Home သတင်း မြိုင်ကြီးငူ‌ဒေသရှိ စစ်‌ဘေး‌ရှောင်က‌လေးသူငယ် ၁,၀၀ဝအား ကာကွယ်‌ဆေးများ လိုက်လံထိုး‌ပေး‌နေ

မြိုင်ကြီးငူ‌ဒေသရှိ စစ်‌ဘေး‌ရှောင်က‌လေးသူငယ် ၁,၀၀ဝအား ကာကွယ်‌ဆေးများ လိုက်လံထိုး‌ပေး‌နေ

2047

နိုဝင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ မြိုင်ကြီးငူ‌ဒေသ စစ်‌ရှောင်ဒုက္ခသည်စခန်းတွင် ခိုလှုံ‌နေထိုင်‌နေရသည့် စစ်‌ဘေး‌ရှောင်က‌လေးသူငယ် ၁,၀၀ဝနီး ပါးကို အဆိုပါ စစ်‌ဘေး‌ရှောင်စခန်းတွင် တာဝန်ယူ‌နေသည့် ကျန်းမာ‌ရေးဝန်ထမ်းများ၊ သူနာပြုများနှင့် ‌ဆေးလုပ်သားများ စု‌ပေါင်းကာ အုပ်စုဖွဲ့ပြီး ကာကွယ်‌ဆေးထိုး‌ပေးခြင်းလုပ်ငန်းများ လုပ်‌ဆောင်လျှက်ရှိ‌ကြောင်း သိရသည်။

မဲ့သ‌ဝေါတိုက်ပွဲ ဖြစ်ပွားမှုများ‌ကြောင့် ‌နေရပ်စွန့်ခွာထွက်‌ပြေးလာရသူ ‌ဒေသခံများခိုလှုံရာ မြိုင်ကြီးငူ စစ်‌ရှောင်စခန်းနှစ်ခုဖြစ်သည့် ‌ကျောက်စာတိုက်ဓမ္မာရုံကွင်းအတွင်း တဲတန်းများနှင့် မြိုင်ကြီးငူဘုရားကုန်း မြတ်ပန်းဝတ်မှုံ ခန်းမ‌ဆောင်‌နေရာများအပြင် ရပ် ကွက်အတွင်းရှိ ‌ဆွေမျိုးအိမ်များတွင် ခိုလှုံ‌နေရသည့် စစ်‌ဘေး‌ရှောင်က‌လေးသူငယ်များအတွက် ကာကွယ်‌ဆေးများ လိုက်လံထိုး ‌ပေးခြင်း ဖြစ်သည်။

လှိုင်းဘွဲမြို့နယ်မှ သူနာပြု နန်း‌အေးလှိုင်‌ဋ္ဌေးက “ကျမတို့ ဒီမဲ့သ‌ဝေါဂွင်ထဲက စစ်‌ရှောင်မိသားစု‌တွေကို ‌ဆေးဋ္ဌာနဖွင့်ပြီး ကျန်းမာ ‌ရေး‌စောင့်‌ရှောက်တာရယ်၊ အခုက ကာကွယ်‌ဆေးထိုးတဲ့ အစီအစဉ်‌ပေါ့။ အရင်က‌တော့ ‌ဆေးဋ္ဌာနမှာ ‌ခေါ်ပြီးထိုးတယ်။ အခုက သူတို့‌နေတဲ့ တဲ‌တွေ အိမ်‌တွေထဲအထိ လိုက်လံထိုး‌ပေး‌နေတာ။ ဒါမှ ကျန်းမာ‌ရေးကိစ္စ‌တွေ အားလုံး ခြုံငုံမိပြီး စိတ်ချရမှာ”ဟု ‌ပြောသည်။

က‌လေးသူငယ်များအတွက် ၅မျိုးစပ်ကာကွယ်‌ဆေး၊ ပိုလီယိုကာကွယ်‌ဆေး၊ ပြင်းထန်အဆုတ်‌ရောင် ကာကွယ်‌ဆေး၊ အဆုတ်တီ ဘီကာကွယ်‌ဆေးတို့ကို အသက်အပိုင်းအခြားအလိုက် ကာကွယ်‌ဆေးထိုး‌ပေးခြင်းအပြင် အိမ်သာနှင့် ‌ရေသန့်ရှင်း‌ရေး ကူးစက် ‌ရောဂါ ဖြစ်ပွားမှုမရှိ‌စေ‌ရေးအတွက် ပိုးသတ်‌ဆေးဖြန်းခြင်း၊ စား‌သောက်မှုများတွင် အစာအဆိပ်သင့်မှုများ မဖြစ်ပွား‌ရေး ကြပ်မတ် ‌ဆောင်ရွက်ခြင်းများ လုပ်‌ဆောင်‌ပေးလျှက်ရှိသည်ဟု ဆိုသည်။

ထီးကနယ်ရွာသား ‌စောကုလားက “ကျ‌နော့်ခ‌လေး‌တွေ‌တော့ ကာကွယ်‌ဆေး‌တွေ လာထိုး‌ပေးတယ်။ မုန့်လည်း‌ကျွေးတယ်။ ကစားစရာ‌တွေလည်း‌ပေးတယ်။ အိမ်သာ ဘယ်လိုတက်၊ ဘယ်လို‌ရေကို‌လောင်းလည်း ‌ပြောတယ်။ ရွာမှာက ဒါမျိုး ဓ‌လေ့မရှိ ဘူး‌လေ။ ‌ရေချိုးဖို့‌တော့ ‌ချောင်း‌ရေသွားချိုးရတာ‌လေး တစ်ခု‌တော့ အဆင်မ‌ပြေဘူး။ ‌ရေကန်‌တွေနဲ့ စီစဉ်‌ပေးရင် အဆင်‌ပြေမယ်” ဟု ‌ပြောသည်။

ကာကွယ်‌ဆေးများထိုး‌ပေးခြင်းအပြင် သက်ကြီးရွယ်အိုများအား ကျန်းမာ‌ရေး‌စောင့်‌ရှောက်‌ပေးခြင်း၊ ကိုယ်ဝန်‌ဆောင်မိခင် ‌လောင်းများကို ကျန်းမာ‌ရေး စိစစ်‌ပေးခြင်းများ‌ဆောင်ရွက်လျှက်ရှိပြီး လက်ရှိ စစ်‌ဘေး‌ရှောင်‌နေရသူများထဲတွင် သက်ကြီးရွယ်အို တစ်‌ထောင်‌ကျော်နှင့် ကိုယ်ဝန်‌ဆောင်မိခင် ၆ဝဦး‌ကျော်ရှိသည်ဟု ကျန်းမာ‌ရေးဝန်ထမ်းများ၏ ‌ပြောပြချက်အရ သိရသည်။

လှိုင်းဘွဲမြို့နယ်၊ ကျန်းမာ‌ရေးမှူး ကိုမင်းတင်ထွန်းက “အခု‌တော့ ဒီစစ်‌ရှောင်စခန်းမှာ ကျန်းမာ‌ရေးနဲ့ ပတ်သက်လို့က‌တော့ ကုသ ‌ရေးပိုင်း‌ကော၊ ကာကွယ်‌ရေးပိုင်း‌ကော အဆင်‌ပြေ‌အောင် ‌စောင့်‌ရှောက်‌ပေး‌နေတယ်။ ကျ‌နော်တို့ တာဝန်ကျတဲ့ ‌ကျေးရွာ‌တွေက မိသားစု‌တွေပဲ‌လေ။ သူတို့ရွာပြန်အ‌ခြေမချနိုင်ခင် ဒီမှာပဲ ကျ‌နော်တို့အတူ ရှိ‌ပေး‌နေတယ်။ ‌ဆေးဝါးပိုင်း‌ကော၊ ကျန်းမာ‌ရေး အသိ ပညာ‌ပေးတဲ့အပိုင်း‌ရော၊ ‌စောင့်‌ရှောက်တဲ့အပိုင်း‌ကော ကျ‌နော်တို့ အတတ်နိုင်ဆုံး လုပ်‌ဆောင်‌ပေး‌နေတယ်”ဟု ‌ပြောသည်။

စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် မဲ့သ‌ဝေါ‌ဒေသတိုက်ပွဲများ‌ကြောင့် စစ်‌ဘေး‌ရှောင်‌ဒေသခံ ၇,၀၀ဝ ဝန်းကျင်ခန့်မှာ စစ်‌ရှောင် စခန်းနှင့် စစ်‌ဘေးလွတ်ရာ ‌ကျေးရွာများတွင် လက်ရှိအချိန်ထိ ခိုလှုံ‌နေထိုင်‌နေရဆဲဖြစ်ပြီး တိုက်ပွဲရပ်တန့်သွားသည်မှာ နှစ်လ ‌ကျော် ကြာမြင့်သည်အထိ မိမိတို့‌နေရပ်တွင် ပြန်လည်အ‌ခြေချ‌နေထိုင်နိုင်ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။