Home သတင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ နာယကဩဝါဒ ခံယူပွဲကျင်းပ

ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ နာယကဩဝါဒ ခံယူပွဲကျင်းပ

1675

ဒီဇင်ဘာ ၅ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

၂၇၅၆ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ နာယကကြီးများထံမှ နှစ်သစ်ကူး အကြို ဩဝါဒခံ ယူပွဲကို ဒီဇင်ဘာ ၄ရက်‌နေ့တွင် အင်းစိန်မြို့နယ်၊ မဟာ‌ဆေးဝကင်္ဘာ အာလိန်ငါးဆင့် ‌ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ကရင်လူမျိုးများအ‌နေဖြင့် နှစ်သစ်ကူးချိန်တွင် မိမိတို့ ဘိုး‌ဘေးတို့၏ ဆုံးမ ဩဝါဒ စကားကို နာခံကာ တ‌သွေ မတိမ်းလိုက်နာ ကျင့်သုံးတတ်သည့် အစဉ်အလာကို ထိန်းသိမ်းသည့်အ‌နေဖြင့် ယခုလို နာယကကြီးများဩဝါဒ ခံယူပွဲ ကျင်းပရခြင်းဖြစ်သည်ဟု ဗဟို‌ကော်မတီဥက္ကဋ္ဌ ပါ‌မောက္ခ မန်း‌ရွှေပြည်‌အေးက ‌ပြောသည်။

“ဒီက‌နေ ့မျိုးဆက်သစ်လူငယ်‌တွေအားလုံး အတိတ်ကာလက ဘိုး‌ဘေးတို့ရဲ့ ဖြတ်သန်းခဲ့တဲ့ဘဝ၊ ကြုံ‌တွေ့ခဲ့တဲ့ အ‌တွေ့အကြုံ၊ အခက်အခဲ အမျိုးမျိုးကို ပြန်လည်တူးဆွဖို့လိုတယ်။ ဒါ‌တွေကို နာကျဉ်မှု၊ နာကြည်းမှု၊ ခံစားမှု ‌တွေနဲ့တုံ့ပြန်ဖို့ မဟုတ်ပါဘူး။ သင်ခန်းစာယူပြီး‌တော့ ယ‌နေ့‌ပြောင်းလဲ‌နေတဲ့ ‌ခေတ်ကာလနဲ့အညီ ‌ပေါင်းစပ်ပြီး ကျ‌နော်တို့ မျိုးဆက်သစ်‌တွေ အနာဂတ်ဘယ်လို ‌လျှောက်လှမ်းကြမလဲဆိုတာ စဉ်းစားဖို့ အချိန် ဖြစ်တယ်။ နှစ် သစ်ကူးပွဲ‌တော်ဆိုတာ ‌ဖျော်‌ဖြေ‌ရေးပွဲ၊ အ‌ပျော်ပွဲဘဲ ဒီလို မဟုတ်ပါဘူး”ဟု ၎င်းက ‌ပြောသည်။

‌နေ့လည် ၁ နာရီမှ ည‌နေ ၄ နာရီခွဲထိပြုလုပ်သည့် နာယကကြီးများ ဩဝါဒခံယူပွဲသို့ နာယကကြီး ၁၂ ဦးအပါ အဝင် စုုစု‌ပေါင်း ၁၀ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ပြီး နာယကကြီးများက ကရင်လူငယ်များအ‌နေဖြင့် စာ‌ပေ၊ စကား ကို ထိန်းသိမ်းရန်၊ စည်းစည်းလုံးလုံး‌နေထိုင်ရန်၊ ‌ခေတ်ပညာတက်များ ဖြစ်‌အောင်သင်ယူကြရန်၊ မျိုးချစ်စိတ် ရှိရန်နှင့် အမျိုးသားနိုင်ငံ‌ရေးတွင် စိတ်ဝင်စား‌လေ့လာရန် အသီးသီးတိုက်တွန်း လမ်းညွှန်ခဲ့သည်။

နာယကတစ်ဦးဖြစ်သူ မန်းရှီးရှိုထွန်းက“အဖူး လူငယ်‌တွေကိုမှာချင်တာက အ‌တွေးအ‌ခေါ်ပညာရှင်ကြီး ပ‌လေတို က ဘာ‌ပြောဖူးလဲဆို‌တော့ နိုင်ငံ‌ရေးကို ဂရုမစိုက်ဘူးဆိုရင် လူယုတ်မာ‌တွေ အုပ်စိုးသွားမယ်တဲ့။ ဒီ‌တော့ မျိုးဆက်သစ် ကရင်လူငယ်‌တွေအ‌နေနဲ့ နိုင်ငံ‌ရေးမှာ စိတ်ဝင်စားပါဝင်လုပ်ကိုင် ကြပါလို့ ‌ပြောချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာရန်ကုန်)က ဦး‌ဆောင်ကာ ၂၇၅၆ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကို ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၈ရက်‌နေ့တွင် အာလိန်ငါးဆင့် ‌ကျောင်း ဝန်း၌ စတင်ကျင်းပမည်ဖြစ်ကာ ဒီဇင်ဘာ ၂၉ရက်‌နေ့တွင် ကရင်အမျိုးသားအလံတင်အခမ်းအနား ပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ဝရက်‌နေ့တွင် ဒုံးပြိုင်ပွဲဆု‌ပေးအခမ်းအနား ကျင်းပသွားမည်ဖြစ်‌ကြောင်း ‌ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။