ကိုယ်ရေးအကျဉ်း
နန်းခိုင်ရွှေဝါဝင်း (ခေါ်) စေးစေး၊ အသက်က (၁၈)နှစ်။
မိခင်မှာ ပိုင်ကျုံမြို့နယ်၊ တကော်ကျေးရွာသူ၊ ဖခင်မှာ တခါ့လုံရွာသားဖြစ်ပြီး မွေးချင်းနှစ်ဦးအနက် အငယ်ဖြစ်သည်။
ရွှေဂွန်းမြို့တွင် အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး ဖားအံမြို့ရှိ ဖားအံတက္ကသိုလ်တွင် ရူပဗေဒမေဂျာဖြင့် ဒုတိယနှစ် တက် ရောက်သင်ယူနေသည်။ ၂၀၁၆ခုနှစ်၊ ဇူလိုင်လ၌ မြန်မာနိုင်ငံရှိ Miss Golden Land Myanmar အဖွဲ့ ကရင်ပြည်နယ်၊ ဖားအံမြို့ တွင် လာရောက်ကျင်းပသည့် မယ်ရွေးပွဲကို ဝင်ယှဉ်ပြိုင်ခဲ့ရာ Miss Kayin State Winner ဆုရရှိခဲ့သည်။
ဩဂုတ်လ (၂၅)ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် မယ်ရွေးပွဲကြီးကို ကရင်ပြည်နယ် ကိုယ်စားပြုမယ်အဖြစ် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ရာ Miss Earth Myanmar 2016 ဆုကို ရရှိခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာလ ၆ရက်မှ ၂၉ရက်နေ့အထိ နိုင်ငံ ပေါင်း ၈၃နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံတကာအဆင့် Miss Earth 2016 ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာ Miss Friendship Bronze Medal Award နှင့် Miss Photogenic Silver Medal Award တို့ကို ရွေးချယ်ချီး မြှင့်ခံခဲ့ရသည်။
အလှမယ်မဖြစ်ခင် အနုပညာနှင့်ပတ်သက်၍ ကရင်ပြည်နယ်၌ထုတ်လုပ်သော သီချင်းစီးရီးခွေများတွင် သရုပ်ဆောင်မင်းသမီးအ ဖြစ် ပါဝင်ခဲ့သည်။ အနုပညာရှင် ကရင်အဆိုတော် စောကျော်လိုက်သိန့်က သူမကို သရုပ်ဆောင်မင်းသမီး “အောင်လျောင့်ခလိန်း” ဟု နာမည်ပေးထားခဲ့သည်။ အစပိုင်းတွင် ကရင်သီချင်းခွေ (ဂေဒိုက်ဖလုံ) အခွေတွင် သရုပ်ဆောင်အဖြစ်လည်းကောင်း ပါဝင်ကူ ညီရင်း ပရိဿတ်များ၏ သတိထားမှုကို ပိုရလာခဲ့သည်။
မေး ။ ။ မယ်တစ်ယောက်ဖြစ်လာဖုို့က ဘယ်သူရဲ့ ထောက်ပံ့ပေးမှု၊ တွန်းပုို့မှုကြောင့် ဖြစ်လာတာလဲ။
နန်းခိုင် ။ ။ ပြိုင်ပွဲဝင်ဖြစ်တာက ကျမရဲ့အကို ဒုံးယိမ်းအက နည်းပြဆရာ(ကျော့ပိုင်)က Miss Golden Land Myanmar လာပြီး ပြိုင်ပွဲလုပ်မယ်လို့ လိုက်ကြော်ငြာပေးတယ်လေ။ ညီမ ငယ်ငယ်တုန်းက အဒေါ်တွေ၊ ဦးလေးတွေ Miss ပြိုင်ပွဲအခွေတွေ ကြည့်တာ တွေ့ဖူးတယ်။ ညီမလည်း စိတ်ဝင်စားခဲ့တယ်။ ဒါပေမယ့် ကြီးလာတော့ ညီမက တောနယ်မှာ မွေးဖွားလာတာဆိုတော့ တောပုံစံပဲ နေထိုင်တယ်။ လိုက်လည်လိုက်သွား အသားအရေတွေ မဲနေတယ်။ ဒီလိုမျိုး ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဝင်ပြိုင်ဖြစ်လိမ့်မယ်လို့ မထင်ထားဘူးပေါ့နော်။ ဒါပေမယ့် ဝါသနာပါတယ်။ အဲဒါကြောင့် ညီမအကို(ကျော့ပိုင်)ကို ပြောတယ်။ ဝင်ပြိုင်လို့ ဖြစ်ပါ့မလားပေါ့။ အဲဒီအချိန်မှာ ညီမလည်း ဒုံးယိမ်းကနေတော့ တအားပိန်သွားတယ်။ စိတ်ဓါတ်တော့ နည်းနည်းကျသွားတာပေါ့။ အကိုက ရတယ်တဲ့။ ပြိုင်ကြည့်ပါလို့ ပြောတယ်။ နောက်တခုက ကျောင်းမှာလည်း ညီမက ကရင်(Queen) ရထားတယ်။ Miss Golden Land ပြိုင်မယ့်နေ့မှာပဲ ကျောင်းမှာလည်း ညီမ (Crown) လွဲပေးရမယ်။ အချိန်က တိုက်ဆိုင်နေတော့ ညီမ အမကို အကူအညီ တောင်းလိုက်တယ်။ ညီမကို ကူညီလို့ ရမလားပေါ့။ အမကလည်း ရတယ်ဆိုပြီး ဝမ်းသာသွားတယ်။ အဲဒါနဲ့ ်းဝင်ပြိုင်ဖြစ်သွားတယ်။
မေး ။ ။ အခြားဘယ်သူတွေ ပံ့ပိုးကူညီပေးသေးလဲ။
နန်းခိုင် ။ ။ ညီမ ဒီလိုအောင်မြင်ဖို့က ညီမအဒေါ်တွေ ဦးလေးတွေရဲ့ အားပေးမှုလည်းပါတယ်။ သူတို့က ညီမကို ပံ့ပိုးပေးတယ်။ ညီမ လိုအပ်တာတွေပေါ့။ အားမငယ်အောင် အားတက်တဲ့စကားတွေ အမြဲပြောတယ်။ ညီမ ရန်ကုန်မှာ ပြိုင်ပွဲစစချင်း သွားပြိုင်က တည်းက ရန်ကုန်ကိုရောက်တာနဲ့ ညီမ အရမ်းအားငယ်တယ်။ ဘာဖြစ်လဲဆိုတော့ သူများတွေက အတွေ့အကြုံရှိတယ်။ လေ့ကျင့် ထားတယ်။ ညီမက Miss လည်း တစ်ခါမှ မပြိုင်ဖူးဘူး။ ပြည်နယ်မှာ ချက်ချင်းဝင်ပြိုင်၊ ဆုရတာနဲ့ ရန်ကုန်ကို ချက်ချင်းသွားပြိုင်ရ တယ်ဆိုတော့ သူများကို တွေ့တာနဲ့ တော်တော်ရှိန်တယ်။ သူများကိုလည်း ကြောက်တယ်။ ညီမ ဦးတွေ၊ အဒေါ်တွေက နောက်မှာ အားပေးစကား အမြဲပြောရတယ်။ ပြိုင်ပွဲသွားပြိုင်တော့ ညီမက သူများလိုမျိုးတူအောင် ညီမ မျက်နှာမငယ်အောင် သူတို့ဝယ်ပေး တယ်။ အလှကုန်ပစ္စည်း၊ ဖိနပ်ကအစပေါ့။ အနောက်မှာ ပံ့ပိုးပေးတယ်။
မေး ။ ။ မယ်ပြိုင်ပွဲ ဝင်ပြိုင်ဖြစ်တဲ့ ရည်မှန်းချက်လေး ပြောပြပေးပါ။
နန်းခိုင် ။ ။ ညီမရဲ့ ရည်မှန်းချက်ကတော့ စစချင်းမှာ ညီမ ဆုရဖို့ မမျှော်မှန်းဘူး။ ဆုလည်း မလိုချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပွဲလာလုပ်တာလည်း နောက်ကျတယ်။ Training တစ်ရက်နှစ်ရက်ပဲ ရှိတယ်။ ဘယ်လို လမ်းလျှောက်မလဲပေါ့။ ဆုလည်း မလိုချင် တော့ဘူး။ ဒီလိုပဲ ဝင်ပြိုင်လိုက်မယ်ပေါ့။ ဆုရတဲ့အခါကျတော့ ကိုယ့်အမျိုးသားအတွက် စိတ်ထဲမှာဖြစ်လာတယ်။ ရန်ကုန်မှာ ရောက်တော့လည်း ဆုရဖို့ မမျှော်လင့်ဘူး။ ညီမစိတ်ထဲမှာ ကရင့်ရိုးရာယဉ်ကျေးမှုတွေ ပြချင်တယ်။ ရိုးရာဒုံးအကတွေ ကပြချင် တယ်။ အဲလောက်ပဲ စိတ်ထဲမှာ ရှိတယ်။
မေး ။ ။ မယ်ကမ္ဘာမြန်မာဆုရတော့ ဘယ်လိုခံစားရလဲ။
နန်းခိုင် ။ ။ စစချင်းပေါ့။ နောက်ဆုံးကျန်တဲ့ သူငယ်ချင်း ၄ယောက် ညီမရယ်၊ ရှမ်း၊ မန္တလေး၊ နေပြည်တော် ကျန်တော့ ညီမ မပါ တော့ဘူးလို့ ထင်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ Camp လေ့ကျင့်ကတည်းက ညီမက အေးအေးဆေးဆေးပဲ နေတယ်။ သင်ပြတဲ့ ဆရာတွေ လုပ်ခိုင်းတဲ့အတိုင်း လိုက်လုပ်တယ်။ အပြစ်မရှိအောင်တော့ နေထိုင်တယ်။ ဆုကြေညာတဲ့အခါကျတော့ ညီမ စိတ်ထင် ဟိုအမတစ်ယောက် ရမယ်လို့ထင်နေတာ။ သူက ဆုတွေ အများကြီးရထားတော့လေ။ ညီမ နာမည်ကိုခေါ်တော့ ညီမ တုန်လှုပ် သွားတယ်။ တကယ်ဟုတ်လို့လား။ နာမည်မှားခေါ်နေသလားပေါ့။ နောက်ဆုံး ဟုတ်တယ်ဆိုတော့လေ ပြောမတတ်လောက် အောင် အရမ်းကို စိတ်လှုပ်ရှားခဲ့တယ်။
မေး ။ ။ ပြည်နယ်ကနေစပြီး ပြိုင်ပွဲဝင်ခဲ့တဲ့ အဆင့်ဆင့် အတွေ့အကြုံတွေ ပြောပြပေးပါဦး။ ဖိလစ်ပိုင်မှာ သွားပြိုင်ခဲ့တဲ့ မယ် ကမ္ဘာပြိုင်ပွဲကြီး အတွေ့အကြုံလေးတွေ သိချင်ပါတယ်။
နန်းခိုင် ။ ။ ဖားအံမှာ ပြိုင်တုန်းကတော့ အတွေ့အကြုံတော့ သိပ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချိန်တို Training တစ်ရက် နှစ်ရက်ပဲ ရှိတော့လေ။ ပထမဆုံးတစ်ရက်တော့ interview လုပ်တယ်။ နောက်တစ်ရက်ကျတော့ training ဆင်းတယ်။ ဘယ်လို ပြောမလဲ။ အတွေ့အကြုံတွေ အခက်အခဲတွေ သိပ်မရှိဘူး။ စစချင်းပေါ့ ညီမက ဖိနပ်ကို ကြောက်တယ်။ ဒေါက်မြင့် မစီးတတ်ဘူး။ ၃လက်မ၊ ၄လက်မလောက်ပဲ စီးလို့ရတယ်။ ရန်ကုန်မှာရောက်တော့ ဆရာတွေက နိုင်ငံတကာ သွားပြိုင်ဖို့အတွက် ညီမတို့ကို training တွေ ပြင်းပြင်းထန်ထန် ပေးတယ်။ ၆လက်မှတ် ဒေါက်မြင့်ဖိနပ် စီးရတယ်။ ဖားအံမှာဆို ညီမက ၃လက်မဒေါက်လောက် ပဲ စီးတော့ အဲဒီမှာ ညီမ လမ်းမလျှောက်တတ်ဘူး။ ပုံစံကျအောင် တစ်နာရီလောက် မတ်တတ်ရပ်ရတယ်။ အဲဒီမှာ ခြေထောက် တွေ နာတယ်။ ရောင်လာတယ်။ ရေနွေးနွေးနဲ့ ပြန်စိမ်ရတယ်။ အဲလိုမျိုး လေ့ကျင့်ပေးတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံမှာ သွားပြိုင်တော့ အဆင်ပြေသွားတယ်။ နိုင်ငံတကာတွေက အကောင်ကြီးတယ်။ အရပ်ရှည်တယ်။ တို့မြန်မာနိုင်ငံ နည်းနည်းပုတော့ ဒေါက်မြင့်တဲ့ ဖိနပ်တွေ စီးရတယ်။
မေး ။ ။ မယ်မြန်မာတယောက်ဖြစ်လာဖို့က ဘယ်လို ကြိုးစားခဲ့ရလဲ။ ကိုယ့်ရဲ့ ကြိုးစားမှုတွေကြောင့် ဘာအကျိုးရလဒ်တွေ ရခဲ့ လဲ။ ဘာဆုတွေရခဲ့လဲ။
နန်းခိုင် ။ ။ မြန်မာပြည်တွင်းမှာ ပြိုင်ကတည်း ဆုရဖို့က အဓိကမဟုတ်ဘူး။ ညီမတို့ ကရင်လူမျိုးတွေ မျက်နှာမငယ်ရအောင် ကြိုးစားလုပ်ဆောင်တယ်။ ဆရာတွေ သွန်သင်တဲ့အတိုင်း လုပ်ဆောင်တယ်။ အဲဒီတော့ ညီမ Miss Earth Myanmar 2016 Crown ရခဲ့တယ်။ ပြီးတော့ ဖိလစ်ပိုင်နိုင်ငံမှာ Miss Earth ပြိုင်ပွဲကြီး သွားပြိုင်ခဲ့တယ်။ အဲဒီရောက်တော့ ကိုယ့်ကရင်လူမျိုးအ တွက် တခုတည်း မဟုတ်တော့ဘဲ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပြိုင်ရတယ်လေ။ မြန်မာနိုင်ငံကို လူတွေ ပိုသိလာအောင် ကြိုး စားလုပ်ဆောင်တယ်။ ရှင်းပြပေးတယ်။ သူများနိုင်ငံမှာ မယ်တွေများတော့ စလွယ်လွယ်ထားမှ သူများသိကြတယ်။ အဲဒီမှာ ညီမ က ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ပါးပါးပဲ နေတယ်။ အဲဒီမှာရှိတဲ့ လူတွေနဲ့ လိုက်ခင်တယ်။ သူများနိုင်ငံတွေက ကိုယ့်မြန်မာနိုင်ငံကို ပိုသိ လာအောင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူတို့ သိချင်တာလေးတွေ ရှိရင်လည်း ပြောပြတယ်။ အဲဒီမှာ ညီမက Friendship Award အခင်အမင် အဖော်ရွေဆုံးဆုကို ရရှိခဲ့တယ်။ ပြီးတော့ Photogenic Award ဆုကို ပရိဿတ်က ပေးတယ်။
မေး ။ ။ ပြိုင်ပွဲတစ်လျှောက် ဘယ်လိုအခက်အခဲတွေ ကြုံရလဲ၊ အကြီးမားဆုံး စိန်ခေါ်မှုက ဘာတွေလဲ။
နန်းခိုင် ။ ။ မြန်မာပြည်တွင်းမှာကျတော့ ဖိနပ် ပြဿနာ ကြုံရတယ်။ ညီမက ဒီမှာနေတုန်း ပခုံး နည်နည်း ပုတယ်။ အဲဒီမှာ ဆရာတွေကလည်း ပြောတယ်ပေါ့နော်။ ပခုံးမတ်မတ်ဖြစ်အောင် နေထိုင်ရတယ်။ အများကြီး ကြိုးစားခဲ့ရတယ်။ အဲဒါကြောင့် ဖိလစ်ပိုင်ရောက်တော့ နည်းနည်း နေသားကျသွားတယ်။ စစချင်း ညီမ ပြိုင်ပွဲတခု ပြိုင်ဖို့အချိန်မှာ ညီမ အိတ်ပျောက်သွားတယ်။ ဟိုတယ်ဝန်ထမ်းတွေက အိတ်ကို ဘယ်အခန်းမှာ သွားထားမိလဲမသိဘူး။ အဲဒီမှာ အကျင်္ီတွေ၊ ဖိနပ်တွေ အကုန်ပါသွားတယ်။ ညီမ က အေးဆေးပဲ နေတယ်။ မျက်နှာ အမူအရာမပျက်ဘူး။
အခြားသူငယ်ချင်းတွေကလည်း သူတို့အကင်္ျီတွေ ဝတ်ပါပေါ့။ သူတို့ ဖိနပ်တွေ ပေးကြတယ်။ သူတို့ဖိနပ်က ဆိုက်ဒ် ၄၀လောက်နဲ့ ညီမ ခြေထောက် နံပါတ်က ၃၇၊ ၃၆လောက်ပဲဆိုတော့ ညီမ ဂျပန် မယ်ကို သွားပြောတော့ သူမရဲ့ ခြေထောက် နံပါတ်က ၃၈ဆို တော့ နည်းနည်းတော့ အဆင်ပြေတယ်။ ပြိုင်ခါနီး ၁ဝမိနစ်၊ ၁၅မိနစ်လောက်မှာ အိတ်က ပြန်ရောက်လာတယ်။ အဲဒီမှာ ကမန်း ကတန်း အဝတ်အစားတွေ သွားပြန်လဲရတယ်။ ဒါရိုက်တာတွေ ညီမကို ချစ်ကြတယ်။ သူတို့က ညီမကို နင်ဘာမှမဖြစ်လိုပဲနော်တဲ့။ အင်း… အေးဆေးပဲလေလို့။
ဖိလစ်ပိုင် သွားပြိုင်တော့ အကြီးမားဆုံးအခက်အခဲက ညီမက အဂင်္လိပ် သိပ်မပြောတတ်ဘူး။ စစချင်းမှာ စိတ်ဓါတ် တအားကျခဲ့ တယ်။ ပြန်လာချင်တယ်။ ဘယ်လိုလုပ်ရမလဲပေါ့။ သူများတွေ အဂင်္လိပ်လို စကားပြောကြတော့ ဒီလိုပဲ ကြည့်ရတယ်။ လူတွေကို ရှိန်တယ်လေနော်။ နောက် ညီမရဲ့အခန်းဖော်သူငယ်ချင်းက ပြောပြတယ်။ စစချင်းတော့ တစ်ရက်နှစ်ရက် နောက်ကျတယ်။ ဘာ လုပ်ရမလဲဆိုတာ နားမလည်တော့လေ။ နောက်ပိုင်း သူငယ်ချင်းက စာနဲ့ရေးပေးတယ်။ သူတို့စကားပြောတာ နားထောင်များ တော့ နည်းနည်း နားလည်လာတယ်။ နောက် သူငယ်ချင်းတွေ များလာတယ်။ အဆင်ပြေသွားတယ်။
မေး ။ ။ ပြိုင်ပွဲကြီးပြီးနောက် ညီမအနေနဲ့ ဘာတွေ ဆက်လုပ်ဖို့တွေ ရှိလဲ။
နန်းခိုင် ။ ။ ပြိုင်ပွဲပြီးနောက် ညီမတို့ Organization က ဆရာတွေ ညွန်ပြတဲ့အတိုင်း လုပ်သွားရမယ်။ ဥပမာ ပွဲတွေတက်ရ မယ်ဆိုရင် ညီမ တက်ရမယ်။ ပရဟိတ လုပ်ဆောင်ချက်တွေရှိရင် သူတို့နဲ့အတူ ပရဟိတ အလုပ်တွေ လုပ်ရမယ်။ organization နဲ့က ၂နှစ် စာချုပ် ချုပ်ထားတယ်။ ၂၀၁၈ခုနှစ်အထိပါ။
မေး ။ ။ မယ်ကမာ္ဘပြိုင်ပွဲကြီးက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ ဖွံ့ဖြိုးရေးအတွက် အဓိက ရည်မှန်းပြီး ကျင်းပတဲ့ ပွဲ တစ်ခုလို့ သိရတယ်။ မယ်ကမ္ဘာမြန်မာတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ဘယ်လိုလုပ် ဆောင်သင့်လဲလို့ထင်လဲ။ ဘယ်လို အကြံပြုချင်လဲ။
နန်းခိုင် ။ ။ သဘာဝပတ်ဝန်းကျင် ကောင်းလာဖို့အတွက် အရင် မပြောသေးဘူး။ ပြောချင်တာကလေ လိုအပ်တဲ့နေရာကို အရင်လုပ်စေချင်တယ်။ အလှဆုံး မလုပ်ရင်လည်း လိုအပ်တဲ့နေရာ အရင်ဖြည့်ချင်တယ်ကွာ။ မြန်မာပြည်မှာကျတော့ ကြည့်လိုက် မယ်ဆိုရင် ရွာတွေမှာ လျှပ်စစ်မီးတွေ သိပ်မရှိသေးဘူး။ လျှပ်စစ်ပစ္စည်းတွေ လိုတယ်။ နိုင်ငံ၊ ကျေးလက်ကျေးရွာတွေ ဖွံ့ဖြိုးတိုး တက်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေ၊ လျှပ်စစ်မီးတွေ ရစေချင်တယ်။
Miss ဝင်ပြိုင်တာ ညီမ စစချင်းဝင်တုန်းက Miss နဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကိုပဲ လိုက်လေ့လာဖြစ်တယ်။ ညီမ Miss Earth Myanmar ဆုရမှ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး စလေ့လာဖြစ်တယ်။ ဖိလစ်ပိုင်မှာရောက်တော့ သူတို့က သဘာဝပတ်ဝန်း ကျင် တော်တော်လေး ထိန်းသိမ်းတာ တွေ့ရတယ်။ မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပုံ ထိန်းသိမ်းနည်းနဲ့တော့ မတူ ဘူး။ သူတို့မှာတော့ ထိန်းသိမ်းတာ အရမ်းကောင်းတယ်။ ညီမတို့နိုင်ငံမှာလည်း အဲလိုဖြစ်စေချင် ပါတယ်။ သဘာဝထိန်းသိမ်းတာ တစ်ယောက်ထဲနဲ့တော့ လုပ်လို့တော့ မရပါဘူး။ အားလုံး စုပေါင်းပြီး လုပ်ရမှာပါ။
မေး ။ ။ ပြိုင်ပွဲတစ်လျှောက် ညီမကို အားပေးတဲ့ ပရိဿတ်တွေရှိသလို၊ ဝေဖန်ရှုတ်ချတဲ့လူတွေလည်း ရှိတယ်။ အဲဒီပရိဿတ် တွေအတွက် ညီမ ဘာပြောချင်လဲ။
နန်းခိုင် ။ ။ စိတ်ထဲမှာ သူတို့ ဝေဖန်တာဟာ ကောင်းစေချင်လို့ ပြောတာပဲလို့ မှတ်ယူတယ်။ ဥပမာ ညီမက အရပ်ပုတယ်လို့ ပြောတယ်။ ဟုတ်ပြီ အရပ်ရှည်လာအောင် ရေကူးရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကို သိလာတယ် မဟုတ်လား။ သူတို့ပြောတာတွေဟာ ညီမတို့ တိုးတက်ဖို့အတွက် ပြောတာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားပေးတဲ့လူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့။
မေး ။ ။ ယှဉ်ပြိုင်တစ်လျောက် အောင်မြင်မှု တစ်စုံတရာ ရခဲ့တယ်။ ပြီးတော့ ညီမအတွက် ဘာသင်ခန်းစာတွေ ရရှိခဲ့လဲ။
နန်းခိုင် ။ ။ ကျမအတွက်ကတော့ ဖားအံမှာနေတုန်းက သိပ်မသွားလာဖြစ်ဘူး။ နောက်ပိုင်းမှ လူမှုရေးအနေနဲ့ လူအများနဲ့ တွေ့ဆုံရတယ်။ ဘယ်လိုပေါင်းသင်းဆက်ဆံရတယ်။ လူတွေရဲ့ စိတ်နေစိတ်ထားတွေကို သိလာရတယ်။ ဘယ်လိုစကားပြောပေး ရမလဲဆိုတာကို ပြောတတ်လာတယ်။ ဖားအံမှာ စကားပြောပုံနှင့် ရန်ကုန်က စကားပြောပုံတွေက မတူဘူး။ ဖားအံမှာ လူတွေနဲ့ တွေ့ရင် (ဆု်ဂုဏ်.လဝ့်)၊ ဗမာလို ကျေးဇူးတင်ပါတယ်။ (အှ်ဆံင်းလာဆာ်) ဗမာလို မဂင်္လာပါ ပြောဖို့က စိတ်ထဲမှာ သိပ်မရဲဘူး။ အဲလိုမျိုးပြောရင် လူများတွေက ညီမတို့ကို အိုဗာတင်းမူး(Over)လို့ ပြောကြတယ်။ အဲလို ကွာခြားချက်တွေ သိလာရတယ်။
မေး ။ ။ ခေတ်အခြေအနေ တိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေအတွက်ရော၊ အထူးသဖြင့် ကရင်လူငယ် မျိုးဆက်သစ်တွေအတွက် ညီမ ဘာတွေအကြံပေးချင်လဲ။ ဘယ်လိုစကားလက်ဆောင်တွေ ပေးချင်လဲ။
နန်းခိုင် ။ ။ ပြောချင်တာကလေ ကိုယ့်တယောက်တည်းအတွက် မကြည့်ဘဲ ကိုယ့်အမျိုးသားအတွက် ကြည့်ရမယ်။ ကိုယ့်အ မျိုးသား တိုးတက်ဖို့အတွက် ညီမ ကြိုးစားသလိုမျိုး ကြိုးစားကြပါလို့။ ညီမက ငယ်ငယ်ကတည်းက အဖေနဲ့အမေက အိမ်ထောင် ကွဲတယ်။ အဖေတစ်နေရာ၊ အမေတစ်နေရာပေါ့။ ညီမက အဒေါ်နဲ့နေတယ်။ တချို့လူငယ်တွေလည်း ညီမလို အများကြီးရှိမှာပဲ။ ညီမလို မိဘကွဲတဲ့ ညီအစ်ကို၊ မောင်နှမတွေ အားလုံး အားမငယ်ပါနဲ့။ ညီမက အဖေနဲ့အမေထံ အမြဲပြန်တယ်။ ပြန်ကန်တော့ဖြစ် တယ်။ အားမငယ်ပါဘူး။
နောက်ပြီး ညီမပြောချင်တာကတော့ အခုချိန်မှာ Miss Karen ဆိုပြီး သူများတွေသိလာတယ်။ ကိုယ့်လူမျိုးရဲ့ မျက်နှာရလာအောင် ညီမ နည်းနည်းပဲ လုပ်ပေးနိုင်သေးတယ်။ ကျန်တဲ့ လူငယ်ညီမငယ်တွေကိုလည်း ညီမပြန်ပြီး ဆွဲခေါ်ချင်ပါတယ်။ လူမျိုးအတွက် ကြိုးစားပေးချင်ပါတယ်။ ညီမတို့ကရင်လူမျိုးတွေက အခုမှ နည်းနည်းပဲ တိုးတက်လာသေးတယ်။ အားလုံးကြိုးစားပေးပါလို့။