Home သတင်း နယ်စပ်တွင်ဆက်ရှိပြီး ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းကို ဆက်လက်ပြုလုပ်‌ပေးသွားမည်ဟု ‌ဒေါက်တာ စင်သီယာ‌မောင်‌ပြော

နယ်စပ်တွင်ဆက်ရှိပြီး ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းကို ဆက်လက်ပြုလုပ်‌ပေးသွားမည်ဟု ‌ဒေါက်တာ စင်သီယာ‌မောင်‌ပြော

1194

ဒီဇင်ဘာ ၆ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

မယ်‌တော်‌ဆေးခန်းအပါအဝင် ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက်ကျန်းမာ‌ရေးအဖွဲ့အစည်းများအ‌နေဖြင့် နယ်စပ် တွင်အ‌ခြေစိုက်ပြီး ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းများကို ဆက်လက်လုပ်‌ဆောင်သွားရမည့် အ‌ခြေအ‌နေမှာ ရှိ‌နေ‌သေး‌ကြောင်း မယ်‌တော်‌ဆေးခန်းကို တည်‌ထောင်သူ ‌ဒေါက်တာစင်သီယာ‌မောင်က ယ‌နေ့ (ဒီဇင်ဘာ ၆ရက်)တွင် ကျင်းပသည့် သူမ၏ (၅၇)နှစ်ပြည့် ‌မွေး‌နေ့အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

‌ဒေါက်တာ စင်သီယာ‌မောင်က “လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေအရ စိတ်မချရ‌သေးတဲ့အ‌ခြေအ‌နေမှာ ‌နေ‌နေရတဲ့ ပြည်သူလူထု‌တွေကလည်း အများကြီးရှိ‌နေ‌သေးသလို ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေ၊ ဒုက္ခသည်‌တွေ ‌နေရပ်ပြန် ဖို့ အဆင်သင့်မဖြစ်‌သေးတဲ့အချိန်မှာ ကျန်းမာ‌ရေးအဖွဲ့အစည်း‌တွေအ‌နေနဲ့ ဒီမှာပဲဆက်ရှိ ‌နေရအုံးမှာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် မိမိတို့အ‌နေဖြင့် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့် ပိုမိုပူး‌ပေါင်းကာ ‌ရေရှည်ဖြစ်‌စေမည့် ကျန်းမာ‌ရေးလုပ်ငန်းများကို ဦးစား‌ပေးလုပ်‌ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ အစိုးရကျန်းမာ‌ရေးဋ္ဌာနများ၊ နိုင်ငံတကာ ကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့်ပူး‌ပေါင်း‌ဆောင်ရွက်နိုင်‌ရေးကို ဆက်လက်ကြိုးပမ်း လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း ‌ဒေါက်တာစင်သီယာ‌မောင်က ဆက်‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက်သည့် ကျန်းမာ‌ရေးအဖွဲ့အစည်းနှင့်ပညာ‌ရေးအဖွဲ့အစည်းများမှာ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများ၊ ဒုက္ခသည်များအတွက်သာမက နယ်စပ်တစ်‌လျှောက်ရှိ တိုင်းရင်းသားများနှင့် ပြည်တွင်းရှိ နွမ်းပါးသူများအတွက် အားကိုးအားထားပြု‌နေရဆဲဖြစ်သည့် အဖွဲ့အစည်းများလည်း ဖြစ်သည်။

ထိုသို့ ကျန်းမာ‌ရေး၊ ပညာ‌ရေးစသည့် အကူအညီများ‌ပေး‌နေရ‌သော်လည်း ၂၀၁၂ခုနှစ်‌နောက်ပိုင်းမှစ၍ နိုင်ငံတ ကာအကူအညီ‌ပေးသည့်အဖွဲ့များ၏ အကူအညီများ‌လျော့နည်းလာမှု‌ကြောင့် အခက် အခဲများ ဖြစ်‌ပေါ်လာသည့် အတွက် ကြိုးစားရပ်တည်‌နေရသည့် အ‌ခြေအ‌နေများရှိ‌ကြောင်းလည်း အဆိုပါ အဖွဲ့ အစည်းများက ‌ပြောဆိုသည်။
dsc_0111
မြန်မာ‌ရွှေ့‌ပြောင်း ပညာ‌ရေး‌ကျောင်းတစ်‌ကျောင်းဖြစ်သည့် ခွယ်က‌ဘောင်‌ကျောင်းမှ ‌ကျောင်းအုပ် မန်းဗလစိန်က “နိုင်ငံတကာ အကူအညီ‌ပေးမှု‌တွေကလည်း တဖြည်းဖြည်း အခက်အခဲဖြစ်လာတဲ့အ‌ပေါ်မှာ ကြိုးစားရပ်တည် ‌နေရဆဲဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကလည်း ဘာတစ်ခုမှ ‌ရေရာ‌သေချာတာ မ‌တွေ့‌သေးဘူး။ ဒါ‌ပေမဲ့လည်း ‌ရွှေ့‌ပြောင်းက‌လေးငယ်‌တွေ ပညာ‌ရေးအတွက်က ဒီမှာပဲ အတတ်နိုင်ဆုံးဆက်လက်ပြီး‌တော့ ရနိုင်သမျှလုပ် သွားရမှာပဲဖြစ်တယ်”ဟု ‌ပြောသည်။

‌ဒေါက်တာစင်သီယာ‌မောင်ဦးစီးသည့် မယ်‌တော်‌ဆေးခန်းတွင် လက်ရှိ နယ်စပ်နှင့်ပြည်တွင်းမှ တစ်ရက်လျှင် ပျမ်းမျှ လူနာဦး‌ရေ ၃၀ဝခန့်ပုံမှန် အခမဲ့ကုသ‌ပေး‌နေရဆဲဖြစ်သလို မဲ‌ဆောက် အပါအဝင် မြို့နယ် ၃မြို့နယ်တွင် မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း ၇၀‌ကျော်မှ မြန်မာ‌ရွှေ့‌ပြောင်း က‌လေး နှစ်‌သောင်းဝန်းကျင်ခန့် ပညာသင်ကြား ‌နေရဆဲဖြစ်‌ကြောင်း မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး‌ကော်မတီ၏ စာရင်းအရ သိရသည်။

ယ‌နေ့ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းအ‌ဆောင်သစ်ခန်းမ၌ ကျင်းပသည့် ‌ဒေါက်တာ စင်သီယာ ‌မောင်၏ ၅၇နှစ်ပြည့် ‌မွေး‌နေ့ပွဲတွင် ကရင်ရိုးရာဒုံးယိမ်းအက၊ ကဗျာရွတ်ဆိုုမှု၊ အားကစား၊ စာစီစာကုံး နှင့်ပန်းချီပြိုင်ပွဲဆုရရှိသူများအား ဆု‌ပေးခြင်းနှင့် ‌မွေး‌နေ့ဆု‌တောင်း‌ပေးခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ကြပြီး ‌မွေး‌နေ့ပွဲသို့ ပရိဿတ် ၄၀၀‌ကျော် တက်‌ရောက်ဆင်နွှဲခဲ့ကြသည်။