Home သတင်း တရား‌ရေးဆိုင်ရာ ပညာ‌ပေးလက်စွဲစာအုပ် ၂အုပ် ကရင်ဥပ‌ဒေဆိုင်ရာ အ‌ထောက်အကူပြုအဖွဲ့ ထုတ်‌ဝေသွားမည်

တရား‌ရေးဆိုင်ရာ ပညာ‌ပေးလက်စွဲစာအုပ် ၂အုပ် ကရင်ဥပ‌ဒေဆိုင်ရာ အ‌ထောက်အကူပြုအဖွဲ့ ထုတ်‌ဝေသွားမည်

1535

ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

တိုင်တန်းမှုနှင့် အစီရင်ခံတင်ပြမှု ယန္တရား ပိုမို‌ကောင်းမွန်‌စေရန်အတွက် ကရင်ဥပ‌ဒေဆိုင်ရာအ‌ထောက်အကူပြုအဖွဲ့(Karen Legal Assistance Center) မှ တိုင်တန်းခြင်း၊ တင်ပြခြင်း ယန္တရား (Complaint and Report Mechanism)နှင့် ဥပ‌ဒေဆိုင်ရာ စွမ်းရည်မြှင့်တင်‌ရေး (Legal Capacity Building Training Manual) ပညာ‌ပေး လက်စွဲစာအုပ်နှစ်အုပ်ကို ၂၀၁၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလဆန်းတွင် ထုတ်‌ဝေသွားမည်ဟု သိရသည်။

‌ဒေသတွင်း တရား‌ရေးဆိုင်ရာကိစ္စရပ်များနှင့် တရားဥပ‌ဒေစိုးမိုး‌ရေး ပိုမိုတိုးတက်‌ကောင်းမွန်လာ‌စေ‌ရေးအတွက် လိုအပ်သည့် ပညာ‌ပေးမှုများကို အဆင့်လိုက် ‌ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပြီး ပထမအဆင့်အ‌နေဖြင့် အဆိုပါလက်စွဲစာအုပ်ကို ထုတ်‌ဝေ သွားမည်ဖြစ်သည်ဟု ‌ကေအဲန်ယူ ဗဟိုတရား‌ရေးဌာန တာဝန်ခံဖြစ်သူ ကရင်ဥပ‌ဒေဆိုင်ရာ အ‌ထောက်အကူပြုအဖွဲ့ ဒါရိုက်တာ ပဒို‌စောအဲ့ကလူ‌စေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အရင်က တရား‌ရေးကို လက်နက်ကိုင်ပဋိပက္ခ‌တွေကြားက‌နေ ‌ဖော်‌ဆောင်ရတဲ့ အ‌ခြေအ‌နေမျိုးမှာရှိ‌တော့ တချို့တရား ‌ရေးဆိုင်ရာ ကိစ္စရပ်‌တွေကို သိရှိနားလည်နိုင်မှုက အရမ်းအားနည်းတာ‌ပေါ့။ ပြည်သူလူထု‌တွေလည်း ထွက်‌ပြေးတိမ်း‌ရှောင်ရတဲ့ အ‌ခြေအ‌နေမှာ ဥပ‌ဒေပိုင်းဆိုင်ရာ သိရှိနားလည်မှုက အားနည်းတာ‌ပေါ့။ ဥပ‌ဒေစိုးမိုး‌ရေး ဆိုတဲ့‌နေရာမှာ တရား‌ရေးစနစ်အ‌ပေါ် မှာလည်းပဲ အများကြီး အ‌ခြေခံတယ်”ဟု ‌ပြောသည်။

ထို့အပြင် အဆိုပါ ပညာ‌ပေးလက်စွဲစာအုပ်ကို ‌ဒေသတွင်း တရား‌ရေးဆိုင်ရာ‌ခေါင်း‌ဆောင်များ၊ တရားသူကြီးများ၊ တရားဥပ‌ဒေ စိုးမိုး‌ရေးအတွက် တာဝန်ရှိသည့် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF များနှင့် ‌ဒေသတွင်းပြည်သူလူထုအား ပညာ‌ပေးသင်တန်းများ ပို့ချရာ၌ ‌ပေး‌ဝေသွားရန် စီစဉ်ထားသည်ဟုလည်း ပဒို‌စောအဲ့ကလူ‌စေးက ဆက်‌ပြောသည်။

ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူငယ်၊ အမျိုးသမီး၊ ‌ကျောင်းသားကွန်ရက်၊ လူ့အခွင့်အ‌ရေး စသည့် ကရင်အရပ်ဖက်အဖွဲ့အစည်းများ၊ ‌ကေအဲန်ယူတရား‌ရေးဌာနမှ တာဝန်ရှိသူများ၊ တရားသူကြီးများ၊ ‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ စုစု‌ပေါင်းကိုယ်စားလှယ် (၃၀)ဦးပါဝင်သည့် တရားဥပ‌ဒေဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ဒီဇင်ဘာလ ၇ရက်နှင့် ၈ရက်‌နေ့များတွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက် မြို့၌ ပြုလုပ်ခဲ့ပြီး ‌ဆွေး‌နွေးမှုမှ ရရှိ‌သောအချက်အလက်များရယူ၍ အဆိုပါ တိုင်တန်းခြင်းနှင့် တင်ပြခြင်းယန္တရားလက်စွဲစာအုပ် ကို ထုတ်‌ဝေသွားရန်စီစဉ်ကြခြင်းဖြစ်သည်။

“တရားစီရင်‌ရေးအတွက် အများကြီးအ‌ထောက်အကူဖြစ်လာမှာပါ။ ပြည်သူလူထုနဲ့ ‌ဒေသ‌ခေါင်း‌ဆောင်‌တွေက တရားစီရင်မှုပုံစံ ကို သိပ်နားမလည်ကြဘူး‌လေ။ ဘာဖြစ်လို့လဲဆို‌တော့ ဒီလိုမျိုးက တစ်ခါမှ မရှိခဲ့ဖူးဘူးဆို‌တော့ တရားစီရင်တဲ့ အထက်တရားသူ ကြီး‌တွေအတွက်က အများကြီး လွယ်ကူလာတာ‌ပေါ့။ စနစ်တကျလည်း ဖြစ်လာမယ်”ဟု ‌ကေအဲန်ယူ၊ ဗဟို တရားသူကြီးချုပ် ပဒို ‌နော်မြိုင်ဖိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းလက်စွဲစာအုပ်၌ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူငယ်၊ အမျိုးသမီးနှင့် က‌လေးသူငယ် ပြစ်မှုပိုင်းဆိုင်ရာ ဥပ‌ဒေများ၊ လုပ်ထုံးလုပ် နည်းဆိုင်ရာ ယန္တရားများကို ရှင်းလင်း‌ဖော်ပြထားမည်ဖြစ်ပြီး ဥပ‌ဒေဆိုင်ရာစွမ်းရည်မြှင့်တင်‌ရေး (Legal Capacity Building) လက်စွဲစာအုပ်ကိုမူ လာမည့် ယခု ဒီဇင်ဘာလ ၂ဝရက်နှင့် ၂၁ရက်‌နေ့များ၌ ဆက်လက် ‌ဆွေး‌နွေးကာ အချက်အလက်ရယူ၊ ထုတ် ‌ဝေသွားမည်ဟုလည်း ကရင်ဥပ‌ဒေဆိုင်ရာအ‌ထောက်အကူပြုအဖွဲ့က ဆိုသည်။

ကရင်ဥပ‌ဒေဆိုင်ရာအ‌ထောက်အကူအပြုအဖွဲ့(Karen Legal Assistance Center) ကို ၂၀၁၆ခုနှစ် ဇန်နဝါလတွင် စတင် ဖွဲ့စည်း ခဲ့ပြီး ‌ကေအဲန်ယူ၏ စည်းရုံး‌ရေးဌာန၊ တရား‌ရေးဌာန၊ တရားစီရင်‌ရေးဌာန၊ လယ်ယာစိုက်ပျိုး‌ရေးဌာန၊ ပြည်ထဲ‌ရေးဌာနနှင့် ကရင် အမျိုးသမီးအစည်းအရုံး-KWO စသည့်ဌာန၊ အဖွဲ့အစည်းများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။