Home သတင်း ပထမဆုရ တက္ကသိုလ်များစု‌ပေါင်းဒုံးအဖွဲ့ ‌နေပြည်‌တော်နှစ်သစ်ကူးတွင် သွား‌ရောက်‌ဖျော်‌ဖြေမည်

ပထမဆုရ တက္ကသိုလ်များစု‌ပေါင်းဒုံးအဖွဲ့ ‌နေပြည်‌တော်နှစ်သစ်ကူးတွင် သွား‌ရောက်‌ဖျော်‌ဖြေမည်

2279

ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ပါတီ‌ပေါင်းစုံမှ ကရင်လွှတ်‌တော်ကိုယ်စားလှယ်များ ဦး‌ဆောင်၍ ‌နေပြည်‌တော်တွင် ပထမဦးဆုံးအကြိမ် ကျင်းပမည့် ကရင်နှစ် သစ်ကူးပွဲ‌တော်၌ ကျင်းပ‌ရေး‌ကော်မတီ၏ ဖိတ်ကြားချက်အရ (၆၁)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့တွင် ကရင်ရိုးရာဒုံးအက ပထမ ဆုရ တက္ကသိုလ်များ စု‌ပေါင်းဒုံးအဖွဲ့မှ ပြည်နယ်ကိုယ်စားအဖြစ် သွား‌ရောက်‌ဖျော်‌ဖြေမည်ဟု သိရသည်။

‌နေပြည်‌တော်၊ (MICC-2)ခန်းမ၌ ကျင်းပမည့် ကရင်သက္ကရာဇ် ၂၇၅၆ခုနှစ်။ ခရစ်နှစ် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက်‌နေ့တွင် ကျ‌ရောက်‌သော (၇၉)ကြိမ်‌မြောက် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော် အခမ်းအနားတွင် ၎င်းဒုံးအဖွဲ့မှ ပြိုင်ပွဲဝင် ဒုံးအကအပြင် ကရင့်ရိုး ရာဝါးညှပ်အက၊ ကြိုးကျစ်အက၊ ကရင်သီချင်း‌တေးသရုပ်‌ဖော်အက၊ ရိုးရာဓ‌လေ့အကများဖြင့် ‌ဖျော်‌ဖြေတင်ဆက်ရန် ဒုံးအဖွဲ့ဝင် များနှင့် အုပ်ချုပ်သူများ အပါအဝင် အဖွဲ့ဝင်‌ပေါင်း ၄ဝဦးဖြင့် သွား‌ရောက်ကြမည်ဖြစ်သည်။

တက္ကသိုလ်များ စု‌ပေါင်းဒုံးအဖွဲ့‌ခေါင်း‌ဆောင် ‌စော‌အောင်‌ကျော်ငြိမ်းက “ကျ‌နော်တို့ အရမ်း‌ပျော်ပါတယ်။ ကိုယ့်မြန်မာပြည်ရဲ့ မြို့ ‌တော်‌နေပြည်‌တော်မှာ အစိုးရလူကြီး‌တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်‌တွေ၊ ‌ဒေသခံ‌တွေ‌ရှေ့မှာ ကရင့်ရိုးရာအက‌တွေကို ‌ဖျော် ‌ဖြေရမယ့်ပွဲမို့ ကိုယ့်ဒုံးအသင်းကိုယ်စား‌ရော၊ ပြည်နယ်ကိုယ်စား‌ရော ဂုဏ်ယူမိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ နှစ်သစ်ကူးပွဲ‌တော်သို့ သွား‌ရောက်‌ဖျော်‌ဖြေရန် ညစဉ် အကများ စု‌ပေါင်း‌လေ့ကျင့်ခြင်း၊ ကကွက် ကချိုးများ ပြန်လည် ဆန်းသစ်ခြင်းတို့ကို လုပ်‌ဆောင်‌နေကြပြီး ဒီဇင်ဘာ ၂၇ရက်တွင် ဖားအံမြို့မှ ‌နေပြည်‌တော်သို့ စတင် ထွက်ခွာကာ ၂၈ရက်‌နေ့ တွင် ‌လေ့လာ‌ရေးအစီအစဉ်နှင့် ၂၉ရက်‌နေ့တွင် ရိုးရာအကများ တင်ဆက်‌ဖျော်‌ဖြေပြီး‌နောက် ၃ဝရက်‌နေ့တွင် ဖားအံမြို့သို့ ပြန် လည်‌ရောက်ရှိလာကြမည်ဖြစ်‌ကြောင်း ဒုံးအသင်း တာဝန်ရှိသူများထံမှ သိရသည်။
dsc_9447
ဖားအံ တက္ကသိုလ်‌ကျောင်းသူ နန်းစန္ဒာ‌အေးက “အခုလို ကိုယ်စားပြု သွား‌ရောက်ကပြရာမှာဆို‌တော့ အစွမ်းကုန် စု‌ပေါင်း‌ဖျော် ‌ဖြေသွားမှာပါ။ ကိုယ့်ရိုးရာအကကို ရုပ်သံလိုင်း‌တွေက လွှင့်တာကိုလည်း ကြည့်ပြီး အား‌ပေးကြပါ။ ဒီရိုးရာဒုံးအကဆိုရင် ကရင်လူ ငယ်‌တွေ ကိုယ့်လူမျိုးရဲ့ရိုးရာအကမို့ လူငယ်တိုင်း သင်ယူ ကတတ်‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ပထမဆုရရှိသည့် တက္ကသိုလ်များစု‌ပေါင်း ယဉ်‌ကျေးမှုဒုံးအဖွဲ့ထဲတွင် ယခင်နှစ်များက ဖားအံတက္ကသိုလ်၊ ‌မော်လမြိုင် တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်များသာ ပါဝင်ပြီး ယခုနှစ်တွင် ပုသိမ်တက္ကသိုလ်၊ မ‌ကွေးတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့ ထပ်မံ ပူး‌ပေါင်းပါဝင်လာခဲ့သည်။ အဆိုပါ ဒုံးအဖွဲ့သည် ပြည်နယ်အတွင်း ကျင်းပသည့် အခမ်းအနားပွဲများ၊ ဧည့်ခံပွဲများ၊ ဘာသာ ‌ရေးဆိုင်ရာ ပွဲ‌တော်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာပွဲများ၌ လှည့်လည်‌ဖျော်‌ဖြေလျှက်ရှိသည်။

အလားတူ ဒီဇင်ဘာလ ၁၄ရက် ည ၆နာရီခန့်ကလည်း ပါတီ‌ပေါင်းစုံမှ ကရင်တိုင်းရင်းသား လွှတ်‌တော်ကိုယ်စားလှယ်များ၊ ပျဉ်းမ နား၊ ‌ရေဆင်းတက္ကသိုလ် ကရင်‌ကျောင်းသူ‌ကျောင်းသားများနှင့် ‌နေပြည်‌တော် MRTV တိုင်းရင်းသားမီဒီယာဝန်ထမ်းများ အပါအ ဝင် စုစု‌ပေါင်း ၆၀‌ကျော်သည် ‌နေပြည်‌တော်ရှိ နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ အတိုင်ပင်ခံရုံး‌နေအိမ်သို့ သွား‌ရောက်ကာ ကရင်နှစ်သစ်ကူး‌နေ့အကြို ဂုဏ်ပြု‌တေးသီချင်းများကို သွား‌ရောက်သီဆိုခဲ့ကြ‌သေးသည်။