Home သတင်း သံ‌တောင်ကြီးတွင် စိုက်ပျိုး‌မြေများကို သစ်‌တောကြိုးဝိုင်းအဖြစ်မှ ပယ်ဖျက်‌ပေးရန် လွှတ်‌တော်တွင်‌မေး

သံ‌တောင်ကြီးတွင် စိုက်ပျိုး‌မြေများကို သစ်‌တောကြိုးဝိုင်းအဖြစ်မှ ပယ်ဖျက်‌ပေးရန် လွှတ်‌တော်တွင်‌မေး

1859

ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်အတွင်းရှိ ‌ဒေသခံများ၏ စိုက်ပျိုးဥယျာဉ်ခြံ‌မြေများကို အစိုးရက သစ်‌တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်‌တောများအဖြစ် သက်မှတ်ထားခြင်းကို ပယ်ဖျက်‌ပေးရန် ဒီဇင်ဘာလ ၂၁ရက်‌နေ့၌ ကျင်းပသည့် အမျိုးသား လွှတ်‌တော် အစည်းအ‌ဝေးတွင် သံ‌တောင်ကြီးမြို့နယ်၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌နော်ခရစ္စထွန်းက ‌မေးခွန်း‌မေးမြန်း ခဲ့သည်။

သံ‌တောင်ကြီးမြို့နယ်အတွင်း လက်ရှိ သစ်‌တောဖုံးလွွှှမ်းမှု ၇ဝရာခိုင်နှုန်းရှိပြီး ၉ဝရာခိုင်နှုန်းမှာ ‌ဒေသခံများ စိုက်ပျိုးထားသည့် ဖာလာ၊ ‌ရော်ဘာ၊ ကွမ်းသီး၊ ‌ကော်ဖီနှင့် ဒူးရင်းပင်များဖြစ်ပြီး သစ်‌တောကြိုးဝိုင်းအဖြစ် မသတ်မှတ်ခင်ကတည်း ‌ခေတ်အဆက် ဆက် စိုက်ပျိုးထားခြင်းဖြစ်ကာ ‌ဒေသခံများ ‌နေထိုင်မှုစရိုက်များ‌ကြောင့် တရားဝင် အသိအမှတ်ပြု စိုက်ပျိုးလုပ်ကိုင်ခွင့် မရဖြစ်ခဲ့ သည်။ ထို့အပြင် ဖာလာထုတ်ကုန်အတွက် သစ်‌တောအခွန် ကင်းလွတ်ခွင့်မရရှိ‌သေးခြင်း‌ကြောင့် ‌မေးမြန်းရခြင်းဖြစ်‌ကြောင်း ‌နော်ခရစ္စထွန်းက ‌ပြောသည်။

၎င်းကိစ္စအ‌ပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးအုန်းဝင်းက “သံ‌တောင်ကြီးမြို့နယ်အတွင်း သစ်‌တောများသည် ‌ရေဝင်‌ရေလွှဲ လုပ်ငန်းအတွက် အလွန်အ‌ရေးကြီးပါတယ်။ မိမိ ကြိုက်နှစ် သက်ရာ သစ်‌တော သစ်ပင်များ ‌ရော‌နှောစိုက်ပျိုးကာ သစ်‌တော‌မြေအဖြစ်မှ ပယ်ဖျက်ခြင်းမပြုဘဲ ‌ဒေသခံပြည်သူများ ပါဝင် သည့် ဥယျာဉ်ခြံတည်လုပ်ငန်းဖြင့် နှစ်ရှည်စိုက်ခင်းကို ငှားရမ်းခ မ‌ပေးရသည့် ‌မြေငှားစနစ်ဖြင့်သာ ‌ဆောင်ရွက်ပါမယ်”ဟု အမျိုး သားလွှတ်‌တော် အစည်းအ‌ဝေးတွင် ပြန်လည်‌ဖြေကြားခဲ့သည်။

ထို့အပြင် သံ‌တောင်ကြီးမြို့နယ်၌ အိမ်‌ခြေငါးဆယ်နှင့်အထက် ပြည်ထဲ‌ရေးအပိုင်ဖြစ်သည့် ရွာ‌မြေ ၃၁၈.၁၆ဧက၊ လယ်‌မြေ ၃၀၁ ဧက၊ အများပိုင်‌မြေ ၁၀၁.၄ဧကနှင့် စုစု‌ပေါင်း ၇၃၁.၁၆ဧကတို့ကို သစ်‌တော‌မြေမှ ပယ်ဖျက်‌ပေးခဲ့ပြီး သစ်‌တောကြိုးဝိုင်းနှင့် ကြိုး ပြင်သစ်‌တောအတွင်းမှာ နှစ်ကာလ အတန်ကြာ ကျူး‌ကျော်‌နေထိုင်ခဲ့‌သော အိမ်‌ထောင်စုများအတွက် သစ်‌တော‌မြေမှ အဆင့် ဆင့် ပယ်ဖျက်‌ပေးလျှက်ရှိသည်ဟု ပြည်‌ထောင်စုဝန်ကြီးက ဆက်‌ပြောသည်။

အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌နော်ခရစ္စထွန်းက “ပြည်‌ထောင်စုဝန်ကြီး ‌ဖြေကြားသွားတဲ့အ‌ပေါ် မရှင်းလင်းဘူး။ လက် ‌တွေ့ ‌အောက်‌ခြေစာရင်း‌တွေနဲ့ ကွာခြား‌နေတယ်။ တကယ်‌တော့ ‌ဒေသခံ‌တွေ စိုက်ပျိုးထားတဲ့ အပင်‌တွေ‌ကြောင့် သစ်‌တောဖုံး လွှမ်း ၇ဝရာခိုင်နှုန်းဖြစ်‌နေတာ။ သစ်‌တောဆိုတာ မရှိသ‌လောက်ဖြစ်‌နေပြီး။ ဒါကို စိစစ်ပြီး သစ်‌တောကြိုးဝိုင်းအဖြစ်က ပယ်ဖျက် ‌ပေးဖို့ လိုတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်သည် ‌ကျောက်‌တောင်များ‌ပေါ်တွင် မြို့တည်ရှိ‌နေကာ ရာသီဥတု မျှတသည့် ‌တောင်‌ပေါ် မြို့ဖြစ်ပြီး ‌ဒေသခံများအ‌နေဖြင့် နှစ်ရှည် ‌ကော်ဖီ၊ ဒူးရင်း၊ ကွမ်းပင်နှင့် ဖာလာပင် စသည်တို့ကို မိရိုးဖလာ စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။