Home သတင်း ‌အော်ရီဒူးဖုန်းတာဝါတိုင် မီးစက်သံနှင့်မိုးကြိုးစက်ကွင်းသင့်အန္တရာယ် အမြန်‌နေရာ‌ရွှေ့‌စေလို

‌အော်ရီဒူးဖုန်းတာဝါတိုင် မီးစက်သံနှင့်မိုးကြိုးစက်ကွင်းသင့်အန္တရာယ် အမြန်‌နေရာ‌ရွှေ့‌စေလို

2365

ဒီဇင်ဘာ ၂ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့ အထက(၁)‌ကျောင်းအနီးရှိ ‌အော်ရီဒူးတယ်လီဖုန်း တာဝါတိုင်၏ မီးစက်သံနှင့် မိုးကြိုးစက်ကွင်း သင့် အန္တရာယ်‌ကြောင့် ‌ဒေသခံနှင့် ‌ကျောင်းသားမိဘများ စိုးရိမ်မှုများ ဖြစ်‌ပေါ်‌နေသည့်အတွက် ပြည်နယ်အစိုးရအ‌နေဖြင့် ယင်း ကိစ္စအား အမြန်ဆုံး အ‌ရေးယူဖယ်ရှား‌ပေးရန် ‌ဒေသခံများက လိုလားလျက်ရှိ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က စတင်တည်‌ဆောက်ထားသည့် ‌အော်ရီဒူး တယ်လီဖုန်းဆက်သွယ်‌ရေးကုမ္ပဏီ၏ တာဝါတိုင်မှ ထွက် ‌ပေါ်လာသည့် မီးစက်တုန်ခါမှုနှင့် အသံ‌ကြောင့် အနီးရှိ ‌နေအိမ်အက်ကွဲမှုများအပြင် မိုးကြိုးစက်ကွင်းသင့်ခဲ့မှု‌ကြောင့် လူ‌နေအိမ် နှင့် ‌ကျောင်းများမှ လျှစ်စစ်ပစ္စည်းများ မကြာခဏ ပျက်စီးမှုများ ဖြစ်‌ပေါ်လာသဖြင့် ‌ဒေသခံများက ‌ပြောဆိုသည်။

တာဝါတိုင်အနီး ‌နေထိုင်သူ ဦးမြင့်သိန်းက “မိုးတွင်းတုန်း ကတာဝါတိုင်မိုးကြိုးပစ်‌တော့ စက်ကွင်းသင့်ပြီး ကျ‌နော့်အိမ်အပြင် ပတ် ဝန်းကျင်အိမ်က လျှပ်စစ်ပစ္စည်း အကုန်ပျက်ကုန်တယ်။ ‌ကျောင်းက ဒိုင်နမိုမီးစက်နဲ့ လျှပ်စစ်ပစ္စည်းပါ ပျက်တယ်။ ကျ‌နော်က ‌တော့ တာဝါတိုင်ကို မြန်မြန် တခြား‌နေရာကို ‌ရွှေ့‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသခံများအ‌နေဖြင့် ၎င်းတာဝါတိုင်‌ဆောက်လုပ်မှုကို သ‌ဘောတူလက်မှတ်ထိုး ‌ထောက်ခံမထားသလို ယင်း‌ကြောင့် ဖြစ်‌ပေါ် လာသည့် ပတ်ဝန်းကျင်ဆိုးကျိုးခံစား‌နေရသည့်အ‌ပေါ် ‌ကျောင်းအကျိုး‌တော်‌ဆောင်များ၊ ‌ဒေသခံများက စက်တင်ဘာလအတွင်း ‌ဒေသအုပ်ချုပ်‌ရေးဌာနဆိုင်ရာများနှင့် ပြည်နယ်အစိုးရထံ (၃)ကြိမ် တိုင်ကြားထား‌သော်လည်း ယ‌နေ့အချိန်ထိ တာဝါတိုင်‌ရွှေ့ ‌ပြောင်း‌ပေး‌ရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မ‌ဆောင်ရွက်‌သေးသည့်အတွက် ဆိုးကျိုးများ ထပ်မံ ဖြစ်‌ပေါ်လာမည်ကို ‌ဒေသခံ နှင့် ‌ကျောင်းသားမိဘများက စိုးရိမ်‌နေကြသည်။

“ဒီတာဝါတိုင်ကို အထက်တန်း‌ကျောင်း‌ဘေးနား လာ‌ထောင်‌တော့ အန္တရာယ်များတယ်။ ဖုန်းလိုင်းလွှင့်တဲ့ ‌ရေဒီယိုစက်ကွင်း‌တွေ က ‌ကျောင်းက က‌လေး‌တွေ‌ရော၊ ပတ်ဝန်းကျင်ကိုပါ ထိခိုက်‌စေတယ်။ မိုးကြိုးလွှဲစနစ်က အားနည်း‌တော့ မိုးကြိုးပစ်ရင် အနီးဝန်း ကျင်က လူ‌တွေမှာ အသက်အန္တရာယ် ရှိလာနိုင်လို့ စိုးရိမ်‌နေရတယ်”ဟု ‌ကျောင်းသားမိဘဖြစ်သူ ကို‌အောင်က ‌ပြောသည်။

တာဝါတိုင်ကိစ္စနှင့်ပတ်သက်၍ ‌အော်ရီဒူးကုမ္ပဏီမှ ‌အောက်‌ခြေဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက နစ်နာသူ ‌ဒေသခံများနှင့် နိုဝင်ဘာလ မကုန်ခင်က လာ‌ရောက်ညှိနှိုင်းမှုများရှိခဲ့‌သော်လည်း ‌ဒေသခံများဘက်မှ တာဝါတိုင်‌ရွှေ့‌ပြောင်း‌ပေး ‌ရေးကိုသာ ဆက်လက် ‌တောင်းဆို‌နေသဖြင့် ညှိနှိုင်းမှုမှာ အဆင်မ‌ပြေ‌သေး‌ကြောင်း မြို့နယ် အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေးရုံး တာဝန် ရှိသူများထံမှ သိရသည်။

‌ကော့ကရိတ်‌ဒေသတွင်း ယခင်ကထက် တယ်လီဖုန်းဆက်သွယ်‌ရေး ပိုမိုအဆင်‌ပြေလာ‌သော်လည်း တာဝါဝိုင်စိုက်ထူမှုများနှင့် ပတ်သက်ပြီး ကုမ္ပဏီဘက်မှ တာဝန်ယူမှု၊ တာဝန်ခံမှုအပြင် ‌ဒေသခံများနှင့် ကြိုတင် ညှိနှိုင်း‌ဆောင်ရွက်မှုမရှိ‌သော‌ကြောင့် ကုမ္ပ ဏီနှင့် ‌ဒေသခံများအကြား အပြန်အလှန် အငြင်းပွား‌နေဆဲဖြစ်‌ကြောင်း သိရသည်။