Home သတင်း ဘီလူးကျွန်း စု‌ပေါင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ပရိဿတ် ၅၀၀‌ကျော် တက်‌ရောက်ဆင်နွှဲ

ဘီလူးကျွန်း စု‌ပေါင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ပရိဿတ် ၅၀၀‌ကျော် တက်‌ရောက်ဆင်နွှဲ

1828

ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ‌ချောင်းဆုံမြို့နယ်၏ ၅ဝကြိမ်‌မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ယ‌နေ့ (ဒီဇင်ဘာ ၂၉ ရက်)တွင် ကွန်ဒိုင်း‌ကျေးရွာ၌ ရွာ (၇)ရွာ စု‌ပေါင်း ကျင်းပခဲ့ရာ စုစု‌ပေါင်း ပရိဿတ် (၅၀၀)ဦး‌ကျော် တက်‌ရောက်ဆင်နွှဲခဲ့ကြ သည်။

ဘီလူးကျွန်းတွင် ‌နေထိုင်ကြသည့် ကွန်ဒိုင်း၊ ‌ကော့ကဒဲ့၊ ‌ဖော‌ဖော၊ ဝင်းစိန်၊ ‌စော်ကဲ၊ ကမနင်းနှင့် နှင်းမုတ် စသည့် ကရင်‌ကျေးရွာ များမှ ဒုံးအဖွဲ့များနှင့် ရွာသူရွာသားများ၊ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ မွန်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီ၊ အုပ်ချုပ် ‌ရေးမှူးတာဝန်ရှိသူများက အဆိုပါကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို အစဉ်အလာမပျက် စု‌ပေါင်း ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ် သည်။

အဆိုပါ ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်တွင် လူကြီးဒုံးအဖွဲ့ ၅ဖွဲ့နှင့် က‌လေးဒုံးအဖွဲ့ ၅ဖွဲ့တို့ ကပြ‌ဖျော်‌ဖြေမှု၊ ကဗျာရွတ်ဆိုပြိုင် ပွဲ၊ ဝတ်စားဆင်ယင်မှုပြိုင်ပွဲ၊ ‌မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်ဝင်တန်း‌အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အစီအစဉ်အပြင် ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ပဒို‌စောလစ္စတန်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား တက်‌ရောက်‌ပြောကြားခဲ့ သည်။

ဘီလူးကျွန်းတွင် ကရင်၊ မွန်နှင့် ဗမာစသည့် တိုင်းရင်းသားလူမျိုးစုများ ‌နေထိုင်ကြသည့် ‌ကျေးရွာ စုစု‌ပေါင်း ၆၄ရွာရှိသည့်အနက် ကရင်‌ကျေးရွာ ၇ရွာရှိပြီး ၎င်းကရင်အမျိုးသား‌ကျေးရွာ ၇ခုနှစ်ရွာမှ ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကို အလှည့်ကျစနစ်ဖြင့် ကျင်းပလာသည်မှာ နှစ် ၅ဝရှိပြီးဖြစ်‌သော်လည်း ကရင်အမျိုးသားအစည်းအရုံးအ‌နေဖြင့် ပထမဦးဆုံးအကြိမ် တက်‌ရောက်ခဲ့ခြင်း ဖြစ်သည်။