Home ထိပ်တန်းသတင်း ကရင် လက်နက်ကိုင်နှင့် နိုင်ငံ‌ရေးပါတီများ ပါဝင်သည့် ဖက်ဒရယ်ဆိုင်ရာအလုပ်ရုံ‌ဆွေး‌နွေးပွဲပြီးစီး

ကရင် လက်နက်ကိုင်နှင့် နိုင်ငံ‌ရေးပါတီများ ပါဝင်သည့် ဖက်ဒရယ်ဆိုင်ရာအလုပ်ရုံ‌ဆွေး‌နွေးပွဲပြီးစီး

2165

နိုဝင်ဘာ ၃ဝရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၃ဖွဲ့နှင့် ကရင်နိုင်ငံ‌ရေးပါတီ ၄ပါတီ ပါဝင်သည့် ပထမဆုံးအကြိမ် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို မြဝတီမြို့နယ်အတွင်းရှိ ‌လေး‌ကေ‌ကော်မြို့သစ်တွင် နိုဝင်ဘာလ ၂၉ရက်မှ ၃ဝရက်‌နေ့အထိ နှစ်ရက်တာ ကျင်းပပြီးစီးခဲ့‌ကြောင်း သိရသည်။

KNU ဥက္ကဌရုံး အတွင်း‌ရေးမှူး ‌စောတာမူလာက “အခုလို ငြိမ်းချမ်းဖြစ်စဉ်‌ဖော်‌ဆောင်‌နေတဲ့ကာလမှာ ဒီ Issue နဲ့ပတ်သက်ပြီး လူ ‌တွေက အရမ်းသိချင်‌နေကြတယ်။ ဒီလိုအသိပညာ‌တွေကို မသိထားဘူးဆိုရင် ကိုယ်တို့လိုချင်တဲ့ဟာလည်း ရမှာမဟုတ်ဘူး။ အဲဒီအတွက် ဖက်ဒရယ်စနစ်‌တွေနဲ့ ပတ်သက်ပြီး‌တော့ အသိပညာရဖို့အတွက် ကျ‌နော်တို့က‌နေ စီစဉ်‌ပေးရုံသက်သက်ပဲ ဖြစ်ပါ တယ်”ဟု ‌ပြောသည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ဥ‌ရောပ-မြန်မာရုံး (Euro-Burma Office-EBO) နှင့် Forum of Federation FOF တို့ ကမကထ ပြုလုပ်‌ပေးခြင်းဖြစ်ပြီး KNU အပါအဝင် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် DKBA ၊ KNU/ KNLA (PC) အပြင် ဖလုံ-စ‌ဝေါ်ဒီမို ကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်‌သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ စသည့်ပါတီများမှ ကိုယ်စားလှယ်များ အ‌ထောက်အကူပြုအဖွဲ့များ အပါအဝင် ၆၉ဦး တက် ‌ရောက်ခဲ့ကြသည်။

၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှု‌လျှော့ချခြင်း၊ လုပ်ပိုင်ခွင့်အာဏာများ ခွဲ‌ဝေခြင်း၊ ဗဟိုချုပ်ကိုင်မှု ‌လျှော့ချ‌ရေးစနစ်တို့အတွက် အခွင့်အလမ်းများ၊ ဖက်ဒရယ်စနစ်များတွင် မတူကွဲပြားမှုကို စီမံခန့်ခွဲခြင်း၊ ဗဟိုချုပ်ကိုင်မှု‌လျှော့ချ ‌ရေးနှင့် ‌ဒေသန္တရ အစိုးရများ၊ ၎င်းစနစ်အတွက် ဘဏ္ဍာ‌ငွေ ခွဲ‌ဝေသုံးစွဲမှု အစီအမံများ၊ ဖက်ဒရယ်ဆိုင်ရာ သု‌တေသနဖြစ်စဉ်များ ကို FOF မှ ‌ဆွေး‌နွေးပို့ချ‌ပေးခဲ့ခြင်း ဖြစ်သည်။

Forum of Federation FOF မှ senior trainer ဦးခိုင်‌ကျော်မိုးက “တိုင်းရင်းသားအဖွဲ့‌တွေက များ‌သောအားဖြင့် ဒီစနစ်သွားမယ့် လမ်း‌ကြောင်းအ‌ပေါ်မှာ တည်ထားတဲ့အပိုင်း‌လေး‌တွေ ရှိတယ်။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ ဖက်ဒရယ်ဆိုတာ အမြဲတမ်း ယှဉ်တွဲ‌နေ တာဖြစ်တဲ့အတွက်‌ကြောင့် ဒီအ‌ကြောင်းကိုလည်း နားလည်သိထားသင့်တယ်။ ဒီပွဲမှာလည်း ‌တော်‌တော်ကို‌ဆွေး‌နွေးအား‌ကောင်း ကြတာ‌တွေ့ရတယ်”ဟု ‌ပြောသည်။

ဥ‌ရောပ-မြန်မာရုံး (Euro-Burma Office-EBO)မှာ ‌နော်‌ဝေ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဖင်လန် စသည့်နိုင်ငံများ၏ အကူအညီဖြင့် မြန် မာ့နိုင်ငံ‌ရေး၊ ဒီမိုက‌ရေစီအ‌ရေး အပါအဝင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲများအကြား ‌တွေ့ဆုံ‌ဆွေး ‌နွေးနိုင်ရန် ကူညီ‌ပေးခြင်း၊ သင်တန်းများပို့ချ‌ပေးခြင်း စသည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များအတွက် အကူအညီ‌ပေး လုပ် ‌ဆောင်‌နေသည့် NGO အဖွဲ့တစ်ခု ဖြစ်သည်။

ကရင်ပြည်နယ်အတွင်းရှိ ကရင်လက်နက်ကိုင် ၃ဖွဲ့အ‌နေဖြင့် နိုင်ငံတကာရှိ အကူအညီ‌ပေး‌ရေးအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များနှင့် တွဲဖက်ကာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များအ‌ပေါ်အ‌ထောက်အကူပြု‌စေမည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲများ၊ သင် တန်းများကို NCA လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်းမှသာ ပိုမို လုပ်‌ဆောင်လာနိုင်ခြင်းဖြစ်သည်။