Home သတင်း ‌ကေအဲန်ယူနယ်မှ ‌စေတနာ့‌ဆေး‌ပေးခန်းသစ် တစ်လ‌ကျော်အတွင်း ‌ဒေသခံ ၅၀၀‌ကျော် ကုသ‌ပေးခဲ့

‌ကေအဲန်ယူနယ်မှ ‌စေတနာ့‌ဆေး‌ပေးခန်းသစ် တစ်လ‌ကျော်အတွင်း ‌ဒေသခံ ၅၀၀‌ကျော် ကုသ‌ပေးခဲ့

1671

ဒီဇင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) နယ်‌မြေတစ်ခုဖြစ်သည့် ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့နယ်အတွင်းရှိ လူထု အ‌ခြေပြု ‌ဆေး‌ပေးခန်းမှာ ဖွင့်လှစ်ခဲ့သည့် တစ်လ‌ကျော်အချိန်အတွင်း ‌ဒေသခံလူနာ ၅၀၀‌ကျော်ကို ကုသ‌စောင့်‌ရှောက်‌ပေးနိုင်ခဲ့ ‌ကြောင်း ‌ဆေး‌ပေးခန်းတာဝန်ခံ ဆရာ‌စော‌ဘောမူ‌စေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ဆေး‌ပေးခန်းက စဖွင့်တာ ဆယ်လပိုင်း ၂၂ရက်။ တစ်လ‌ကျော်ပဲ ရှိ‌သေးတယ်။ လူနာ ၅၂၁‌ယောက် ကုသ‌ပေးခဲ့ပြီးပြီ။ ဒီ‌ဆေး ခန်းဟာ ‌ဒေသခံလူထုရဲ့ လိုအပ်ချက်နဲ့ ‌တောင်းဆိုမှုအ‌ပေါ် အ‌ခြေခံပြီး ဖွင့်လှစ်ခဲ့တာဖြစ်တယ်။ ကျ‌နော်ကလည်း လူထုအတွက် ရပ်တည်ဖို့ ခံယူထားသူမို့ လူထုနဲ့တစ်သားတည်း ‌နေထိုင်ပြီး လုပ်ကိုင်ရတာကို ‌ကျေနပ်တယ်”ဟု ဆရာ‌စော‌ဘောမူ‌စေးက ‌ပြော သည်။

အဆိုပါ‌ဆေး‌ပေးခန်းတွင် တာဝန်ခံ ‌ဆေးဆရာတစ်ဦးနှင့်အတူ သူနာပြုဆရာမနှစ်ဦးတို့က တာဝန်ခံကာ ပိတ်ရက်၊ နားရက်မရှိ ကုသကြည့်ရှု‌ပေးလျှက်ရှိပြီး ‌ကျောက်ကြီးမြို့နယ်အတွင်းရှိ ‌လော်မူ‌သော၊ ‌လော်မူပယ်၊ ဝက်လာ‌တော၊ သူးကဘီး၊ ပတ္တလား၊ ကျွဲ တလင်း၊ ‌တောခို၊ နတ်သံကွင်း စသည့်‌ကျေးရွာများ အပါအဝင် ရွာ‌ပေါင်း ၁၁ရွာမှ ‌ဒေသခံရွာသားများ၊ ‌ရွှေ့‌ပြောင်း‌နေထိုင်ကြသူ များက လာ‌ရောက်ကုသ‌နေကြခြင်းဖြစ်သည်။

ဝက်လာ‌တောရွာသူ အသက် ၇ဝအရွယ် ‌နော်မိ‌ဘော်က “‌ဆေးရုံသွားရင် ‌ဝေးတယ်‌လေ။ ‌နောက်ပြီး ၆‌သောင်း၊ ၇‌သောင်း ‌လောက် ပိုက်ဆံကုန်တာ မတတ်နိုင်ဘူး။ ကျမတို့ရွာ ‌ကေအဲန်ယူ‌ဆေးခန်းမှာက ‌ဆေးဆရာမ ခ‌လေးငယ်‌တော့ ဒီ‌ဆေးခန်းကို လာပြရတာဖြစ်တယ်။ ‌ရောဂါက‌တော့ ‌လေထိုးတယ်။ အသက်ရှူမဝဘူး။ နံကြား‌အောင့်တယ် အမျိုးမျိုးပါပဲ။ ဒီမှာလာပြ‌တော့ သက်သာလာတယ်။ ‌ဆေးဆရာ‌လေးက အနီးကပ် ကြည့်‌ပေးဖို့အတွက် ‌နေခိုင်း‌သေးလို့ ၂-၃ရက် ‌ဆေးခန်းမှာ ‌နေသွားအုံးမှာ ပါ”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောပြသည်။

လာ‌ရောက်ကုသပြီးသည့် လူနာများအနက် အများစုမှာ ဆီးလမ်း‌ကြောင်းနှင့် အသက်ရှူလမ်း‌ကြောင်း ‌ဝေဒနာများ၊ အမျိုးသမီး ‌ရောဂါများ၊ ဆီးချို၊ ‌သွေးတိုး စသည့်‌ရောဂါများကို ခံစား‌နေကြရပြီး လိုအပ်သည့် ‌ဆေးဝါးများကိုမူ ဌာ‌နေမဲ့ ပြည်တွင်းဒုက္ခသည် များဆိုင်ရာ‌ကော်မတီ(CIDKP)၊ ‌ကေအဲန်ယူ ‌ညောင်‌လေးပင်ခရိုင်၏ ကျန်းမာ‌ရေး၊ ကယ်ဆယ်‌ရေးဌာနနှင့် Free Burma Ranger အဖွဲ့တို့က ပံ့ပိုးခြင်းဖြစ်‌ကြောင်း ‌ဆေးခန်းတာဝန်ခံ၏ ‌ပြောပြချက်အရ သိရသည်။

‌ဆေးခန်းဝန်ထမ်းများ၏ စားဝတ်‌နေ‌ရေးအတွက် ‌ဒေသခံရွာသူရွာသားများက ဆန်ရိက္ခာ ကူညီ‌ထောက်ပံ့‌ပေး‌နေခြင်းဖြစ်ပြီး လာ ‌ရောက်ကုသသူများထံမှ ‌စေတနာအ‌လျောက်သာ ကူညီမှုကို လက်ခံခြင်းဖြစ်‌ကြောင်း သိရသည်။ ထို့အပြင် တီဘီနှင့် ငှက်ဖျား ‌ရောဂါများအတွက် လိုအပ်သည့် ‌ဆေးဝါးများကို ‌ကျောက်ကြီးမြို့နယ်၊ ကျန်းမာ‌ရေးဦးစီးဌာနထံမှ ရယူ၍လည်း‌ကောင်း၊ အချို့ လူနာများကိုလည်း ‌ကျောက်ကြီးမြို့၊ ‌ဆေးရုံသို့ ပို့‌ဆောင်ကုသ‌စေ‌ကြောင်းလည်း ‌ဆေးဝန်ထမ်းများက ‌ပြောသည်။

‌လော်မူ‌သော‌ကျေးရွာအုပ်စုမှူး ‌စော‌ဒေါင်း‌ရွှေက “ကျ‌နော်တို့‌ဒေသဟာ အရင်က စစ်ဆင်‌ရေးနယ်‌မြေပါ။ အခု အပစ်ခတ်ရပ်စဲပြီး ‌နောက်ပိုင်း သွားလာရဲလာ‌တော့ ကျန်းမာ‌ရေးအတွက် လူထုက ‌တောင်းဆိုလာတယ်။ ‌ကျောက်ကြီးမြို့အထိ ‌ဆေးသွားကုရင် သွားလာမှုနဲ့ ‌ဆေးဖိုးဝါးခ‌တွေ အများကြီးကုန်မယ်။ ‌ဝေးလည်း‌ဝေးတာမို့ ဒီ‌ဆေးခန်း‌လေးက ကျ‌နော်တို့ရဲ့လိုလားမှုနဲ့ ဖွင့်ထားတာ ဖြစ်‌တော့ ဘာပဲဖြစ်ဖြစ် အားကိုးအားထားစရာတစ်ခုပဲ ဖြစ်ပါတယ်”ဟု ဆိုသည်။

လက်ရှိအချိန်တွင် ထရံကာ၊ သွပ်မိုးဖြင့်သာ ယာယီ‌ဆောက်လုပ်ထားသည့် ‌ဆေး‌ပေးခန်းတွင် လူနာများကို ကုတင်သုံးလုံးဖြင့် သာ ထားရှိကုသ‌ပေး‌နေ‌သော်လည်း ပိုမိုခိုင်ခံ့‌အောင် ‌ဆောက်လုပ်သွားရန် ပြင်ဆင်လျှက်ရှိ‌ကြောင်း သိရသည်။