Home သတင်း အထက်‌ပေါင်း‌လောင်းစီမံကိန်း‌ကြောင့် ‌ဒေသခံနစ်နာသူများ အစိုးရသစ်လက်ထက်အထိ ‌ပြေလည်မှုမရရှိ‌သေး

အထက်‌ပေါင်း‌လောင်းစီမံကိန်း‌ကြောင့် ‌ဒေသခံနစ်နာသူများ အစိုးရသစ်လက်ထက်အထိ ‌ပြေလည်မှုမရရှိ‌သေး

2089

ဒီဇင်ဘာ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

သျှမ်း(ရှမ်း)ပြည်နယ်‌တောင်ပိုင်း၊ ပင်‌လောင်းမြို့နယ်၊ ‌ပေါင်း‌လောင်းမြစ်‌ပေါ်တွင် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က တည် ‌ဆောက်ခဲ့‌သော အထက်‌ပေါင်း‌လောင်း‌ရေအားလျှပ်စစ်စီမံကိန်းဆည်‌ကြောင့် ‌ပြောင်း‌ရွှေ့ခဲ့ကြရသည့် ‌ကျေးရွာ ၂၃ရွာမှ ‌ဒေသခံ များ၏ နစ်နာမှုများမှာ လက်ရှိ အစိုးရသစ်လက်ထက်အထိ ‌ပြေလည်မှုမရရှိ‌သေး‌ကြောင်း ‌ဒေသခံများဘက်မှ ကူညီ‌ဆောင်ရွက် ‌ပေးသူများက ‌ပြောသည်။

အ‌ပြောင်း‌ရွှေ့ခံ‌ဒေသခံများအတွက် ကူညီ‌ဆောင်ရွက်‌ပေး‌နေသူ ‌ဒေသခံ ဦးညွန့်ဝင်းက “ယခင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ သိမ်းဆည်းခံရတဲ့ ကျ‌နော်တို့‌တောင်သူလယ်သမားများအတွက် အစားထိုး‌မြေယာ ‌ဖော်ထုတ်ပြီးပါပြီးလို့ ဆည်ဖွင့်ပွဲမှာ သူတို့ ‌ပြောခဲ့တယ်။ အခု အစိုးရသစ်လက်ထက်အထိ ကျ‌နော်တို့‌တောင်သူ‌တွေ အစားထိုး‌မြေယာ မရရှိ‌သေးပါဘူး။ သက်ဆိုင်ရာ ဋ္ဌာန တာဝန်ရှိသူ‌တွေကို တင်ပြ‌တောင်းဆိုမှု‌တွေ လုပ်ခဲ့တယ်။ အရင် အစိုးရလိုပဲ ကျ‌နော်တို့‌ဒေသက မ‌ပြောင်းလဲ‌သေးဘူး ဖြစ်‌နေ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုစီမံကိန်း‌ကြောင့် အများပိုင်ပစ္စည်းများကို ‌ဒေသခံများအတွက် ပြန်လည်အစားထိုး တည်‌ဆောက်‌ပေးမှုရှိခဲ့‌သော်လည်း နစ်နာ ဆုံးရှုံးခဲ့သည့် ‌မြေယာများအတွက် ‌လျော်‌ကြေးပြန်လည်‌ပေးရာ၌ မျှတမှုမရှိခြင်းနှင့် အကျင့်ပျက် အလွဲသုံးစားမှုများလည်း ရှိ‌နေ သည်ဟု ‌ရွှေ့‌ပြောင်းခံရသူ ‌ဒေသခံများက ‌ပြောသည်။

အထက်‌ပေါင်း‌လောင်း‌ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၉ရက်‌နေ့တွင် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက် ‌ရောက်ဖွင့်လှစ်‌ပေးခဲ့သည်။ ၎င်း‌ရေကာတာတည်‌ဆောက်စဉ်က ကြုံ‌တွေ့ခဲ့ရသည့် ‌ရေဝပ်ဧရိယာ၏ ‌ဒေသခံ‌ကျေးရွာများ ‌ရွှေ့ ‌ပြောင်း‌ရေးအတွက် စုစု‌ပေါင်းကျပ်‌ငွေ(၃၁ ဒသမ ၅၃၄) ဘီလီယံ အကုန်အကျခံ ‌ဆောင်ရွက်‌ပေးခဲ့ပြီး ‌ကျေးရွာသစ်‌နေရာများအ တွက် စိုက်ပျိုး‌မြေ (၈၂၉၇)ဧကခန့်ကိုလည်း ‌ဖော်ထုတ်‌ပေးခဲ့သည်ဟု လျှပ်စစ်စွမ်းအား ပြည်‌ထောင်စုဝန်ကြီး ဦးခင်‌မောင်စိုးက ၎င်းစီမံကိန်းဖွင့်ပွဲ၌ ရှင်းပြ‌ပြောဆိုခဲ့သည်။

‌ကျေးရွာများ ‌ပြောင်း‌ရွှေ့စဉ်က အိမ်အမျိုးအစားအလိုက် ‌လျော်‌ကြေး‌ငွေအဖြစ် ဝါးအိမ်ကို ၁၅သိန်း၊ တိုက်အိမ်ကို သိန်း ၄၀ဝအ ထိ ‌လျော်‌ပေးခဲ့‌ကြောင်း၊ လယ်တစ်ဧကကို ၆သိန်း၊ ယာတစ်ဧကကို ၃သိန်း၊ လယ်သီးနှံ ၅နှစ်အတွက် ၄၅သိန်း၊ ယာသီးနှံ ၅နှစ် အတွက် ၁၅သိန်းနှင့် အုန်းတစ်ပင်ကို ၃‌ထောင်ကျပ် ‌ပေး‌လျော်ခဲ့သည်ဟု တာဝန်ရှိသူများဘက်မှ ‌ပြောဆိုခဲ့‌သော်လည်း ရွာသား များမှာ ‌လျော်‌ကြေး အပြည့်အဝ ရရှိခဲ့ခြင်းမရှိ‌ကြောင်း သိရသည်။
dsc_9665
‌ပြောင်း‌ရွှေ့ခံရသည့်‌ကျေးရွာ ၂၃ရွာတွင် ‌နေထိုင်ကြသူများတွင် ပ‌လောင်၊ ပအိုဝ်း၊ ကယန်း၊ ကရင်နှင့် ဗမာလူမျိုးများ ‌နေထိုင်ကြ ပြီး ‌တောင်ယာနှင့် လယ်လုပ်ငန်းကို လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။ လက်ရှိတွင် လယ်ယာ‌မြေများမရှိခြင်း‌ကြောင့် ကျဘမ်း အလုပ်များနှင့် လူငယ်များမှာ နို်င်ငံရပ်ခြားသုို့ သွား‌ရောက်အလုပ်လုပ်ကိုင်ကြရသည့်အပြင် အလုပ်အကိုင်ရှားပါးမှု‌ကြောင့် မိမိ ကိုယ်ကို ‌သေ‌ကြောင်းကြံသူ ၃ဝဦး‌ကျော်ရှိခဲ့သည်ဟု ထိန်ပင်ရွာသား ကိုမင်းမင်း‌ဌေးက ‌ပြောသည်။

ကိုမင်းမင်း‌ဋ္ဌေးက “ကျ‌နော်တို့ အဓိကဖြစ်ချင်တာက အစားထိုးလယ်ယာ‌မြေ‌တွေကို အမြန်ဆုံး ပြန်ရချင်တယ်။ ‌နောက်ပြီး‌တော့ မမျှတတဲ့၊ မပြည့်ဝတဲ့ ‌လျော်‌ကြေးနစ်နာ‌ကြေး‌တွေကို ပြည့်ပြည့်ဝဝ ရ‌စေချင်တယ်။ ဒီမှာ အလွဲသုံးစားလုပ်‌နေသူ‌တွေကိုလည်း ဥပ‌ဒေ‌ကြောင်းအရ ထိထိ‌ရောက်‌ရောက်နဲ့ အ‌ရေးယူ‌ဆောင်ရွက်မှု‌တွေကို လုပ်‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ‌ဒေသခံများက ၎င်းတို့၏ လိုအပ်ချက်နှင့် ဆန္ဒများကို ပြည်‌ထောင်စုနှင့် ပြည်နယ်အစိုးရများထံသို့ တင်ပြ‌တောင်းဆို တိုင်ကြားမှုများရှိခဲ့‌သော်လည်း တာဝန်ရှိသူများ၏ ခြိမ်း‌ခြောက်ခံရမှုနှင့် မ‌ချေမငံ ဆက်ဆံခံရမှုများသာ ကြုံ‌တွေ့ခဲ့ရသည်ဟု ကိုမင်းမင်း‌ဋ္ဌေးက ဖြည့်စွက်‌ပြောဆိုသည်။

အထက်‌ပေါင်း‌လောင်း ‌ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၄-၂၀၀၅ခုနှစ်တွင် စတင်‌ဆောင်ရွက်ခဲ့ကာ ၂၀၁၄ နိုဝင်ဘာတွင် တည် ‌ဆောက်ပြီးစီးခဲ့သည်။ ကွန်ကရစ်တမံ အမျိုးအစားဖြစ်ပြီး အလျား‌ပေ ၁,၆၉၀၊ အမြင့် ၃၂၂‌ပေနှင့် ကန်‌ရေပြည့် ‌ရေ‌လှောင်ပမာ ဏ ၁,၃၇၉,၂၃၁ဧက‌ပေ ရှိသည်။ ဓာတ်အား‌ပေးစက်ရုံ ဓာတ်အား‌ပေးစက် ၂လုံး တပ်ဆင်ထားပြီး စက်အင်အား ၁၄ဝ မဂ္ဂါဝပ်ရှိ ကာ နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်း‌ပေါင်း ၄၅၄သန်းခန့်ကို မဟာဓာတ်အား ကွန်ရက်စနစ်သို့ ပို့လွှတ်ဖြန့် ဖြူးလျှက်ရှိသည်ဟု နိုင်ငံပိုင်သတင်းမီဒီယာများ၏ ‌ဖော်ပြထားချက်အရ သိရသည်။