Home သတင်း ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲရက်‌ရွှေ့လိုက်ရမှုနှင့် ဒုံးစင်မြင့်‌ပေါ် ‌ခေတ်‌ပေါ်ဖက်ရှင်ပြသမှု ‌ဝေဖန်ခံရ

ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲရက်‌ရွှေ့လိုက်ရမှုနှင့် ဒုံးစင်မြင့်‌ပေါ် ‌ခေတ်‌ပေါ်ဖက်ရှင်ပြသမှု ‌ဝေဖန်ခံရ

2156

ဝ့၄ဈနိုဝင်ဘာ ၈ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာဝ။့၄ဈ

ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ် ရိုးရာဒုုံးပြိုင်ပွဲကို ပြိုင်ပွဲမစတင်မီ မိုးရွာသွန်းမှု‌ကြောင့် ရက်‌ရွှေ့ဆိုင်းလိုက်ရခြင်းနှင့် ဒုံးစင်မြင့် ‌ပေါ် ‌ခေတ်‌ပေါ်ဖက်ရှင်ပြပွဲ ပြုလုပ်သည့်အတွက် ‌ဒေသခံများအကြား ‌ဝေဖန်မှုများ ထွက်‌ပေါ်လာသည့်အ‌ပေါ် ပြည်နယ်စာ‌ပေနှင့် ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်းက မူ‌ဘောင်ချမှတ်လုပ်ကိုင်ရန် နိုဝင်ဘာ ၈ရက်(ယ‌နေ့) ရက်စွဲဖြင့် စာထုတ်‌တောင်းဆို လိုက်သည်။

ထိုသို့ ရိုးရာ၊ ယဉ်‌ကျေးမှုများ ထုတ်‌ဖော်ပြသသည့်‌နေရာတွင် ‌ခေတ်‌ပေါ် ကရင်ဖက်ရှင် သရုပ်ပျက်အစီအစဉ်များ မပါဝင်‌စေ‌ရေး အတွက် စိစစ်ရန် ပြည်နယ်‌နေ့ ကျင်းပ‌ရေး အ‌ထောက်အကူပြု လုပ်ငန်း‌ကော်မတီထံ ယခုလို စာပို့‌တောင်းဆိုရခြင်းဖြစ်သည်ဟု ပြည်နယ်စာယဉ် ဥက္ကဋ္ဌ ‌စော‌အေးမြက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

၎င်းက “မ‌နေ့က ယဉ်‌ကျေးမှု ပြရမယ့်‌နေရာမှာ ဆန့်ကျင်ပြီး ပြလို့ လူထုအတွင်းမှာ အမျိုးမျိုး‌ပြော‌နေကြတယ်။ ကျ‌နော်လည်း ဒီလိုယဉ်‌ကျေးမှုကိုဆန့်ကျင်ပြီး ပြသတာ လက်မခံနိုင်ဘူး။ ဒါက ကရင်အမျိုးသား‌တွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်း‌စေတယ်။ ပြချင် ရင် အခြား‌နေရာမှာသွားပြ၊ ဒုံးစင်‌ပေါ်မှာမပြနဲ့။ မဖြစ်သင့်တာ မဖြစ်‌အောင် စီစဉ်တဲ့သူ‌တွေကို သတိ‌ပေးလိုက်တာဖြစ်တယ်”ဟု ‌ပြောသည်။

အလားတူ ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲကို ပြိုင်ပွဲမတိုင်မီ ရိုးရာနတ်ပူ‌ဇော်ပြီးမှသာ စတင်‌လေ့ရှိပြီး ဒုံးစင်မြင့်‌ပေါ်တွင် အခြားအစီအစဉ် များ ပြုလုပ်သည့်နှစ်တိုင်း တိုက်ဆိုင်စွာ မိုးရွာသွန်းမှု ဖြစ်‌ပေါ်‌လေ့ရှိသည့်အတွက် ဒုံးစင်မြင့်‌ပေါ်တွင် အခြားအစီအစဉ်များ မပြု လုပ်သင့်‌ကြောင်း ဒုံးပြိုင်ပွဲ အမှတ်‌ပေးဒိုင်ချုပ် ‌စောထင်‌ကြေးက ‌ပြောသည်။

၎င်းက “ဒုံးပြိုင်ပွဲကို မိုးရွာလို့ ရက်‌ရွှေ့လိုက်ပြီး ပွဲရက်ထပ်တိုး‌ပေးဖို့ ဝန်ကြီးချုပ်ဆီကို ပြန်‌တောင်းရတယ်။ ပြီး‌တော့ ဒုံးစင်‌ပေါ်မှာ ဒုံးမစ ခင် ဖက်ရှင်ပြပွဲပြုလုပ်တာ လူထုကြားမှာ ‌တော်‌တော်လက်မခံဘူး။ အဲဒီပြပွဲပြီးတာနဲ့ မိုးရွာလို့ ပွဲဖျက်လိုက်ရတယ်။ ရိုးရာအယူရှိ တဲ့လူ‌တွေက‌တော့ အမျိုးမျိုးလိုက်‌တွေးကြတာ‌ပေါ့။ ဒုံးဆိုတာလည်း နတ်တင်ပြီးမှ ကရတယ်ဆို‌တော့ မယုံလို့လည်းမရဘူး”ဟု ဆိုသည်။

ပြည်နယ်‌နေ့ဒုံးပြိုင်ပွဲသို့ ‌ကော့ကရိတ်၊ မြဝတီ၊ ကြားအင်းဆိပ်ကြီးနှင့် ဖားအံမြို့နယ်တို့မှ ပြိုင်ပွဲဝင်ဒုံး ၁၆ဖွဲ့ ဝင်‌ရောက်ယှဉ်ပြိုင် မည်ဖြစ်ကာ အခြား‌ဖျော်‌ဖြေ‌ရေးဒုံး ၁၄ဖွဲ့တို့မှ ရိုးရာအတိုင်း ကပြ‌ဖျော်‌ဖြေသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၇ရက်တွင် မိုးရွာသည့်အ တွက် ယ‌နေ့မှသာ ပြိုင်ပွဲစတင်မည်ဟု အမှတ်‌ပေးဒိုင်အဖွဲ့ထံမှ သိရသည်။

ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲဝင်‌ရောက်ယှဉ်ပြိုင်ရန် အတွက် ဒုံးအဖွဲ့တစ်ဖွဲ့လျှင် ပါဝင်သူ ၃ဝဦး‌ကျော်ဖြင့် အချိန်တစ်လ‌ကျော်ကြာ စခန်း သွင်း‌လေ့ကျင့်ခဲ့ကြရပြီး ကုန်ကျစရိတ် အနည်းဆုံး ကျပ်သိန်း ၂၀ဝ ဝန်းကျင်ခန့် ကုန်ကျမှုဖြင့် နှစ်စဉ်နှစ်တိုင်း ယှဉ်ပြိုင်‌လေ့ရှိ ‌ကြောင်း သိရသည်။