Home ထိပ်တန်းသတင်း ‌တောင်က‌လေးဆရာ‌တော် ‌သေနတ်ဖြင့် ပစ်‌ဖောက်ခံရမှုအ‌ပေါ် KNU စုံစမ်းစစ်‌ဆေးမည်

‌တောင်က‌လေးဆရာ‌တော် ‌သေနတ်ဖြင့် ပစ်‌ဖောက်ခံရမှုအ‌ပေါ် KNU စုံစမ်းစစ်‌ဆေးမည်

3190

ဒီဇင်ဘာ ၅ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်ရှိ အထင်ကရ ဆရာ‌တော်တစ်ပါးဖြစ်သည့် ‌တောင်က‌လေးဆရာ‌တော် ဥူး(ဦး)ပညာသာမိနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ တပ်မဟာ(၁)မှ တပ်ဖွဲ့ဝင်အချို့ နိုဝင်ဘာလ ၃ဝရက်‌နေ့က ကားချင်းပွတ်တိုက်မှု‌ကြောင့် အပြန်အလှန် တင်းမာကာ မိမိတို့တပ်ဖွဲ့က ‌သေနတ်ပစ်‌ဖောက်ခဲ့သည့်ကိစ္စအ‌ပေါ် စုံစမ်းစစ်‌ဆေးသွားမည်ဖြစ်‌ကြောင်း KNU ဘက်က ‌ပြောဆိုသည်။

ဆရာ‌တော်အ‌နေဖြင့် သွားကျန်းမာ‌ရေးကုသမှု ခံယူရန် ရန်ကုန်သို့အသွား ထို‌နေ့ ည‌နေ ၅နာရီ‌ကျော်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့အပြင်ဘက် ကြာပန်း-‌ချောင်း‌စောက်၊ ခရိုင်ချင်းဆက်လမ်း ဝင်း‌ရော်လမ်းဆုံ ‌ရွှေ‌ရောင်ပြအလွန် တက်တူးကုန်းရွာအ ကြား လမ်းအ‌ကွေ့ ‌ရော်ဘာခြံအနီးလမ်းတွင် ကားချင်းမ‌တော်မဆ ထိခိုက်မိရာမှ အပြန်အလှန် တင်းမာကြကာ ‌ကေအဲန်ယူတပ် ဖွဲ့ဝင်ဘက်က ယင်းသို့‌သေနတ်ဖြင့် ပစ်‌ဖောက်ခဲ့ခြင်းဖြစ်သည်။

KNU ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဋ္ဌာနတာဝန်ခံ ပဒို‌စောအားတိုးက “ဒီကိစ္စက အားလုံးနဲ့သက်ဆိုင်ပြီး အထူးသဖြင့် ဘာသာ ‌ရေးနဲ့ ဆက်နွယ်လာနိုင်တဲ့ ကိစ္စဖြစ်လို့ ဒို့‌တွေက အများကြီး သတိထားရတယ်။ ပိုပြီး‌တော့လည်း အ‌ရေးထားပြီး လုပ်‌ဆောင်ရ မယ်။ ‌သေချာစုံစမ်းစစ်‌ဆေးမှု‌တွေ ပြုလုပ်ပြီး ပြစ်မှုထင်ရှားရင် အ‌ရေးယူ‌ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ လုံးဝ မဖြစ်သင့်‌ကြောင်းနှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေစဉ်ကာလအတွင်း မလိုလားအပ်သည့် ကိစ္စရပ်များ မဖြစ်ပွား‌ရေးအတွက် အ‌ရေးယူ‌ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာ KNU သထုံခရိုင် တာဝန်ရှိသူများ၊ တပ်မဟာ(၁) တာဝန်ရှိသူများထံ စုံစမ်းစစ်‌ဆေးမှုများ ပြုလုပ်‌ရေး ညွှန်ကြားထား‌ကြောင်းလည်း ပဒို‌စောအားတိုးက ဆက်‌ပြောသည်။

‌တောင်က‌လေးဆရာ‌တော် အပါအဝင် ဒါယိကာ ၅ဦး စီးနင်းလာသည့် HUMER အနက်‌ရောင် ကားနံပါတ် 2J-3628 နှင့် KNU တပ်မဟာ(၁)မှ ဗိုလ်အဆင့်ရှိသူ အသက် ၂၇နှစ်အရွယ် ‌စောဆဲ‌နေ စီးနင်းလာသည့် နံပါတ်မရှိ‌သော အဖြူ‌ရောင် CROWN ကား တို့ မ‌တော်တဆ ‌ဘေးချင်း ပွတ်တိုက်မိခဲ့ရာမှ အပြန်အလှန် အ‌ချေအတင်ဖြစ်ပွားကာ ထိုသို့ပစ်‌ဖောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ် ‌ကြောင်း သိရသည်။

ထိုဖြစ်စဉ်အ‌ပေါ် ‌ကေအဲန်ယူ၊ တပ်မဟာ(၁) ဆက်ဆံ‌ရေးရုံးတာဝန်ခံ ပဒို‌စော‌အေးနိုင်ကလည်း “ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ကျ‌နော်တို့ ဆီက လူ‌တွေကို ‌မေးကြည့်တာ လမ်းကလည်းကျဉ်း‌တော့ ‌ရှောင်ရခက်သွားတဲ့အ‌ပေါ် ဆင်းသွား‌တော့ ဆရာ‌တော်က ထိုးတယ်။ ဒါကို ‌တွေ့မိတဲ့ ဆိုင်ကယ်နဲ့လာတဲ့ ရဲ‌ဘော်က ‌သေနတ် ၃ချက် ပစ်‌ဖောက်သလို၊ အထိုးခံသူကလည်း ၂ချက် ထပ်‌ဖောက်မိ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယင်းသို့ ‌သေနတ်ဖြင့် အနီးကပ် ပစ်‌ဖောက်မှု‌ကြောင့် ‌တောင်က‌လေးဆရာ‌တော်၏ ဘယ်ဖက်‌ခြေ‌ထောက်နှင့် ယာဘက်နံ‌ဘေး တွင် ကျည်စ လွှင့်စင်ထိမှန်ကာ ဒဏ်ရာအနည်းငယ်ရရှိသွား‌ကြောင်း ဆရာ‌တော်ထံ ကိုယ်တိုင် သွား‌ရောက်သတင်း‌မေးခဲ့သည့် ဒါယိကာတစ်ဦးဖြစ်သူ ‌စောဝင်းစိုးက ‌ဖော်ပြပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အတည်ပြု‌ပြောဆိုခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA ပါ နှစ်ဖက်‌လေးစားလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ နှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များမှ အခန်း(၂)၏ အရပ်သားပြည်သူနှင့် ပတ်သက်၍ ‌စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်း ကမ်းများပါ အပိုဒ် (ခ)အရ ပြည်သူလူထုအား လူတစ်ဦးတစ်‌ယောက်၏ ဂုဏ်သိက္ခာကိုထိပါး‌စေသည့် လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ ဥပ‌ဒေမဲ့ ဖမ်းဆီးချုပ်‌နှောင်ခြင်း၊ ပြန်‌ပေးဆွဲခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူသားမဆန်စွာ ပြုမှုဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ် ဖြတ်ခြင်းနှင့် ‌ဖျောက်ဖျက်ခြင်းများ မပြုလုပ်ရဟု ‌ဖော်ပြပါရှိသည်။