Home သတင်း ‌မြေယာကိစ္စရပ်များကို ပူး‌ပေါင်း‌ဖြေရှင်းနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ဝင်နှင့် KNUတို့ ‌တွေဆုံ‌ဆွေး‌နွေးခဲ့

‌မြေယာကိစ္စရပ်များကို ပူး‌ပေါင်း‌ဖြေရှင်းနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ဝင်နှင့် KNUတို့ ‌တွေဆုံ‌ဆွေး‌နွေးခဲ့

1681

ဒီဇင်ဘာ ၉ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး KNU အ‌နေဖြင့် ဖြစ်‌ပေါ်‌နေဆဲနှင့်ဖြစ်‌ပေါ်လာမည့် ‌မြေယာပြဿနာများနှင့် ပတ် သက်ပြီး ပူး‌ပေါင်း‌ဆောင်ရွက်‌ဖြေရှင်းနိုင်‌ရေးအတွက် နိုဝင်ဘာ ၆ရက်‌နေ့က ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် အချို့နှင့် ပြည်နယ်အစိုးရရုံး၌ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ‌အောင်လွင်၊ စိုက်ပျိုး၊ ‌မွေးမြူ‌ရေး နှင့် ဆည်‌မြောင်းဝန်ကြီး ‌စောမြင့်ဦးအပြင် ဋ္ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် KNU တွဲဖက်အတွင်း‌ရေးမှူး (၂)ပဒိုမန်းမန်းမန်း၊ သစ်‌တောဋ္ဌာနတာဝန်ခံ ပဒိုမန်းဘထွန်းတို့ဦး‌ဆောင်သည့် KNUကိုယ်စားလှယ်အဖွဲ့တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

ယင်း‌တွေ့ဆုံမှုအ‌ပေါ် ပဒိုမန်းမန်းမန်းက “‌တွေ့ဆုံရတာက‌တော့ အဓိကအချက် ၂ချက်ရှိပါတယ်။ ‌မြေ ယာပြဿ နာကို ဘယ်လိုပူး‌ပေါင်း‌ဖြေရှင်းမလဲဆိုတဲ့တစ်ချက်နဲ့ အစိုးရမှာရှိတဲ့ ‌မြေယာမူဝါဒနဲ့ ကျ‌နော် တို့ရဲ့‌မြေ ယာမူဝါဒ ‌တွေကို မူဝါဒအရ ညှိနှိုင်း‌ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ဒီဇင်ဘာ ၈ရက်‌နေ့က ‌ပြော သည်။

ထိုသို့‌တွေ့ဆုံရာတွင် ‌ဖော်ပြပါ အချက် ၂ချက်ကိုသာ အဓိကထား‌ဆွေး‌နွေးခဲ့ကြပြီး ‌မြေယာပြဿနာကိစ္စရပ်များ ကို နှစ်ဦးနှစ်ဖက်လုပ်ငန်းအရ ညှိနှိုင်း‌ဆောင်ရွက်နိုင်‌ရေးအတွက် လာမည့်ဇန်နဝါရီလအတွင်း အလုပ်ရုံ ‌ဆွေး‌နွေးပွဲကဲ့သို့‌သော နည်းလမ်းများဖြင့် ဆက်လက် လုပ်‌ဆောင်သွား‌ရေး သ‌ဘောထားများ ရရှိခဲ့‌ကြောင်း လည်း ပဒိုမန်းမန်းမန်းက ဆက်‌ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)ကို KNU လက်မှတ်‌ရေးထိုးပြီး‌နောက် ‌မြေ ယာကိစ္စနှင့်ပတ်သက်ပြီး
KNUနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်အချို့တို့၏ ပထမအကြိမ် အလွတ်သ‌ဘောမျိုး‌တွေ့ ဆုံ‌ဆွေး‌နွေးခြင်းဖြစ်သလို ‌မြေယာကိစ္စများအပြင် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုကိစ္စရပ်များကိုပါ ထည့်သွင်း ‌ဆွေး ‌နွေးခဲ့ကြ‌ကြောင်း သိရသည်။

ကရင်ပြည်နယ် စိုက်ပျိုး၊ ‌မွေးမြူ‌ရေးနှင့်ဆည်‌မြောင်းဝန်ကြီး ‌စောမြင့်ဦးက“ ဒီလိုတစ်ဖက်နဲ့ တစ်ဖက်‌တွေ့ကြ ‌တော့လည်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေမှာ တိုးတက်မှုရှိလာတာ‌ပေါ့။ ‌မြေယာပြဿနာက ပြည်နယ် ထဲမှာလည်းရှိ တယ်။ အရမ်းလည်းကျယ်ပြန့်တယ်။ အခုက‌တော့ ဘာမှဆုံးဖြတ်ချက်ချတာမရှိဘူး။ အဲဒီ‌တော့ ‌နောက်ပိုင်းမှာ ပြန်‌တွေ့ကြပြီး‌တော့ အ‌သေးစိတ်ပြန်‌ဆွေး‌နွေးဖို့‌ပြောဆိုထားတာ‌တော့ရှိတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

NCA စာချုပ် အ‌ကောင်အထည်‌ဖော်မှုများအရ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် ထည့်သွင်း‌ဆွေး‌နွေးရမည့် ‌ခေါင်းစဉ်များဖြစ်သည့် နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ လုံခြုံ‌ရေးစသည်တို့အပြင် ‌မြေယာ နှင့်သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များမှာ ‌ဆွေး‌နွေးရမည့် ‌ခေါင်းစဉ် ၅ခုအနက် တစ်ခုအပါအဝင်ဖြစ် သည်။

ထို့အတူ လက်ရှိ ကရင်ပြည်နယ်အတွင်းနှင့် KNU နယ်‌မြေများတွင် ‌မြေယာအငြင်းပွားမှုပြဿနာများ၊ ‌မြေယာ သိမ်းဆည်းမှုပြဿနာများ ဖြစ်‌ပေါ်‌နေဆဲဖြစ်ပြီး KNUအ‌နေဖြင့် ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ အတွင်းက ‌မြေယာမူဝါဒတစ်ခုကို အတည်ပြု‌ရေးဆွဲကာ ၎င်းတို့နှင့် လက်လှမ်းမီရာ ကရင်‌ဒေသများတွင် ‌မြေယာမှတ်ပုံ တင်နှင့် တိုင်းထွာမှုများ ပြုလုပ်‌ပေးလျှက်ရှိ‌ကြောင်းလည်း သိရသည်။