Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပါဝင်နိုင်မည့် လူငယ်များ‌မွေးထုတ်သည့် သင်တန်း KYO ဖွင့်လှစ်

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပါဝင်နိုင်မည့် လူငယ်များ‌မွေးထုတ်သည့် သင်တန်း KYO ဖွင့်လှစ်

2177

နိုဝင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ထိထိ‌ရောက်‌ရောက် ပါဝင်လာနိုင်မည့် လူငယ်များ‌မွေးထုတ်ရန် ရည်ရွယ်ပြီး ‘လူငယ်‌ခေါင်း‌ဆောင် လူမှု ‌ဘောင်’ သင်တန်းတိုတစ်ခုကို ကရင်လူငယ်အစည်းအရုံး(KYO)က ဦး‌ဆောင်ကာ ‌ကော့ကရိတ်မြို့နယ်၊ ‌နောင်နိုင်း‌ကျေးရွာ၌ ‌အောက်တိုဘာလ ၂၇ရက်မှ နိုဝင်ဘာလ ၁ရက်‌နေ့အထိ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းကို လူငယ်များ မိမိတို ့‌နေထိုင်ရာ‌ဒေသတွင် ငြိမ်းချမ်း‌ရေးနှင့်ဆက်စပ် ဖြစ်‌ပေါ်လာသည့် ဖြစ်စဉ်အ‌ပေါ် စိတ်ပါ ဝင်စားပြီး ဗဟုသုတများ တိုးမြင့်လာ‌စေရန်၊ ပိုမို‌ကောင်းမွန်သည့် စိတ်ဓာတ်များနှင့် တက်ကြွလှုပ်ရှားပြီး လူမှု‌ရေး၊ နိုုင်ငံ‌ရေး၊ အမျိုးသား‌ရေးစသည့် ကဏ္ဍအသီးသီးတွင် ပါဝင်ဦး‌ဆောင်လာ‌ရေးနှင့် တိုင်းရင်းသားအချင်းချင်း၊ ယဉ်‌ကျေးမှု၊ အသိပညာ ဗဟု သုတ ဖလှယ်ကာ ယုံကြည်မှုရှိစွာ ပူး‌ပေါင်းချိတ်ဆက် လုပ်‌ဆောင်တတ်လာ‌စေရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်သည်ဟု သင်တန်း တာဝန်ခံများက ‌ပြောသည်။

KYO ဗဟို၊ လူမှု‌ရေးတာဝန်ခံ ‌စောဖိုးခွားကြီးက “ကျ‌နော်တို့ သင်တန်းထဲမှာ စိတ်ပါဝင်စားပြီး ထူးချွန်တဲ့ လူငယ်များကိုပြန်‌ရွေးပြီး တစ်လတာသင်တန်းပြန်‌ပေးမယ်။ ပြီးရင် သူတို့‌တွေငြိ်မ်းချမ်း‌ရေးဖြစ်စဉ်မှာ ထိထိ‌ရောက်‌ရောက် ပါဝင်လာနိုင်ဖို့အတွက် ရည်ရွယ် ထားတာ ဖြစ်တယ်။ ‌နောက် ဒီ‌ဒေသမှာ ကျ‌နော်တို့လုပ်တာကလည်း ‌ခေါင်တဲ့‌ဒေသက လူငယ်‌တွေအတွက် အဓိက ဦးတည်တာ လည်း ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ ့‌ပြောသည်။

၆ရက်ကြာ စခန်းသွင်းပြုလုပ်ခဲ့သည့် ၎င်းသင်တန်းသို ့ပြည်နယ်အတွင်းရှိ ကရင်၊ မွန်၊ ပအိုဝ်း၊ ဗမာ စသည့် တိုင်းရင်းသားလူငယ် စုစု‌ပေါင်း ၇၇ဦး တက်‌ရောက်ခဲ့ကြပြီး လူငယ်အတွက် ငြိမ်းချမ်း‌ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး၊ လူ့အခွင့်အ‌ရေး၊ တစ် ကိုယ်‌ရေ ဖွံ့ဖြိုးမှုနှင့် ‌ခေါင်း‌ဆောင်မှု စသည့်သင်ခန်းစာများကို သင်ကြား‌ပေးခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဒူးပလာယာခရိုင်မှ သင်တန်းသူ နန်း‌ဖော့သိမ်းထိုင်က “ဒီသင်တန်းမှာက နိုင်ငံ‌ရေး ထဲဝင်ရင် ဘယ်လိုပါဝင်မလဲ။ အဖွဲ့အစည်းထဲမှာဝင်ရင် ဘယ်လိုပူး‌ပေါင်းပါဝင်ရမလဲ။ ပြီး‌တော့ တက်ကြွလှုပ်ရှားဖို့ ဘယ်လို‌နေ ထိုင်ရမလဲ။ ဒီသင်တန်းပြီးသွားရင် ကိုယ့်‌ဒေသပြန်တဲ့အခါမှာ ဘယ်လိုပြန်သင်‌ပေးရမလဲ။ အဲလို‌တွေ အားလုံးသင်‌ပေးထား တယ်။ သင်‌ပေးတာ‌တွေကို အ‌ကောင်းဆုံးပြန်အသုံးချပြီး ကိုယ့်ခရိုင်မှာ ပြန်ချပြ‌ပေးနိုင်မယ်လို့ ကျမကိုယ်ကျမ ထင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လူငယ်အစည်းအရုံး- KYO ဦး‌ဆောင်မှုဖြင့် အဆိုပါသင်တန်းများကို ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း‌ဒေသကြီးတွင်လည်း ပြု လုပ်‌ပေးခဲ့ပြီးဖြစ်ကာ Youth Circle အဖွဲ့နှင့်အတူ အခြားပြည်နယ်နှင့် တိုင်း‌ဒေသကြီးတို့တွင် သင်တန်း ပြုလုပ်ခဲ့ဖူး‌ကြောင်း သိ ရသည်။