Home သတင်း တိုက်ကြီးတွင် ကရင်စာသင် ဆရာ၊ ဆရာမ ၆၄ဦးရှိ‌သော်လည်း ၄၃ဦးသာ ချီးမြှင့်‌ငွေရ

တိုက်ကြီးတွင် ကရင်စာသင် ဆရာ၊ ဆရာမ ၆၄ဦးရှိ‌သော်လည်း ၄၃ဦးသာ ချီးမြှင့်‌ငွေရ

1647

ဒီဇင်ဘာ ၃၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ တိုက်ကြီးမြို့နယ် အတွင်းရှိ အစိုးရ အ‌ခြေခံပညာ‌ကျောင်းများတွင် ၂၀၁၆-၁၇ ပညာ သင်နှစ်အတွင်း မူလတန်း‌အောက်အဆင့် ကရင်စာသင် ဆရာ၊ ဆရာမ ၆၄ ဦးရှိ‌သော်လည်း အစိုးရက ၄၃ ဦး ကိုသာ ချီးမြှင့်လစာ‌ငွေ‌ပေးသည့်အတွက် ဆရာ၊ ဆရာမ အားလုံးရရှိရန် မြို့နယ်စာယဉ်က အချိုးကျ ပြန်ခွဲ‌ဝေ ‌ပေးခဲ့ရသည်ဟု မြို့နယ်စာယဉ်အဖွဲ့ဝင် ‌နော်ဆဲဆဲထူးက ဒီဇင်ဘာ ၂ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ တိုက်ကြီးမြို့နယ်အတွင်း ကရင်စာသင်ကြားနိုင်‌ရေးအတွက် မြို့နယ် စာယဉ်နှင့် မြို့နယ် ပညာ‌ရေးမှူး ရုံးတို့က ဦး‌ဆောင်လုပ်ကိုင်ခြင်းဖြစ်ပြီး ကရင်စာသင် ဆရာ၊ ဆရာမ ၆၄ဦးအတွက် ပထမဆုံးအကြိမ်ချီးမြှင့် လစာ‌ငွေ ‌ပေးအပ်ပွဲကို တိုက်ကြီးမြို့‌ပေါ် ရှမ်းစု ၂လမ်းရှိ ပန်းပျိုးလက် မူကြို‌ကျောင်း၌ ဒီဇင်ဘာ ၂ ရက်‌နေ့က ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ယခုလို ပြန်လည်ခွဲ‌ဝေ‌ပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်း‌ဒေသကြီး စာယဉ်တွဲဖက် အတွင်း‌ရေးမှူးလည်းဖြစ်သူ ‌နော်ဆဲဆဲထူးက “ အခု ပညာ‌ရေးမှူးရုံးက ကရင်စာသင်တဲ့ ဆရာ‌တွေကို တစ်လ ကျပ်သုံး‌သောင်းနှုန်းနဲ ့ ‌လေးလစာ တစ်သိန်းနှစ်‌သောင်း‌ပေးတယ်။ သူတို့ဆီမှာ စာရင်းရှိတာ ဆရာ၊ ဆရာမ ၄၃ဦးပဲရှိတယ်။ မြို့နယ် စာယဉ်က‌နေ စီစဉ်‌ပေးပြီး ‌ကျောင်း‌တွေမှာ လက်‌တွေ့ သင်‌နေတာ ၆၄ဦးရှိတယ်။ ဒီ‌တော့ အားလုံးရ‌အောင် တစ်ဦးကို ခုနှစ်‌သောင်းနှုန်း ပြန်ခွဲ‌ဝေ‌ပေးလိုက် တယ်”ဟု ‌ပြောသည်။

တိုက်ကြီးမြို့နယ် စာယဉ်အ‌နေဖြင့် မြို့နယ်အတွင်း ကရင်စာသင်ကြားမည့် ‌ကျောင်းများနှင့် ဆရာ၊ ဆရာမ စာရင်းများကို မြို့နယ် ပညာ‌ရေးမှူးရုံးသို့ စာရင်းနှစ်ကြိမ်တိုင်သွားပို့ ခဲ့‌သော်လည်း စာရင်းများ ‌ပျောက်ဆုံး သွားသည့်အတွက် အမှန်တကယ် စာရင်းပိတ်ချိန်တွင် ဆရာ၊ ဆရာမ ၄၃ ဦးသာ စာရင်းရှိသည့်အတွက် ဆရာအချို့ကျန်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးစသင်သည့် နှစ်ဖြစ်သည့်အတွက်လည်း အားနည်းချက်များရှိခဲ့သည်ဟု ‌နော်ဆဲဆဲထူးက ဖြည့်စွက်‌ပြောသည်။

တိုက်ကြီးမြို့နယ်၊ မိုးကုလားရွာ အ‌ခြေခံပညာမူလတန်း‌ကျောင်းတွင် ပြင်ပကရင်စာသင်ဆရာတစ်ဦးဖြစ်သူ ‌စောအယ်‌သော‌စေးက “ ကျ‌နော်က သာသနာအလုပ်လုပ်ရင်း ကရင်စာသင်မဲ့ ဆရာမရှိလို့ စာယဉ်က ကူညီဖို ့ ‌ပြောလို့ ရွာ‌ကျောင်းမှာသင်တယ်။ ‌ကျောင်းသား ၈၆ ‌ယောက်ရှိတယ်။ အားလုံး‌တော့ လာမတက်ဘူး။ ဒါ‌ပေမဲ့ ဆရာက ကျ‌နော်တစ်ဦးပဲရှိတယ်။ ‌နောက်ပိုင်းဆို အစိုးရ ဆရာ၊ ဆရာမ‌တွေပဲ သင်ရမယ်ဆိုရင်‌တော့ ဆက်သင် ဖို့ မလွယ်ဘူး။ အခုလို ဆရာ၊ ဆရာမ‌တွေကို အားလုံးတ‌ပြေးညီ ခုနှစ်‌သောင်းကျပ် ခွဲ‌ဝေ‌ပေးတာ အဆင်‌ပြေပါ တယ်” ဟု ‌ပြောသည်။

တိုက်ကြီးမြို့နယ်အတွင်း အစိုးရ အ‌ခြေခံပညာ‌ကျောင်း ၄၈‌ကျောင်းတွင် ကရင်‌ကျောင်းသူ၊ ‌ကျောင်းသား ၁၁၄၈ ဦးကို ဆရာဆရာမ ၆၄ ဦးဖြင့် ယခုနှစ်ပညာသင်နှစ်တွင် စ‌ကောကရင်စာကို မြို့နယ် စာယဉ်နှင့် ပညာ‌ရေးဋ္ဌာနတို့ ပူး‌ပေါင်းကာ အချို့ ‌ကျောင်းများတွင် ဇွန်လမှ စတင်သင်ကြားခဲ့ပြီး အချို့ စာသင်‌ကျောင်း များတွင် ဩဂုတ်လအတွင်း စတင်သင်ကြား‌ပေးခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်စာယဉ်မှ ပြုစုထားသည့် စာရင်းများ အရ သိရသည်။