Home သတင်း ပန်းတ‌နော် စာယဉ် အနုသုခုမ ဆက်‌ကော်မတီတွင် အတူတွဲလုပ်ရန် အနုပညာရှင်များ‌ဆွေး‌နွေး

ပန်းတ‌နော် စာယဉ် အနုသုခုမ ဆက်‌ကော်မတီတွင် အတူတွဲလုပ်ရန် အနုပညာရှင်များ‌ဆွေး‌နွေး

1731

ဒီဇင်ဘာ ၉ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ပန်းတ‌နော်မြို့နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီလက်‌အောက်ခံ၊ အနုသုခုမ ဆပ်‌ကော်မတီတွင် စည်းလုံးညီညွှတ်စွာ တွဲလုပ်နိုင်‌ရေးအတွက် ကရင်ဂီတ အနုပညာရှင်များက ဒီဇင်ဘာ ၇ ရက်‌နေ့တွင် ပန်းတ‌နော် မြို့နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ပြတိုက်၌ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်ဟု ဦး‌ဆောင်စီစဉ်သူများက ဒီဇင်ဘာ ၈ရက်‌နေ့တွင် ‌ပြောသည်။

‌ဆွေး‌နွေးပွဲဖြစ်‌မြောက်‌ရေး ဦး‌ဆောင်စီစဉ်သူ စ‌အောင်ကိုလတ်က “ကျ‌နော်တို့ အခုလုပ်တယ်ဆိုတာ ‌တေးဂီတ အပိုင်းမှာ ပါတဲ့ နာမည်ရှိတာတဲ့ အဆို‌တော်၊ မရှိထားတဲ့ အဆို‌တော် အားလုံးပါဝင်ပြီး‌တော့ စည်းစည်းလုံးလုံး ဖြစ်သွားနိုင်မယ်။ ‌နောက်ပြီး‌တော့ စာ‌ပေနဲ့ ယဉ်‌ကျေးမှုအတွက်လည်း အ‌ထောက်အကူဖြစ်မယ်‌ပေါ့။ ဒီရည်ရွယ် ချက်နဲ့ လုပ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အနုသုခုမ ဆပ်‌ကော်မတီ၌ ဇာတ်သဘင်လုပ်ငန်း၊ ကရင်ရိုးရာ ဒုံးအက သင်တန်း၊ လူငယ် ဇာတ်ကား ရိုက်ကူး ထုတ်လုပ်ခြင်းနှင့် ‌တေးဂီတအပိုင်း စသည်ဖြင့် အားလုံး ပူး‌ပေါင်းကာ အသိအမှတ်ပြုနိုင်‌ရေးနှင့် ‌တေးဂီတဝိုင်းများလည်း ပါဝင်နိုင်ရန် ‌ဆွေး‌နွေးခဲ့သလို ဆပ်‌ကော်မတီ နာယက၊ ဥက္ကဋ္ဌ၊ အတွင်း‌ရေးမှူးများ ထားရှိဖွဲ့စည်း‌ရေးအတွက် ‌ဆွေး‌နွေးခဲ့သည်ဟု စ‌အောင်ကိုလတ်က ဆက်‌ပြောသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်လာသူ အနုုပညာရှင် စ‌ဝေလျံ‌ကျော်ကလည်း “ကျ‌နော်တို့ ကရင်စာ‌ပေသင်တန်းဆင်းပွဲ‌တွေ နှစ်သစ်ကူး‌တွေမှာ အနုပညာ သမား အားလုံးက ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု‌ကော်မတီရဲ့ အနုသုခုမ ဆပ်‌ကော်မတီအ‌နေနဲ့ ‌ဖျော်‌ဖြေနိုင်ဖို့ အခု‌ဆွေး‌နွေးကြတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ပန်းတ‌နော်မြို့နယ်အတွင်း မျိုးဆက်သစ် ကရင်အနုပညာရှင်များ‌မွေးထုတ်‌ရေးအတွက် နည်းပညာ၊ ‌ငွေ‌ကြေးနှင့် ပံ့ပိုးမှုအပိုင်း စသဖြင့်အဖက်ဖက်မှ အားနည်းချက်များရှိကာ အနုပညာရှင်းများအ‌နေဖြင့် ဝါသနာ အရသာ လုပ်ကိုင်‌နေ‌သော်လည်း အခက်အခဲမျိုးစုံကြုံ‌တွေ့‌နေရ‌ကြောင်း ပန်းတ‌နော်မြို့ခံ ကရင်အနုပညာရှင် များက ‌ပြောသည်။

အဆိုပါ အနုသုခုမ ဆပ်‌ကော်မတီ ပြန်လည်ဖွဲ့စည်းအသက်သွင်းနိုင်‌ရေးအတွက် ‌ဆွေး‌နွေးပွဲကို မြို့နယ်အနီး တဝိုက်ရှိ ကရင်အနုပညာရှင် ၂၉ဦးတက်‌ရောက်ခဲ့ပြီး လာမည့် ဒီဇင်ဘာ ၂၇ ရက်‌နေ တွင် ထပ်မံ‌တွေ့ဆုံ ‌ဆွေး‌နွေးမည်ဖြစ်‌ကြောင်း သိရသည်။