Home ကဗျာ အလုပ်‌တွေနဲ့သက်‌သေပြကြ

အလုပ်‌တွေနဲ့သက်‌သေပြကြ

2556

လကင်္ာဒီပ

(၂၅ ဒီဇင်ဘာ ၂၀၁၆)

ပထမဆုံးနဲ့ ‌နောက်ဆုံး‌သော
တရား‌သော ‌တော်လှန်‌ရေးဖြစ်တယ်
နာမယ် ကြာမယ် ‌သေမယ် ‌ကြေမယ်
ဘယ်လိုမှ ဇိမ်မရှိတဲ့ခရီး
နှုတ်ဆက်ပြီး တာဝန်တစ်ဝက်တစ်ပျက်နဲ့
ထွက်သွားတဲ့ ‌ဖောက်ပြန်‌ရေးသမား‌တွေ
အ‌ခြေအ‌နေ အချိန်အခါမှာ
သာကူးတတ်တဲ့ ခြံခွထိုင်သမား‌တွေ
မှတ်‌ကျောက်တင် အစစ်ခံနိုင်တဲ့
တကယ့်စစ်မှန်တဲ့ ‌ပေးဆပ်သူ
ထိုသူတို့ ‌ရော‌ထွေး‌နေကြသတဲ့။

ရှည်ကြာလာတဲ့ ‌တော်လှန်‌ရေးမှာ
ဘာသာ‌ရေးနဲ့ ထိုးခွဲသပ်လျှိုစတမ်း
ငြိမ်းချမ်း‌ရေး စတန့်အလှ
ဘမ်းပြ ဟန်ပြ လိမ်လည် ‌ချွေးသိပ်ရင်း
အချင်းချင်း‌တောင် လှည့်ပတ်ရန်ပြု
တုပဖက်ပြိုင်မနိုင်‌အောင်
‌ထောင်‌ချောက်ဉာဏ်အမျိုးမျိုး ဆင်ခံရဆဲ
‌သေကွဲရှင်ကွဲ ရင်ကွဲဇာတ်လမ်းများစွာ
တို့‌တွေဟာ ကျိန်စာသင့်လူသားတမျိုးလို
ကိုယ့်ကိုယ်ကို ပြန်‌ဝေဖန်ကြည့်မိတယ်။

စိတ်ဆန္ဒရှိစွာ အာရုံပြု
“အှ်ဃှု့အှ်ဃှင်”ညီညွှတ်‌ရေးသီချင်း
မာန်သွင်းပြီး နှစ်စဉ် သီဆို‌ခေါ်‌နေ‌သော်ညားလည်း
ညှိဆဲ ညှိလို့မရတဲ့ ကိစ္စကြီးဟာ
အလုပ်‌တွေ ပိုလုပ်ကြရမယ်လို့
ညွှန်လို့များဆို‌နေသည့်နှယ်
မျိုးတို့ရယ် သိလွယ် မြင်လွယ်နိုင်ကြပါ‌စေဗျာ။

အချိန်ဆိုတာ လူကိုမ‌စောင့်ဘူး
ကူးလိုက်တဲ့ နှစ်သစ်‌တွေလည်း
တဖွဲဖွဲ‌ကြွေသွားတဲ့ ရွက်‌ကြွေ‌တွေလို
ကျွဲချိုသံ ဖားစည်သံ
ဒုံးသံ‌တွေလည်း ‌လေမှာ‌မျောလွှင့်
တင့်တယ်လိုက် ခန့်ညားလိုက် ‌ပျောက်ဆုံးလိုက်
ခလုတ်တိုက် ဟတ်ထိုး ‌မှောက်ခုံ
‌ရောင်စုံ စုတ်ချက်ကြမ်း‌တွေ
ဖြစ်ပျက်‌နေကြတာပါပဲလား
နှစ်သစ်များလည်း မ‌ရွေ့မ‌ရွေ့
ငါ‌တွေ့‌နေတဲ့ ‌ကောင်းကင်ကြီးက
‌မှောက်ချထားတဲ့ အုန်းမှုတ်ခွက်တစ်ခုလို။

ဘဝမှာ ‌ကြောက်တတ်ရင်
ရှင်လျက်နဲ့ အကြိမ်ကြိမ် ‌သေရမယ်
ရည်ရွယ်ချက် လမ်းခရီးတစ်‌လျှောက်လုံး
ခုတုံးလုပ် မလုပ်စားကြပါနဲ့
တိုင်းပြည်ရဲ့ သယံဇာတ‌တွေကို ထိန်းသိမ်း
ယိမ်းယိုင်‌လျောကျ‌နေတဲ့
တို့ရဲ့ လူငယ်စာရိတ္တ‌တွေ ပြုပြင်ရင်း
အလင်း‌ရောင်များစွာနဲ့ နှစ်သစ်ကို
ချစ်သစ်ပို တည်‌ဆောက်ကြပါစို့လား။