လူ့အခွင့်အရေး  •  တိုင်းရင်းသားအခွင့်အရေး  •  ဒီမိုကရေစီရေး

လက်ရှိ နိုင်ငံရေး ရေစီးကြောင်းနဲ့ လူငယ်တပ်ပေါင်းစုအမြင်

ဆုမွန်အေး(ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး-AASYC)

img_8113-sumonaye-rakhine
ပြောင်းလဲလာတဲ့ နိုင်ငံရေးအရ ကျမတို့ တိုင်းရင်းသားလူငယ်တွေက တကယ့်ကို အရေးကြီးပါတယ်။ တိုင်းရင်းသားလူငယ်တွေ ရဲ့ အခန်းကဏ္ဍကို အစိုးရကလည်း မြှင့်တင်ပေးဖို့ လိုတယ်။ နောက်ပြီးတော့ တိုင်းရင်းသားလူငယ် အချင်းချင်းကြားမှာ net-work ချိတ်ဆက်ပြီးတော့သော်လည်းကောင်း၊ သူတို့ဒေသမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးတွေကို အချင်းချင်း မျှဝေပြီး တော့ သိရှိလာအောင်၊ ကွန်ယက် ထပ်ချိတ်ပြီးတော့ လုပ်ဆောင်သွားရင် အစိုးရအတွက်လည်း ပိုပြီး အထောက်အကူပြုမယ်။ နောက်ပြီး အစိုးရကနေ လူငယ်တွေ ဘယ်လိုအခန်းကဏ္ဍကနေ ၀ိုင်းဝန်းကူညီပေးပါလို့ ပြောပြရင် ပိုပြီးတော့ အဆင်ပြေမယ်လို့ ကျမ ထင်တယ်ပေါ့နော်။
ကျမတို့က ကျောင်းသားလူငယ်တွေဖြစ်ကြတော့ အဓိကအားဖြင့် ပညာရေးဖြစ်စဉ်တွေမှာ ပိုပြီးတော့ ပါဝင်လုပ်ဆောင်ဖို့ သင့် တယ်။ ပညာရေးကဏ္ဍတွေ အခုဖြစ်နေတဲ့ မူးယစ်ဆေးဝါးကဏ္ဍတွေကို ၀ိုင်းဝန်းပြီး ဒီနေရာ ဒီလိုဖြစ်နေပါတယ်ဆိုတာကို ချိတ် ဆက်ပေးပြီး အစိုးရကို တင်သွင်းတာပဲဖြစ်ဖြစ်၊ အစိုးရကို မရောက်နိုင်ရင် issue အလိုက် လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ပြောပြ ရင်တော့ ပိုပြီး အဆင်ပြေမယ်လို့ ကျမ ထင်တယ်။ ပညာရေးက ကျမတို့ တိုင်းရင်းသားလူငယ်တွေအတွက် တကယ့်ကို အရေး ကြီးတဲ့အရာ ဖြစ်တယ်။ ကျမတို့လူငယ်တွေဟာ အနာဂတ်ရဲ့မျိုးဆက်သစ်တွေမို့ နိုင်ငံရဲ့ အခုလက်ရှိ အစိုးရတာဝန်ကို တနေ့နေ့ တချိန်ချိန်မှာ ဒီလူငယ်တွေလည်း တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်။
မူးယစ်ဆေးဝါးတွေ မြန်မာနိုင်ငံအနှံ့မှာ မတိုက်ဖျက်လို့ရှိရင် လူငယ်တွေရဲ့အနာဂတ်ကို ရိုက်ချိုးပစ်သလိုပါပဲ။ မြန်မာနိုင်ငံမှာ ဗမာ အပါအ၀င် တိုင်းရင်းသားတွေက နေရာအနှံ့အပြားမှာ ရှိတယ်။ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လာ လို့ရှိရင် တိုင်းရင်းသားလူငယ်လေးတွေက သူတို့ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရလာပြီး တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်။ အဲဒါကြောင့် လူငယ်တပ်ပေါင်းစုဆိုတာက တကယ့်လူငယ်ရဲ့အသံတွေကို ပိုပြီးမြှင့် တင်ပေးဖို့အတွက် ဖွဲ့စည်းထားရတာ ဖြစ် တယ်။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ တစုချင်းက ပေးပို့လာတဲ့အသံထက် တပ်ပေါင်းစုအနေနဲ့ အစိုးရကိုပဲဖြစ်ဖြစ်၊ CSO ပဲဖြစ်ဖြစ်၊ နိုင်ငံတကာပဲဖြစ်ဖြစ် တိုင်းရင်းသားလူငယ်ရေးရာမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ စုပြီး အသံဖြန့်ချိတာပဲဖြစ် ဖြစ်၊ အချက်အလက်တွေပေးပို့တာပဲဖြစ်ဖြစ် ပိုပြီးတော့ တွင်ကျယ်လာမယ်။ အဲဒါကြောင့် ကျမက တပ်ပေါင်းစုတို့ network တို့ ဆိုတာပိုပြီးတော့ အရေးကြီးတယ်လို့ ကျမ ထင်တယ်။

မိုင်းဆါည်ရံက် (တအာန်းကျောင်းသားနှင့်လူငယ်များအဖွဲ့- TSYU)

img_8128-%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%86%e1%80%ab%e1%80%8a%e1%80%b9%e1%80%9b%e1%80%80%e1%80%b9-%e1%80%90%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%b8
လက်ရှိမှာက နိုင်ငံတကာအသိုင်းအဝိုင်းကအစ တော်တော်များများက နိုင်ငံရေးရဲ့အရွှေ့အပြောင်းက ဒီမိုကရေစီဘက်ကို ဦးတည်နေပါပြီးလို့ တချို့က ယုံကြည်ကြတယ်။ ပြောင်းလဲတယ်ဆိုပေမဲ့ တကယ့်တိုင်းရင်းသားဒေသတွေမှာ ဥပမာ ရှမ်းပြည် နယ်မြောက်ပိုင်း ကျနော်တို့ တအာင်းဒေသတွေ၊ ကချင်ဒေသတွေမှာ တိုက်ပွဲတွေ နောက်ပြီး ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှု တွေ ဆက်ဖြစ်နေတုန်းပဲ။ လက်ရှိအစိုးရက ပြည်သူထောက်ခံမှုနဲ့ အနိုင်ရထားတယ်ဆိုပေမဲ့ အခြေအနေက အဲလိုတွေ ရှိနေ သေးတယ်။ ပါတီအနေနဲ့ကြည့်မယ်ဆိုလည်း တိုင်းရင်းသားပါတီတွေအနေနဲ့ ညီညီညွတ်ညွတ်နဲ့ ကိုယ့်ပြည်သူရဲ့ဆန္ဒနဲ့ လိုအပ် ချက်အမှန်ကို ကိုယ်တိုင်ပဲသိထားတဲ့အတွက် တိုင်းရင်းသားတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ လွှတ်တော်နေရာတွေ၊ ပြည်နယ်အစိုးရနေရာမှာဖြစ်စေ၊ ဥပဒေအပိုင်းကို ပြုပြင်ပြောင်းလဲတဲ့အပိုင်းမှာဖြစ်စေ၊ ပေါ်လစီ(မူဝါဒ)ပိုင်းတွေကို ပြုပြင်ပြောင်း လဲအသစ်ရေးဆွဲတဲ့နေရာမှာဖြစ်စေ ကိုယ့်ရဲ့ဒေသမှာ တကယ့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖော်ညွန်းပြီးတော့မှ ရေးဆွဲနိုင် ဖို့ရာမှာ အသံထွက်နိုင်အောင် ကြိုးစားဖို့တော့လိုတယ်။
မြန်မာနိုင်ငံရဲ့အရွေ့မှာ အရေးကြီးတဲ့ကဏ္ဍက အခုသွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ် ကျနော်တို့လူငယ်တွေ ကိုယ်လာ ရာ အဖွဲ့အစည်းတွေက တာဝန်ခံထားတဲ့ သူ့ဒေသက ပြည်သူလူထုတွေရဲ့အသံတွေ ထင်ဟပ်လာအောင် လူငယ်တွေမှာလည်း ဒေသတစ်ခုနဲ့တစ်ခု ဒီငြိမ်းချမ်းရေးဖြစ်စေ၊ တခြားကဏ္ဍတွေမှာဖြစ်စေ အပြန်အလှန် exchange (ဖလှယ်)လုပ်ပြီးတော့မှ တကယ့်တိုင်းရင်းသားတွေ ကိုယ်လာတဲ့အရပ်ကို ရည်ညွန်းပြီးတော့မှ တိုင်းရင်းသားလူငယ် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပူးပေါင်းမှုတွေကို တိုးချဲ့ဖို့လိုတယ်။ ပြန်ပြီးတော့ တိုးမြှင့်ဖို့ စုစည်းဖို့လိုတယ်။ လူငယ်တွေက ငြိမ်းချမ်းရေးဖြစ်စဉ် ရော၊ ပညာရေးပေါ်လစီတို့ ရေးဆွဲတဲ့အခါတွေမှာကော လူငယ်တွေရဲ့အသံနဲ့ လူငယ်ကဏ္ဍတွေ တစ်ထောင့်တစ်နေရာ ပါဝင်ဖို့ လိုတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက် တိုင်းရင်းသားတစ်ခုချင်းက တန်းတူညီမျှမှုရှိဖို့ လိုတယ်။ ကိုယ့်ရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့တွေကို အပြန်အလှန်လေးစားဖို့ လိုတယ်။ ပကတိအရ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်း ထားတဲ့နိုင်ငံဖြစ်တဲ့အလျောက် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးမှာ အပြန်အလှန်လေးစားမှုမရှိဘူး၊ တန်းတူညီမျှမှုမရှိဘူးဆိုရင် မြန်မာနိုင်ငံက ပြိုလဲသွားနိုင်တယ်။ မညီညွှတ်မှုတွေ ဖြစ်စေတယ်။ ကျနော်တို့ တိုင်းရင်းသားတွေလူငယ်ကဏ္ဍမှာက ကိုယ်စီ ကိုယ်စီ လိုအပ်နေတဲ့ တန်းတူညီမျှမှုတွေ၊ ရှိနေတဲ့ လူမျိုးတိုင်းရဲ့ ဂုဏ်သိက္ခာတွေကို ထိန်းသိမ်းနိုင်ဖို့ရယ်၊ မြှင့်တင်နိုင်ဖို့ရယ်က တိုင်းရင်းသားလူငယ်တွေကနေမှ တစ်ထောင့်တစ်နေရာကနေ အလွန်ကိုအရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ရှိနေတယ်။

စောဂျက်ပစီ( ကရင်လူငယ်အစည်းအရုံး-KYO)

img_8102-gipsy-karen
ကျောင်းသားလူငယ်အဖွဲ့အစည်းတွေကတော့ သူတို့ရဲ့မိခင်အဖွဲ့အစည်း ပတ်သက်တာရှိတယ်။ ဥပမာ ကရင်လူငယ်အဖွဲ့အစည်း ဆိုရင် ကရင်အမျိုးသားအစည်းအရုံးနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ လူငယ်အဖွဲ့အစည်းတဖွဲ့ ရှိနေတဲ့အခါကျတော့ ငြိမ်းချမ်း ရေးဖြစ်စဉ်ထဲမှာ ပါဝင်လာတဲ့အပေါ် မိခင်အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်အရ ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ရောက်အောင် သွားနေရမယ်။ အခု ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ လက်မှတ်ထိုးတဲ့အဖွဲ့ရှိသလို မထိုးတဲ့အဖွဲ့လည်း ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကျောင်းသားလူငယ်တွေက ပွင့်ပွင့်လင်းလင်း၊ ချစ်ချစ်ခင်ခင်၊ ရိုးရိုးသားသားနဲ့ ဘာမှအနှောင်အဖွဲ့မရှိဘဲ အဓိက မူးယစ်ဆေးဝါးကဏ္ဍတို့၊ ကျန်းမာရေးကဏ္ဍတို့၊ ပညာရေးကဏ္ဍအချို့က အများကြီး ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိတယ်ပေါ့နော်။ ဒါတွေက ကျနော်တို့ ကျောင်းသားလူငယ်တွေအနေနဲ့ တိုင်းရင်းသားလူငယ်တွေအနေနဲ့ ပိုပြီးတော့ ကျစ်လစ်တဲ့ စုစည်းမှုတခုနဲ့ သွားဖို့ ကျနော်တို့ စဉ်းစားထားတာရှိတယ်။
မြန်မာနိုင်ငံမှာ ကျနော်တို့လိုချင်တာက ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုပေါ့။ အဲဒီကိုရောက်နိုင်ဖို့အတွက် ဖွံ့ဖြိုးတိုးတက် မှု၊ ပြောင်းလဲမှုတွေ အများကြီးလုပ်သွားဖို့ ရှိတယ်။ လူငယ်တွေအနေနဲ့ ပူးပေါင်းပါဝင်လို့ရတဲ့ ကဏ္ဍတွေ အထူးသဖြင့် လူမှုရေး၊ ကျန်းမာရေး အခု စီးပွားရေး၊ အားကစား၊ ပညာရေး လုပ်ဆောင်သွားဖို့ရှိတယ်။ အဲဒီအပေါ်မှာလည်း သင့်တော်တဲ့ ကဏ္ဍမျိုးတွေ တဆင့်သွားဖို့ ဒီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တဆင့်ဆင့်သွားဖို့အတွက် ကဏ္ဍတိုင်းမှာ တစ်ဖွဲ့တစ် ယောက်စီနဲ့ ပူးပေါင်းပါဝင်ဖို့အတွက် လုပ်ဆောင်သွားဖို့ရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသားလူငယ်တွေရဲ့အရေးကြီးမှုကတော့ မျိုးဆက်တစ်ဆက်ဆက်အနေနဲ့ သူ့လူမျိုးရဲ့တာဝန်ကိုထမ်းဆောင်ဖို့ တအားအရေးကြီးပါတယ်။ လူငယ်တွေရဲ့ မျိုးဆက်သစ် ဆက်စပ်မှု၊ လူကြီးတွေနဲ့ ဆက်စပ်မှု အဲဒါ အရမ်းအရေးကြီးပါတယ်လို့။ နောက်တခုက ကျနော်တို့ တပ်ပေါင်းစုက အရင် ၅နှစ် ၁၀နှစ်အတွင်းမှာ နိုင်ငံရေးလှုပ်ရှားမှုအရ လူငယ်တွေ၊ ကျောင်းသားတွေ ချိတ်ဆက်ပြီးတော့ ကွန်ယက်ဖွဲ့ကြ၊ လုပ်ဆောင်ကြ တယ်။ မတူကွဲပြားတဲ့ တိုင်းရင်းသားလူငယ်တွေ စုစည်းထားတာကြောင့် ကျနော်တို့က ဒီတပ်ပေါင်းစုအနေနဲ့ စုဖွဲ့ပြီးတော့ လုပ် ဆောင်တဲ့အခါကျတော့ အားတစ်ခုရှိလာတယ်။ မတူကွဲပြားသော်ငြားလည်းပဲ စည်းလုံးညီညွတ်မှုတစ်ခုတည်းနဲ့ ပါဝင်ပြီးတော့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုကြီး သွားဖို့အတွက် လူငယ်တွေ၊ ကျောင်းသား တွေ ဘယ်အခန်းကဏ္ဍတွေ ပါဝင်မလဲဆိုတဲ့ တပ်ပေါင်းစုရဲ့အားပဲလို့ ပြောချင်ပါတယ်။

နန်းအလင်း(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော်-ABSDF)

img_8098-nan-alin-shan
ကျမတို့တိုင်းရင်းသား လူငယ်အချင်းချင်းကြားမှာ စည်းစည်းလုံးလုံးတော့ အရင်ဦးဆုံးရှိသင့်တယ်လို့မြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မတူညီတဲ့တိုင်းရင်းသားတွေ တိုင်းရင်းသားလူမျိုးစုတွေ တချို့တွေက အရမ်းအတ္တကြီးတဲ့အခါမှာ လူငယ်တွေ မစုစည်း နိုင်ဘူး။ လူငယ်တွေ မစုစည်းနိုင်ခြင်းက ဆိုးကျိုးတွေလည်း အများကြီး ဖြစ်ပေါ်စေတယ်။ ရလဒ်ကောင်းတွေလည်း ရရှိနိုင်ကြ တာလည်း ရှိပါတယ်။ ကျမတို့က ပွင့်လင်းမြင်သာမှုတွေလည်း မရှိဘူးဆိုရင်တော့ အခုလက်ရှိ ကျမတို့ရဲ့ စိန်ခေါ်မှုက ကမ္ဘာစိန် ခေါ်မှုပဲ ပြောမလား။ မြန်မာ့စိန်ခေါ်မှုပဲ ပြောမလားပေါ့။ အမျိုးသားလူငယ်ဆိုလို့ရှိရင် ဒီမူးယစ်ဆေးဝါးကျေးကျွန် အများကြီးရှိနေ သေးတယ်။ ပြီးတော့အမျိုးသမီးလူငယ်တွေဆို ဒီလိင်ကျေးကျွန်ကနေ မတက်လာသေးတဲ့အခါကျတော့ ခေါင်းဆောင်းကောင်း တွေ မထွက်ပေါ်လာဘူး။ ကျမတို့ တိုင်းပြည်အတွက် အလုပ်လုပ်ဖို့ အချိန်တွေအများကြီးနှောင့်နှေး ကြန့်ကြာသွားတယ်လို့ မြင် ပါတယ်။ ကျမတို့ရဲ့မြန်မာနိုင်ငံက ပြည်တွင်းစစ်နဲ့ဘဲ တွေ့ကြုံနေခဲ့ရတယ်။ ဒါကြောင့် ကျမတို့လူငယ်တွေ အရင်ဦးဆုံး ပူးပေါင်း လုပ်ဆောင်သင့်တာက ဒီစစ်ရနံ့၊ စစ်ဘေးရှောင်ကနေ ကျမတို့ ရုန်းမထွက်နိုင်သေးဘူး။ ဒီစစ်တွေ ငြိမ်းနိုင်ဖို့အတွက် ကျမတို့ငြိမ်း ချမ်းရေးဖြစ်စဉ်မှာ ပြည်တွင်းစစ်ရပ်စဲဖို့အတွက် ဒီလူငယ်တွေအားလုံး လုပ်ဆောင်သင့်တယ်လို့မြင်တယ်။
ဒုတိယအချက်က ကျမတို့လူငယ်တွေအားလုံးက ဒီဖြစ်လာခဲ့တဲ့ ပြည်တွင်းစစ်ရှောင်တွေကို ကျမတို့ပြန်ကြည့်မယ်။ လူငယ်တွေ က မြို့ပေါ်မှာဆိုလို့ ရှိရင်လည်း နိုင်ငံရေးလုပ်ဆောင်ကြပြီးတော့မှ လှည့်ပတ်နေရသလိုမျိုး ဒီတောတွင်းထဲမှာလည်း ရှိတဲ့စစ်မြေ ပြင်မှာ တိုက်ပွဲတွေတိုက်နေရတယ်။ အသက်တွေပေးနေရတယ်။ ရလဒ်က မကောင်းဘူး။ ဘယ်မှာပဲကြည့်ကြည့် ကျမတို့လူ ငယ်တွေက အများကြီး ချွတ်ခြုံကျနေရကြတဲ့အတွက်ကြောင့် အနာဂတ်မှာ လူငယ်ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာနိုင်ဖို့ အတွက် စစ်ပွဲတွေ ရပ်တန့်ဖို့ အဓိက ပူးပေါင်းပါဝင်လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။
တဖက်မှာလည်း ကျမတို့ခေါင်းဆောင်တွေက မင်းတို့လေးတွေ အနာဂတ် ခေါင်းဆောင်ကောင်းတွေပါလို့ အမြဲတမ်းပြောပေမဲ့ လူငယ်တွေဟာ သုံးလို့မရဘူး၊ အသုံးမဝင်ဘူးဆိုတဲ့ စကားသံတွေကြောင့် ကျမတို့ လုပ်ရမဲ့လုပ်ငန်းစဉ်တွေ အရမ်းနှောင့်နှေးခဲ့ရ တယ်။ ကျမတို့မြန်မာနိုင်ငံက ပြည်တွင်းစစ် ဖြစ်ပေါ်လာခဲ့တာလည်း နှစ်ပေါင်း ၆၀ကျော်ကတည်းက အနစ်နာဆုံး၊ ခါးစည်းခံခဲ့ရ ဆုံးကတော့ ကျမတို့လူငယ်တွေပါ။ ကျမတို့ ပညာတတ်တွေနည်းပါးခဲ့တယ်။ ကျောင်းတွေ ကောင်းကောင်းမတက်နိုင်ဘူး။ တောတောင်ထဲမှာ ပြေးလွှားတိမ်းရှောင်နေရတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုတွေ၊ ခေါင်းဆောင်တွေအားလုံးက ကျမ တို့လူငယ်တွေက အရမ်းအရေးကြီးပါတာကို သူတို့အနေနဲ့ လုံးဝ ထည့်စဉ်းစားပေးပြီးတော့ ဘယ်လိုမျိုး လက်တွဲခေါ်ယူပေးနိုင် မလဲ၊ ဘယ်လိုမျိုး နေရာပေးနိုင်မလဲ။ ကျမတို့လူငယ်ကလည်း ဘယ်အခန်းကဏ္ဍကို ဘယ်လိုမျိုး တာဝန်ယူလုပ်ဆောင်နိုင်မလဲ။ လုပ်ဆောင်နိုင်မဲ့ဟာ စဉ်းစားတွေးခေါ်ပြီးတော့မှ တိတိကျကျ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တယ်။ အရမ်း အရေးကြီးလာ ပြီလို့လည်း မြင်ပါတယ်။

ရှရီအားနန်(All Kachin Students and Youth Union)

img_8117-shari-arnan-kachin
လက်ရှိ NLD အစိုးရ ဒီရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်ဆိုတော့ အခုတစ်နှစ်ရှိပြီးပေါ့။ မြန်မာနိုင်ငံမှာ NLD အစိုးရဆိုတော့ ကျမတို့ မှာ အစိုးရပဲ ပြောင်းသွားတယ်။ သူတို့ပေါ်လစီက မပြောင်းလဲဘူးပေါ့နော်။ ဒီလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက ကျမတို့ ဒီ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်သေးဘူး။ တိုင်းရင်းသားလူငယ်အချင်းချင်းထဲမှာ ဒီပြည်တွင်းစစ်ရပ်တန့်ဖို့၊ ထိုးစစ်တွေ ကို ရပ်တန့်ဖို့ တကယ်ပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေကို ဖော်ဆောင်နိုင်ဖို့အတွက်က ဘယ်လိုလုပ်ငန်းမဆို ကျမတို့လူငယ်တွေ အဲ့ဒီကဏ္ဍတွေမှာ အဓိက ပါဝင်သင့်တယ်လို့ ယုံကြည်တယ်။ ဘယ်လိုပူးပေါင်းပါဝင်ဆောင်သင့်သလဲဆိုရင် ပြည်တွင်းမှာရှိတဲ့ လူငယ်အဖွဲ့အစည်းတွေရယ်၊ ပြည်ပမှာရှိတဲ့လူငယ်အဖွဲ့အစည်းတွေရယ် ကျမတို့ပိုပြီးမှ ဒီ Network-ကွန်ရက်ချိတ်ဆက်မှုအရပဲ ဖြစ်ဖြစ် ကျစ်ကျစ်လစ်လစ်နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။
ကျမတို့ မြန်မာနိုင်ငံအတွက် လူငယ်တွေ အရမ်းအရေးကြီးတယ်။ ဒီလက်ရှိနိုင်ငံမှာ ကျမတို့ လူငယ်အခန်းကဏ္ဍမှာ အများကြီး ပါဝင်တာ သိပ်မရှိဘူး။ ဘယ်ကဏ္ဍမှာမဆို တကယ်ပဲ အရေးကြီးတယ်။ လူငယ်တွေ ဒီထက်ပိုပြီးမှ အတွေးအခေါ်ပိုင်းတွေ၊ ပြီး ရင် နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ လူငယ်မှာ အရမ်းအရေးကြီးတဲ့ ကဏ္ဍတခုဖြစ်တယ်။ ကျမတို့ ဒီတပ်ပေါင်းစုအနေနဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်ရမလဲဆိုတော့ လက်ရှိအစိုးရကို လူငယ်အခန်းကဏ္ဍအရပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဆိုင်တဲ့ဟာပဲဖြစ်ဖြစ် အရင်ကထက် ပိုပြီးမှ မီးမောင်းထိုးပေးတဲ့ အတွေးအခေါ်တခုခု နောက်ကနေ သူတို့ကို ပူးပေါင်းနိုင်တဲ့ လုပ်ဆောင်မှုမျိုး များများလုပ်ဆောင်ပေး ဖို့ လိုအပ်တယ်။ နောက်ကနေ ကျမတို့ထောက်ပံ့ပေးဖို့ လိုတယ်။ ပြီးရင် လူငယ်တွေလည်း တကယ်ပဲ နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ အရေးကြီးပါတယ်။

ပူမိုးဇက် (ဇိုမီးကျောင်းသားနှင့်လူငယ်အဖွဲ့-ZSYO) အဖွဲ့တာဝန်ခံ

img_8106-pu-mozas-zomi
၂၀၁၅ခုနှစ်နောက်ပိုင်း NLD ပါတီအနိုင်ရလာပြီးနောက်ပိုင်းမှာ ပိုပြီးတော့မှ အရင်တုန်းက ကျနော်တို့တောင်းဆိုလာတဲ့ ဒီမိုက ရေစီကြီးပေါ့နော်။ လူထုကရွေးချယ်တဲ့ အစိုးရတစ်ရပ်တော့ ပေါ်ထွန်းလာတဲ့အနေအထားတစ်ရပ်တော့ တွေ့ရပြီးပေါ့။ ဒါပေမဲ့ အားရကျေနပ်ရတဲ့အခြေအနေတော့ မတွေ့ရသေးပါဘူး။ ဆက်လက်ပြီးတော့ ရုန်းကန်နေရအုံးမှာပဲ။ အရင်နဲ့ မတူတာကတော့ တိုင်းပြည်ထဲမှာ တစုံတရာ ပိုပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားသွားလာနိုင်ကြတယ်။ ဟောပြော ပြောဆိုနိုင်ကြတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေက ရှိသေးပေမဲ့ လူငယ်တွေအချင်းချင်းကြားမှာ အပြန်အလှန်လေးစားမှုနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက် နိုင်စရာတွေ ပိုပြီးတော့ ကျယ်ပြန့်လာတာ တွေ့ရတယ်။
ကျနော်တို့က အဓိကအနေနဲ့ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ကဏ္ဍတွေမှာ လက်တွဲပူးပေါင်းနိုင်စရာတွေရှိတယ်။ တိုင်းပြည်အနှံ့ မှာ ဖြစ်နေတဲ့ မြေသိမ်းယာသိမ်းမှုတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာလည်း ဖြစ်နေတုန်းပဲဆိုတော့ ဒီလိုကဏ္ဍတွေမှာ အပြန် အလှန်ချိတ်ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်စရာ ရှိတယ်။ နောက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာက သဘာဝပတ် ဝန်းကျင်တစ်ခုပဲမဟုတ်ဘဲနဲ့ အကြီးစားစက်မှုလုပ်ငန်းတွေ၊ ဆည်၊ တာတမံ စီမံကိန်းတွေမှာပါ ဆက်သွယ်ပူးပေါင်းစရာရှိတယ်။ အထူးသဖြင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွေမှာလည်း လူငယ်တွေ စိတ်ဝင်တစားရှိသင့်တယ်။ ဒါက အရေးကြီးတယ်။ ကျနော်တို့တိုင်းရင်းသား လူငယ်တွေကလည်း လူငယ်တွေပဲဆိုတော့ အားလုံးက လက်ရှိ တိုင်းပြည်အ တွက် အရမ်းအရေးပါတဲ့ အခန်းကဏ္ဍရှိနေတုန်းပဲ။
မြန်မာပြည်ခေတ်ဆက်ဆက်မှာ ဗြိတိသျှလက်အောက်က လွတ်မြောက်လာခဲ့တဲ့နောက်ပိုင်း တိုင်းပြည်ရဲ့ သမိုင်းကိုကြည့်ရင် လူငယ်တွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးတယ်။ တိုင်းရင်းသားလူငယ်တွေဖြစ်တဲ့အတွက် ကိုယ့်ရဲ့အမျိုးသားရေးအတွက် လည်း ဒါ တိုင်းရင်းသားလူငယ်တွေမှာ တာဝန်ရှိတယ်။ ပြီးတော့ ကိုယ့်အမျိုးသားတစ်ခုပဲ မဟုတ်ပဲနဲ့ လူမျိုးပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်တဲ့နိုင်ငံ ဖြစ်တဲ့အတွက် ဒီပြည်ထောင်စုနိုင်ငံမှာ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုနဲ့ အနာ ဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ လူငယ်တွေရဲ့အခန်းကဏ္ဍက အမျိုးသားရေးတစ်ခုပဲ မဟုတ်ဘဲ ဒီပြောင်းလဲလာတဲ့အခြေအနေမှာ ခေတ်နောက်ကျနေရတဲ့ ပြည်သူတွေရဲ့ကြားထဲမှာ ငြိမ်းချမ်းရေးရဖို့အတွက် များစွာ လှုံ့ဆော် စည်းရုံးဖို့ အရေးကြီးတယ်။