့‌နေရာမှာ သူ့‌ဒေသနဲ့သူ ဝိုင်းဝန်း‌ဖော်‌ဆောင်ခြင်းအားဖြင့် ဝိုင်းဝန်းလွှမ်းခြုံပြီး ပြည်သူလူ ထုအားလုံးဆီကို ‌ရောက်ဖို့အစီအစဉ်နဲ့ လုပ်မှာဖြစ်တယ်။ အစိုးရကျန်းမာ‌ရေး ဝန်‌ဆောင်မှုမှန်သမျှ မ‌ရောက်တဲ့‌နေရာမှာဆိုရင် KNU ကျန်းမာ‌ရေးနဲ ့ကယ်ဆယ်‌ရေးဝန်ထမ်း‌တွေက တာဝန်ယူ ကွက်လပ်ဖြည့်သွားမှာကို အသိ‌ပေးတဲ့သ‌ဘောဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ အားကစားနှင့် ကျန်းမာ‌ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် ကာကွယ်‌ဆေး ၁ဝမျိုးရှိပြီး ယင်းကာကွယ်‌ဆေးထိုးသည့် လုပ်ငန်းကို ၂၀၁၇ခုနှစ်တွင် အရှိန်မြှင့် လုပ်‌ဆောင်‌ပေးသွားမည်ဖြစ်ကာ ဂျပန်ဦး‌နှောက်‌ရောင် ‌ရောဂါကာကွယ်‌ဆေးနှင့် ဝမ်းပျက် ဝမ်း‌လျှောကာကွယ်‌ဆေး ၂မျိုးကိုပါ ထပ်တိုး၍ ထိုး‌ပေးသွားရန်ရှိသည်ဟု အဆိုပါအခမ်းအနားတွင် အသိ‌ပေး‌ပြောဆိုခဲ့သည်။

၎င်းအခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ကျန်းမာ‌ရေးဌာနတာဝန်ရှိသူများ၊ ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေး ဌာန တာဝန်ရှိသူများနှင့် ကျန်းမာ‌ရေးလုပ်သားများ စုစု‌ပေါင်း ၁၀ဝနီးပါး တက်‌ရောက်ခဲ့သည်။

ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူး၊ ‌ဒေါက်တာထွန်းမင်းက “‌ဒေသတိုင်း ကာကွယ်‌ဆေး‌ရောက်ဖို့ အခု တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့‌တွေကို ကာကွယ်‌ဆေးထိုးတဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး သင်တန်း‌တွေ‌ပေးတယ်။ လိုအပ်တဲ့ အ‌ထောက်အကူ ‌တွေ ‌ပေးတယ်။ အခုလှှိုင်းဘွဲ နဲ့ ကြာအင်းဆိပ်ကြီး‌တွေမှာ စမယ်။ ပြီး‌တော့ ကရင်ပြည်နယ်မှာရှိတဲ့ ရွာတိုင်း က‌လေးငယ်တိုင်း ကာကွယ်‌ဆေးရရှိဖို့ UN ၊ INGO အပါအဝင် အဖွဲ့အစည်းတိုင်းနဲ့ ညှိနှှိုင်းပြီးတိုးချဲ့ ‌ဆောင်ရွက်မှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အရှိန်မြှင့် ကာကွယ်‌ဆေးထိုးမည့် အစီအစဉ်တွင် ပြင်းထန်တီဘီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ ‌မေးခိုင်၊ အသည်း‌ရောင်အသားဝါ (ဘီ)၊ ဦး‌နှောက် အ‌မြှေး‌ရောင်၊ ပြင်းထန် အဆုတ်‌ရောင်၊ ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုး စသည့်‌ရောဂါများ ပါဝင်မည်ဖြစ်သည်။

KNU ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာနအ‌နေဖြင့် ယခင် အစိုးရ လက်ထက်ကတည်းက အစိုးရ ကျမ်းမာ‌ရေးဌာနနှင့် ပူးတွဲ လုပ်ငန်းများ လုပ်ကိုင်ခဲ့ဖူးသလို အစိုးရသစ်လက်ထက်တွင် အရှိန်မြှင့် ဆက်လုပ်‌ဆောင်သွားမည်ဖြစ်ပြီး ကရင်ပြည်နယ် KNU ထိန်းချုပ် နယ်‌မြေများတွင် ကာကွယ်‌ဆေးထိုးလုပ်ငန်း ‌အောင်မြင်ပါက ပဲခူး၊ တနသင်္ာရီထိုင်း‌ဒေသကြီးနှင့် မွန်ပြည်နယ်များရှိ KNU ထိန်းချုပ်နယ်‌မြေ အားလုံးတွင် ဆက်တိုးချဲ့ လုပ်‌ဆောင်ရန် အစီစဉ်ရှိသည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

၂၀၁၆ မိုုးတွင်းကာလတွင် ကရင်ပြည်နယ်ရှိ ‌ဒေသအချို့၌ ဂျပန် ဦး‌နှောက်‌ရောင်‌ရောဂါ ကာကွယ်‌ဆေး မထိုးထားသည့် က‌လေး ငယ်များ ‌ရောဂါဖြစ်ပွားကာ ‌သေဆုံးမှုများရှိခဲ့သလို အချို့ ဦး‌နှောက်နှင့် ခန္ဓာကိုယ်ချို့ယွင်းမှုများ ကြုံ‌တွေ့ခဲ့ရသည်ဟု ‌ဒေသခံ များထံမှ သိရသည်။