Home သတင်း ‌နေပြည်‌တော်တွင် ပထမဦးဆုံးကြိမ် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ ကျင်းပမည်

‌နေပြည်‌တော်တွင် ပထမဦးဆုံးကြိမ် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ ကျင်းပမည်

2048

ဒီဇင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်သက္ကရာဇ်(၂၇၅၆)ခုနှစ်၊ ခရစ်နှစ်(၂၀၁၆)ခုနှစ်၊ ဒီဇင်ဘာ(၂၉)ရက်‌နေ့တွင် ကျ‌ရောက်‌သော (၇၉)ကြိမ်‌မြောက် ကရင်နှစ် သစ်ကူး‌နေ့ပွဲ‌တော် အခမ်းအနားကို ပါတီ‌ပေါင်းစုံမှ ကရင်လွှတ်‌တော်ကိုယ်စားလှယ်များ ဦး‌ဆောင်၍ ‌နေပြည်‌တော် (MCC-2) ခန်းမ၌ ပထမဦးဆုံးကြိမ် ကျင်းပသွားမည်ဟု ‌နေပြည်‌တော်၊ ကရင်နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီ တာဝန်ရှိများက ‌ပြောသည်။

‌နေပြည်‌တော် စည်ပင်ဧည့်ရိပ်သာ ခန်းမ၌ ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ရက်က ပြုလုပ်သည့် ‌နေပြည်‌တော် ကရင်နှစ်သစ်ကူး ကျင်းပ ‌ရေး‌ကော်မတီ၏ နှစ်သစ်ကူးကျင်းပ‌ရေး အကြို ညှိနှိုင်းအစည်းအ‌ဝေးတွင် ထိုသို့ အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်း ‌ကော်မတီ၏ တွဲဖက်အတွင်း‌ရေးမှူး အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောယှား(ရှား)‌ဖောင်အွာက ယ‌နေ့ (ဒီဇင်ဘာ ၁ရက်) တွင် ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

“ကရင်နှစ်သစ်ကူးဆိုတာကလည်း လွှတ်‌တော်က‌နေ အတည်ပြု စခဲ့တာပဲ။ အဲဒါ‌ကြောင့် ပြန်ပြီး ထိန်းသိမ်း‌ဆောင်ရွက်တဲ့ သ‌ဘောပါ။ လွှတ်‌တော်က ကရင်ကိုယ်စားလှယ်‌တွေအားလုံး ဝိုင်းပြီး‌တော့ ကိုယ့်ရဲ့ ကရင်နှစ်သစ်ကူး‌နေ့ကို ထိန်းသိမ်းချင်တာ လည်း ပါတယ်။ လူမျိုးစု‌တွေအားလုံး စုစုစည်းစည်းနဲ့ စု‌ပေါင်း‌ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကျင်းပရတာ ဖြစ်တယ်”ဟု ၎င်းက ‌ပြော သည်။

‌နေပြည်‌တော် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်သို့ ‌နေပြည်‌တော်နယ်နိမိတ်တွင်းအပြင် ပျဉ်းမနား၊ လယ်‌ဝေးနှင့် တပ်ကုန်း စသည့်မြို့နယ်များရှိ ကရင်‌ကျေးရွာ (၇၀)‌ကျော်မှ ‌ဒေသခံများ လာ‌ရောက်ပူး‌ပေါင်း ပါဝင်ကြမည်ဖြစ်သလို နိုင်ငံ‌တော်အတိုင်ပင် ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများကိုလည်း ဖိတ်ကြားသွားမည်ဟု ‌စောယှား(ရှား)‌ဖောင် အွာက ဆက်‌ပြောသည်။

ထို့အပြင် ‌နေပြည်‌တော် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်တွင် ကရင်ရိုးရာ စပါး‌စောင့်နတ်(ဖီ့ဘူး‌ယော်)ကို လိပ်ပြာ‌ခေါ်ခြင်း၊ ရိုးရာယဉ် ‌ကျေးမှုပြခန်း၊ တိုင်း‌ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကရင်ရိုးရာယဉ်‌ကျေးမှုအဖွဲ့များ၏ ရိုးရာအက အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားမည်ဟု ၎င်း‌ကော်မတီ၏ ‌ပြောပြချက်အရ သိရသည်။

ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဋ္ဌ ‌စော‌အေးမြက “အရင်တုန်းက ကရင်အမျိုးသားကိုယ်စားလှယ် ‌တွေ နည်းလို့လား။ စိတ်မဝင်စားလို့လား။ အခက်အခဲ အမျိုးမျိုးရှိမှာ‌ပေါ့။ ယခုလို ကျင်းပနိုင်တာ ကိုယ့်ရဲ့အမျိုးဂုဏ်‌တွေ၊ ယဉ် ‌ကျေးမှု လက္ခဏာ‌တွေ ဒီလို‌နေ့ထူး‌နေ့မြတ်မှာ ‌ဖော်ထုတ်‌ဆောင်ရွက်နိုင်တဲ့အတွက် ဝမ်း‌မြောက်ဝမ်းသာဖြစ်ရပါတယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

‌နေပြည်‌တော်၊ ကရင်နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီတွင် နာယကအဖြစ် အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဧရာဝ တီတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် မန်း‌ဂျော်နီနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်တို့အား တင်‌မြှောက်ထားပြီး ပွဲ‌တော် ကျင်းပ‌ရေး ဥက္ကဋ္ဌအဖြစ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် မန်း‌စောတင်ဝင်း၊ အတွင်း‌ရေးမှူး ရန်ကုန် တိုင်း‌ဒေသကြီးမှ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌နော်စူစန်နာလှလှစိုး၊ တွဲဖက်အတွင်း‌ရေးမှူး ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောယှား(ရှား)‌ဖောင်အွာတို့ အပါအဝင် ‌ကော်မတီဝင်(၂၁)ဦးဖြင့် ဖွဲ့စည်းထားသည်။

ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို မြန်မာနိုင်ငံ လွတ်လပ်‌ရေးမရမီ (၁၉၃၇)ခုနှစ်တွင် တစ်နိုင်ငံလုံး အစိုးရရုံးပိတ်ရက် (Gazette Holiday)အဖြစ် အဂင်္လိပ်အစိုးရက သတ်မှတ်‌ပေးခဲ့ပြီး မြန်မာနိုင်ငံအနှံ့သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ‌နေထိုင်ကြသည့်ကရင် တိုင်းရင်းသားများက ပြာသိုလဆန်း ၁ရက်‌နေ့တွင် နှစ်စဉ် ကျင်းပလျှက်ရှိသည့်အပြင် ဧရာဝတီတိုင်း ပန်းတ‌နော်မြို့နယ်နှင့် အချို့‌ကျေးရွာများတွင် တပို့တွဲလဆန်း ၁ရက်‌နေ့၌ ကျင်းပကြသည်လည်း ရှိသည်။

ယခုနှစ် ဒီဇင်ဘာလ ၂၉ရက်‌နေ့တွင် ကျ‌ရောက်သည့် ၇၉ကြိမ်‌မြောက်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကို ပြည်တွင်း၊ပြည်ပ ရှိ ကရင်အမျိုးသားများ အပါအဝင် နယ်စပ်နှင့် ကရင်လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ လှုပ်ရှားရာ‌နေရာများတွင် နှစ်စဉ် ကျင်းပ‌လေ့ရှိပြီး ယခင် သမ္မတဦးသိန်းစိန်က ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြုလုပ်သည့် ၂၇၅၅ခုနှစ်၊ ကရင်နှစ်သစ်ကူး ‌နေ့ပွဲ‌တော်သို့ သွား‌ရောက်ဆင်နွဲခဲ့သည်။