Home သတင်း ခွင့်ပြုတန်လွန် တင်‌ဆောင်သည့် ‌ဆောက်လုပ်‌ရေးပစ္စည်းတင်ကား တံတား‌ပေါ်မှ ထိုးကျ

ခွင့်ပြုတန်လွန် တင်‌ဆောင်သည့် ‌ဆောက်လုပ်‌ရေးပစ္စည်းတင်ကား တံတား‌ပေါ်မှ ထိုးကျ

2241

ဒီဇင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြုဇရပ်-ဘုရားသုံးဆူလမ်းမကြီး‌ပေါ် မယ်ဇလီ‌ကျေးရွာအနီး ‌ဘေလီတံတား‌ပေါ် ဖြတ်သန်း‌မောင်း နှင်လာ‌သော ‌ဆောက်လုပ်‌ရေးပစ္စည်းများ တင်‌ဆောင်လာ‌သော ကုန်တင်ကားတစ်စီးသည် နိုဝင်ဘာလ (၃၀)ရက်‌နေ့က တံတား‌ပေါ်မှ ထိုးကျတိမ်း‌မှောက်သွား‌ကြောင်း သိရသည်။

“‌ဆောက်လုပ်‌ရေးပစ္စည်းတင်တဲ့ ကားလို့‌တော့ သိရတယ်။ ‌ဆောက်လုပ်‌ရေးပိုင်ကားလား၊ ငှားလာတဲ့ကားလား ကျ‌နော် ‌သေချာ မသိ‌သေးဘူး။ ‌ဘေလီတံတားညွတ်ကျသွားတယ်။ ထိခိုက်ဒဏ်ရာရတာက မရှိဘူး”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးမျိုး‌အောင်က ဒီဇင်ဘာလ (၁)ရက် ယ‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် သက်ဆိုင်ရာ လမ်း၊ တံတား အထူးအဖွဲ့က ကွင်းဆင်းပြီး စိစစ်‌ဆောင်ရွက်လျှက်ရှိပြီး အ‌ရေးယူရမည့်အပိုင်းနှင့် ပြန် လည်ပြုပြင်ရမည့်အပိုင်းများကို ဆက်လက် ‌ဆောင်ရွက်‌နေ‌ကြောင်းလည်း ဦးမျိုး‌အောင်က ဆက်‌ပြောသည်။

အဆိုပါ မယ်ဇလီ‌ဘေလီတံတား၏ ခံနိုင်ဝန်မှာ (၁၃)တန်သာ ခွင့်ပြုထားပြီး ယခု‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန အမည်တပ်ထား သည့် (6H 2131.NPW) (၂၂)ဘီး အဝါ‌ရောင်ကုန်တင်ကားကြီးမှာ ‌မြေတူးစက် (ဘက်ဟိုးကား)တစ်စီးကို တင်‌ဆောင်ဖြတ်သန်း လာသည့်အတွက် တံတားတစ်ဖက်ခြမ်းမှာ ပြိုကျသွားပြီး ကားမှာ ‌မှောက်လျက်အ‌နေအထား ထိုးကျသွားခြင်းဖြစ်‌ကြောင်း ကိုယ် တိုင်မြင်‌တွေ့ခဲ့သည့် ခရီးသွားပြည်သူများက ‌ပြောဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ သံဖြုဇရပ်-ဘုရားသုံးဆူလမ်း‌ပေါ်ရှိ မဲဇလီ‌ချောင်း ‌ဘေလီသံ‌ဘောင်တံတားအား တံတားအထူးအဖွဲ့ (၁၄)က အမြန်ဆုံး ပြင်ဆင်လျက်ရှိပြီး ယာဉ်အသွားအလာ ပြတ်‌တောက်မရှိ‌စေရန် တံတား၏ (Down Stream)ဘက်တွင် လမ်း လွဲပြုလုပ်ထား‌ကြောင်း ခရီးသွားပြည်သူများအား အသိ‌ပေးထားသည်ဟု ဒီဇင်ဘာလ (၁)ရက်‌နေ့က ကရင်ပြည်နယ် လမ်းဦးစီး ဌာနက ထုတ်ပြန်ထားသည်ဟု အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောရှား‌ဖောင်အွာက ပြန်လည်‌ပြောပြသည်။

သံဖြုဇရပ်-ဘုရားသုံးဆူလမ်းမကြီးသည် ထိုင်း-မြန်မာနယ်စပ်လမ်းတစ်ခုဖြစ်ပြီး မြန်မာပြည်မှ စားသုံးကုန်ပစ္စည်းများနှင့် ရာဘာ၊ ခြံထွက်သီးနှံများကို ထိုင်းဘက်သို့တင်ပို့‌နေသလို ထိုင်းဘက်မှ ကား၊ ဆိုင်ကယ်နှင့် လျှပ်စစ်ပစ္စည်းအချို့ကိုလည်း မြန်မာဘက် သို့ ပြန်လည် တင်သွင်း‌နေကြ‌သော်လည်း နှစ်နိုင်ငံအစိုးရကြား တရားဝင် ကုန်သွယ်မှုကိုမူ ပိတ်ပင်ထားသည်ဟု သိရသည်။