Home သတင်း ၆၁နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲတွင် တက္ကသိုလ်စု‌ပေါင်း ယဉ်‌ကျေးမှုဒုံးအဖွဲ့ ပထမဆုဆွတ်ခူးရရှိ

၆၁နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲတွင် တက္ကသိုလ်စု‌ပေါင်း ယဉ်‌ကျေးမှုဒုံးအဖွဲ့ ပထမဆုဆွတ်ခူးရရှိ

2310

နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့ သီရိကွင်း၌ နိုဝင်ဘာလ ၇ရက်မှ ၁၁ရက်‌နေ့အထိ ကျင်းပ‌သော ၆၁နှစ်‌မြောက် ကရင် ပြည်နယ်‌နေ့ပွဲ‌တော်၏ ရိုးရာဒုံးအကပြိုင်ပွဲတွင် တက္ကသိုလ်များ စု‌ပေါင်းယဉ်‌ကျေးမှုဒုံးအဖွဲ့မှ ပထမ ဆုဆွတ်ခူးရ ရှိသွား ခဲ့သည်။

ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲသို့ မြို့နယ်ကိုယ်စားပြု ဒုံးအဖွဲ့များ၊ တိုက်နယ် ကိုယ်စားပြု ဒုံး အဖွဲ့များအပါအဝင် စုစု‌ပေါင်းပြိုင်ပွဲဝင်ဒုံးအဖွဲ့ ၁၆ဖွဲ့ရှိသည့်အနက် ပထမဆုကို တက္ကသိုလ်များစု‌ပေါင်း ယဉ်‌ကျေး မှုဒုံးအဖွဲ့က ရရှိသွားပြီး ဒုတိယဆုကို မြဝတီမြို့နယ်ကိုယ်စားပြုဒုံးအဖွဲ့၊ တတိယဆုကို ကြားအင်း ဆိပ်ကြီး မြို့နယ် ကိုယ်စားပြု ဘုရားသုံးဆူမြို့ယဉ်‌ကျေးမှုဒုံးအဖွဲ့၊ စတုတ္ထဆုကို ဖားအံမြို့နယ် ကိုယ်စားပြု ခ‌လောက်နို့ ဒုံးအဖွဲ့နှင့် ပဉ်စမဆုကို ‌ကော့ကရိတ်မြို့နယ် ကိုယ်စားပြုဒုံးအဖွဲ့များမှ အသီးသီးရရှိခဲ့ကြသည်။

ပထမဆု ရရှိသည့် တက္ကသိုလ်များ စု‌ပေါင်း ယဉ်‌ကျေးမှုဒုံးအဖွဲ့မှ ဒုံးဆရာ ပိုင်ပိုင် (ခ) ‌စော‌အောင်‌ကျော်ငြိမ်းက “ကျ‌နော်တို့ တက္ကသိုလ်ဒုံးက ပြည်နယ်ပွဲမှာ ဝင်ပြိုင်တာ နှစ်‌ပေါင်း‌တော်‌တော်ကြာပြီး ဆုက ဒုတိယ၊ တတိယ ပဲ ရဖူးတယ်။ အခုက ပထမဦးဆုံးအကြိမ် ရရှိသွားပြီး ဒုံးတစ်ဒုံးဖြစ်လာဖို့က လွယ်‌တော့မလွယ်ဘူး။ ‌ငွေ‌ရေး ‌ကြေး‌ရေး အပိုင်းလည်းကုန်တယ်။ လူအင်အားလည်း ကုန်တယ်။ အခက်အခဲ ဘယ်‌လောက်ရှိလည်းဆိုတာ လုပ်တဲ့ လူတိုင်း သိပါတယ်။ အခုလို ဆုရဖို့က အများကြီးကိုကြိုးစားရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ပထမဆုရရှိသည့် တက္ကသိုလ်များစု‌ပေါင်းယဉ်‌ကျေးမှုဒုံးအဖွဲ့ထဲတွင် ယခင်နှစ်များက ဖားအံတက္ကသိုလ်၊ ‌မော်လမြိုင် တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်များသာ ပါဝင်ပြီး ယခုနှစ်တွင် ပုသိမ်တက္ကသိုလ်၊ မ‌ကွေးတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့ ထပ်မံပူး‌ပေါင်းပါဝင်လာသည်ဟု ဒုံးဆရာ ‌စော‌အောင်‌ကျော်ငြိမ်း ဆက်‌ပြောသည်။

ပြိုင်ပွဲဝင် တက္ကသိုလ်များစု‌ပေါင်းဒုံးအဖွဲ့၏ ဆုရရှိခြင်းသည် အမှတ်‌ပေးစည်းမျဉ်း အချက်များဖြစ်သည့် အရပ်အ‌မောင်းနှင့် ဝတ်စားဆင်ယင်မှု ညီညာလိုက်ဖက်ခြင်း၊ တီးမှုတ်တူရိယာ ၇မျိုးပြည့်စုံပြီး အတီးအမှုတ်နှင့် ‌နောက်ခံသီချင်း သီဆိုမှုညီမျှခြင်း၊ ဝင်‌ရောက်ယှဉ်ပြိုင်ရာတွင် အဝင်အထွက်ရို‌သေ‌လေးစားမှုရှိခြင်း စသည့်အချက်များနှင့် ကိုက်ညီ၍ အမှတ်အများဆုံးဖြစ်သည့်အတွက် ပထမဆု‌ပေးလိုက်ရခြင်းဖြစ်သည်ဟု အမှတ်‌ပေး ဒိုင်လူကြီးများက ‌ပြောသည်။
dsc_9447
ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ် ဒုံးပြိုင်ပွဲသို့ နှစ်စဉ်နှစ်တိုင်း ဒုံးအဖွဲ့များက အကြိတ်အနယ် ဝင်‌ရောက် ယှဉ်ပြိုင်းခြင်းများရှိသကဲ့သို့ ပြိုင်ပွဲဝင်ဒုံးအဖွဲ့များအတွက် နစ်နာမှုများမရှိ‌စေရန် ဘက်လိုက်မှုမရှိဘဲ ‌သေချာစွာအမှတ်‌ပေးထား‌သော‌ကြောင့် ‌ဝေဖန်မှုများနည်းလာသည်ကို‌တွေ့ရသည်ဟု အမှတ်‌ပေးဒိုင်ချုပ် ‌စောထင်‌ကြေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဓိက ဒုံးသီးချင်းစပ်တဲ့အချိန်မှာ အခုလက်ရှိနိုင်ငံ‌ရေး အ‌နေအထားနဲ့ ပါတာရှိမရှိ အဲဒါလည်းကြည့်‌သေးတယ်။ ကျ‌နော်တို့ဒိုင်အဖွဲ့‌တွေက တရားမျှတတဲ့ ဒိုင်ဖြစ်‌အောင် နှစ်ခါ‌တောင် စည်း‌ဝေးထိုင်ရပါတယ်။ ကျ‌နော်တို့ ကရင်တိုင်းရင်းသား ဒုံးအဖွဲ့‌တွေကလည်း စိတ်ဝမ်းကွဲမှုဖြစ်တတ်တယ်။ အဲဒါကိုစိုးရိမ်လို့ပဲ ငါတို့က မှန်မှန်ကန်ကန်နဲ့ အမှတ်‌ပေးသွားပါတယ်။ ပြီး‌တော့ ကရင်ပြည်နယ်‌နေ့မှာ နှစ်စဉ်နှစ်တိုင်း ဒုံးရိုးရာယဉ်‌ကျေးမှုအက မ‌ပျောက်ပျက်‌အောင် ထိန်းသိမ်းသွားမယ်” ဟု ‌စောထင်‌ကြေးက ‌ပြောသည်။

ယခုနှစ်ဆုရရှိသည့်ဒုံးအဖွဲ့များသည် ပထမဆု ကျပ်‌ငွေ ၂ဝသိန်း၊ ဒုတိယဆု ၁၆သိန်း၊ တတိယဆု ၁၂သိန်း၊ စတုတ္ထဆု ၈သိန်း၊ ပဉ်စမဆု ၆သိန်းနှင့် အထူးဆု ၁ဝသိန်း စသည့်ဆုများ အသီးသီးကို ‌ပေးအပ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၇ရက်‌နေ့တွင် ကရင်ပြည်နယ်‌နေ့ဖြစ်ပြီး ၇ရက်‌နေ့ညမှာ ဒုံးပြိုင်ပွဲစတင်ရန် စီစဉ်ထား‌သော်လည်း မိုး‌လေဝသ အ‌ခြေအ‌နေ‌ကြောင့် ၈ရက်‌နေ့ညမှ ပြန်လည်စတင် ယှဉ်ပြိုင်ရ၍ ဒုံးပြိုင်ပွဲဝင်ရက် ၁ရက် ထပ်တိုး‌ပေးရသလို ပြီးခဲသည့် နှစ်တွင်လည်း ပြိုင်ပွဲဝင်ရမည့်ရက်မှာ ၂၀၁၅ ‌ရွေး‌ကောက်ပွဲနှင့် တိုက်ဆိုင် သည့် အတွက် ဒုံးပြိုင်ပွဲရက် အလားတူ ရက်‌ရွှေ့ ‌နောက်ဆုတ်‌ပေးရ‌ကြောင်း သိရသည်။