Home သတင်း ရပ်ဆိုင်းထားသည့် မင်းလွင်‌တောင် ‌ကျောက်ထုတ်လုပ်ငန်း ပြန်လည်စတင်မည်ကို ‌ဒေသခံများ စိုးရိမ်

ရပ်ဆိုင်းထားသည့် မင်းလွင်‌တောင် ‌ကျောက်ထုတ်လုပ်ငန်း ပြန်လည်စတင်မည်ကို ‌ဒေသခံများ စိုးရိမ်

1359

ဒီဇင်ဘာ ၆ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောခါးစူးညား

‌ကျောက်ထုတ်လုပ်ငန်း ရပ်ဆိုင်းထားသည့် မင်းလွင်‌တောင်တွင် ဖြူမင်းထွန်း ကုမ္ပဏီမှ တာဝန်ရှိသူအပါအဝင် ဘူမိ‌ဗေဒအရာရှိတစ်ဦးနှင့် ပြည်ပ ပညာရှင်တစ်ဦးပါဝင်သည့် အဖွဲ့က ဒီဇင်ဘာ ၅ရက်‌နေ့၌ ယင်း‌တောင်‌ပေါ်သို့ သွား‌ရောက်‌လေ့လာကြည့်ရှုမှုများရှိသည့်အတွက် ‌ကျောက်ထုတ်လုပ်ငန်း ပြန်လည်စတင်လာမည်ကို စိုးရိမ်လျှက်ရှိ‌ကြောင်း ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

သထုံမြို့နယ်၊ ပိန္နဲ‌တော‌ကျေးရွာအုပ်စုရှိ မင်းလွင်‌တောင်ကို ကွင်းဆင်း‌လေ့လာရန် ‌နေပြည်‌တော် သဘာဝ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် ဓါတ်သတ္တုရှာ‌ဖွေ‌ရေးဦးစီးဋ္ဌာနမှ ဘူမိ‌ဗေဒအရာရှိတစ်ဦး နှင့် ဖြူမင်းထွန်းမှ Technical Director Mr.Ong Kan Hock Terence နှင့်အဖွဲ့တို့က ဒီဇင်ဘာ ၁ ရက်မှ ၉ ရက်‌နေ့အထိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌နောင်ဘိုဆက်ဆံ‌ရေးရုံးထံ ခွင့်ပြုချက်ရထားခြင်း ဖြစ်သည်။

ကွင်းဆင်း‌လေ့လာမှုအ‌ပေါ် မင်းလွင်‌ဒေသခံတစ်ဦးဖြစ်သူ မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ‌စောင့်‌ရှောက်‌ရေး‌ကော်မတီမှ ‌နော်သန်းစိန်က “‌ကျောက်ထုတ်လုပ်ငန်း မလုပ်ဖို့ ရပ်ဆိုင်းထားတယ်‌လေ။ အခုလို လာ‌ရောက်‌လေ့လာ‌တော့ ကျမတို့ ‌ဒေသခံက‌တော့ ထပ်လုပ်မှာကို စိုးရိမ်တယ်။ ဒါကို မလုပ်ဖို့ သက်ဆိုင်သူ တာဝန်ရှိသူထံ ကျမတို့ ဆက်လက်တင်ပြသွားရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖြူမင်းထွန်း ကုမ္ပဏီနှင့်အဖွဲ့သည် ယမန်‌နေ့က မင်းလွင်‌တောင်သို့ ကွင်းဆင်း‌လေ့လာသည့်အခါ သက်ဆိုင်သူ ‌ဒေသခံတာဝန်ရှိသူများကိုပါ ‌တောင်းဆိုထား‌သော်လည်း အမှန်တကယ် လာ‌ရောက်သည့်အခါ ၎င်းတို့အား ‌ခေါ်သွားခြင်းမရှိ‌ကြောင်း သူမက ဆက်‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၁) ‌နောင်ဘို ဆက်ဆံ‌ရေးရုံး တာဝန်ခံ ပဒို‌စော‌အေးနိုင်က “အခု သွားတဲ့အဖွဲ့က မင်းလွင်း‌တောင်မှာ ဖြူမင်းထွန်း ကုမ္ပဏီရဲ့ လုပ်‌ဆောင်ခဲ့တဲ့ အရာ‌တွေမှာ ပတ်ဝန်းကျင်ထိခိုက်မှု ရှိမရှိ ‌လေ့လာဖို့ လာ‌ရောက်ခြင်းသာဖြစ်ပါတယ်။ ‌ရှေ့ဆက်လုပ်ဖို့ မဟုတ်ပါဘူး။ တကယ်လို့ လုပ်မယ်ဆို ‌ဒေသခံလူထုရဲ့ လူထုရဲ့ သ‌ဘောထားအ‌ပေါ်မှာပဲ မူတည်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မင်းလွင်ထုံး‌ကျောက်‌တောင်ကို ‌ကျောက်ထုတ်လုပ်ငန်းအားလုံး ရပ်ဆိုင်းထားလိုက်ပြီဟု ယခုနှစ် ‌မေလ ၂၈ ရက်‌နေ့က ‌ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးလှုပ်ရှားသူအချို့က စာထုတ်ပြန်ထား သည်။ အလားတူ ဧပြီ ၂၂ ရက်‌နေ့ကလည်း ‌ကေအဲန်ယူ၏ ဗဟို စီးပွား‌ရေး‌ကော်တီမှ မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့်စီမံကိန်းနှင့် ‌ကျောက်ထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ထားသည်။