Home သတင်း မွန်ပြည်နယ်အတွင်း ကရင်နှစ်သစ်ကူး ကျင်းပရန်အတွက် ပြည်နယ်အစိုးရ ကျပ်သိန်း ၁၅ဝချီးမြှင့်‌ပေး

မွန်ပြည်နယ်အတွင်း ကရင်နှစ်သစ်ကူး ကျင်းပရန်အတွက် ပြည်နယ်အစိုးရ ကျပ်သိန်း ၁၅ဝချီးမြှင့်‌ပေး

1688

ဒီဇင်ဘာ ၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

မွန်ပြည်နယ်အတွင်း ၂၇၅၆ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်များ ကျင်းပရန်အတွက် ပြည်နယ်အစိုးရ ရံပုံ‌ငွေထဲမှ ကျပ်သိန်း ၁၅ဝ ချီးမြှင့်‌ပေးသွားမည်ဟု ဒီဇင်ဘာ ၄ရက်‌နေ့တွင် မွန်ပြည်နယ်၊ ကရင်‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ်အတွင်း ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်များကျင်းပ‌ရေးနှင့် ပတ်သက်၍ ဒီဇင်ဘာ ၄ရက်၊ နံနက် ၁ဝနာရီတွင် ‌မော်လမြိုင်မြို့ ‌ပေါ်ရှိ နည်းပညာတက္ကသိုလ်၊ ကရင်‌ကျောင်းသားများ ‌ဘော်ဒါ‌ဆောင်၌ ပြည်နယ်အတွင်းရှိ မြို့နယ် ၁ဝခုမှ နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ‌ကော်မတီကိုယ်စားလှယ်များနှင့် ‌တွေ့ဆုံပွဲ ပြုလုပ်ကာ မြို့နယ်အလိုက် ခွဲ‌ဝေ‌ပေးမည့် အစီအစဉ်ကို ရှင်းလင်း‌ပြောကြားခဲ့သည်ဟု ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က “ကရင်နှစ်သစ်ကူး ပွဲ‌တော်ကျင်းပဖို့ ပြည်နယ်အစိုးရရံပုံ‌ငွေ ထဲက ကျပ်သိန်း ၁၅ဝ ကျခံသုံးစွဲမယ်။ ၁ဝမြို့နယ်ကို တစ်မြို့နယ် ၁၅သိန်းနှုန်းခွဲ‌ဝေပြီး မြို့နယ်အလိုက် ‌ကော်မတီ‌တွေကို လွှဲ‌ပေးမယ်။ လာ မယ့်အပတ်ထဲမှာ အစိုးရရုံးမှ မြို့နယ်အလိုက်‌ကော်မတီ‌တွေကို ‌ပေးအပ်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ဆယ်စုနှစ်ချီကျင်းပနိုင်ခဲ့ပြီး ပြည်နယ် အစိုးရက ယခုလို ချီးမြှင့်‌ငွေ ရရှိခြင်းမှာ ပထမဦးဆုံးဖြစ်ပြီး နည်းသည်များသည် သ‌ဘောမထားဘဲ အသိအမှတ် ပြုသည်ဟု ထင်မြင်‌ကြောင်း နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး မြို့နယ် ‌ကော်မတီဝင်အချို့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကျိုက်မ‌ရောမြို့နယ် အက္ထရံမြစ်အ‌နောက်ဘက်ခြမ်း နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး‌ကော်မတီ၊ ယဉ်‌ကျေးမှုဆပ် ‌ကော်မတီ ဥက္ကဋ္ဌ ‌စော‌မောင်လှက “ကျိုက်မ‌ရောမြို့နယ်မှာက နှစ်သစ်ကူးပွဲ‌တော်ကျင်းပဖို ့အက္ထရံမြစ် အ‌နောက် ဘက်‌ကော်မတီနဲ ့ အ‌ရှေ့ဘက်‌ကော်မတီဆိုပြီး ၂ ခုရှိတယ်။ ၂ ‌နေရာလုပ်တယ်။ ဒါကလည်း ကြာခဲ့ပြီး တွဲမလုပ် ဖြစ်‌သေး ဘူး။ အခု တစ်မြို့နယ်ကို ၁၅သိန်းနှုန်း‌ပေးမယ်ဆို‌တော့ ‌ကော်မတီနှစ်ခု ခွဲယူရမယ့် သ‌ဘောရှိတယ်။ မ‌ပေးလည်း ကိုယ့်ဘာသာကိုယ် နှစ်တိုင်းလုပ်ခဲ့တာပဲ‌လေ။ ပွဲ‌တော်မှာ ဒုံးဆု‌ပေးတာတင် ကျပ်သိန်း၂၀‌လောက် ကုန်တယ်။ အစိုးရကိုလည်း နားလည်တယ်။ အခုလို‌ပေးတာ ‌ကောင်းတယ်လို့ ‌ပြောချင်တယ်” ဟု ‌ပြောသည်။

အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို စခန်းကြီး‌ကျေးရွာအုပ်စု၊ ဖားကန်ကုန်း ‌ကျေးရွာတွင် ပြုလုပ်သွားမည်ဖြစ်သလို ‌ကော်မတီအ‌နေဖြင့် နှစ်စဉ် ကျပ်သိန်း ၁၀ဝအထက် အကုန်အကျခံကာ ပြုလုပ်‌လေ့ရှိပြီး ယခုနှစ်တွင် အစိုးရက ကျပ် ၁၅သိန်း‌ပေးမည့်အ‌ပေါ် ဝမ်းသာမိသည်ဟု ပွဲ‌တော်ဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင် ‌စောထွန်းဝင်းက ‌ကေအိုင်စီသို့ ယ‌နေ့( ဒီဇင်ဘာ ၅ရက်)တွင် ‌ပြောသည်။

လက်ရှိ အစိုးရသစ်လက်ထက်အတွင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်းပရန် အစိုးရက ပြည်နယ်နှင့် တိုင်းအသီးသီးသို ့ ချီးမြှင့်‌ငွေများ အသီးသီးချထား‌ပေးကာ ဧရာဝတီတိုင်း‌ဒေသကြီးအဆင့် ကရင်နှစ်သစ်ကူး ပွဲ‌တော်အတွက် ကျပ် ၃၅ဝသိန်း၊ မွန်ပြည်နယ်တွင် ကျပ်သိန်း ၁၅ဝ အသီးသီး‌ပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်း‌ဒေသ ကြီးတွင်လည်း ကျပ်သိန်း ၃၅ဝ ချထား‌ပေးရန်ရှိ‌ကြောင်း သိရသည်။ျ