Home သတင်း ‌နေရပ်ပြန် ဒုက္ခသည်မိသားစုဝင် (၂)စုသာ ‌လေး‌ကေ‌ကော်မြို့တွင် အ‌ခြေချ‌နေထိုင်

‌နေရပ်ပြန် ဒုက္ခသည်မိသားစုဝင် (၂)စုသာ ‌လေး‌ကေ‌ကော်မြို့တွင် အ‌ခြေချ‌နေထိုင်

1798

နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်‌ရောက်ရှိလာသည့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုး ဒုက္ခသည်စခန်းမှ ဒုက္ခသည်မိသားစု ၁၉စုအနက် ကရင်ပြည်နယ်အတွင်းရှိ မိသားစု ၂စု သာမြဝတီမြို့ ‌တောင်ဘက် ၉မိုင်ခန့်အကွာတွင်ရှိသည့် ‌လေး‌ကေ‌ကော်မြို့သစ်တွင် အ‌ခြေချ ‌နေထိုင်လျှက်ရှိ‌ကြောင်း သိရ သည်။

အဆိုပါ ဒုက္ခသည် မိသားစုဝင်များမှာ ကရင်ပြည်နယ်၊ ရန်ကုန်နှင့် ပဲခူးတိုင်း‌ဒေသကြီးတို့မှ နယ်ခံဖြစ်ခဲ့သူ များ ပါဝင်ပြီး ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၆ ရက်‌နေ့က မြဝတီမြို့၊ အမှတ် (၄)ရပ်ကွက်၊ ‌ကျောက်လုံးကြီး ဘုရားလမ်းရှိ ပြန်လည်ကြိုဆိုလက်ခံ‌ရေးစခန်းသို့ ပြန်လည် ‌ရောက်ရှိ လာကြသူများဖြစ်သည်။

ကရင်ပြည်နယ် ကယ်ဆယ်‌ရေး နှင့်ပြန်လည်‌နေရာချထား ‌ရေးဦးစီး ဋ္ဌာန ညွန်ကြား‌ရေးမှူး ဦးလင်းထွဋ်က“ ‌လေး‌ကေ‌ကော်က မိသားစု (၂)စုက‌တော့ သူတို့ဆန္ဒအရ ဒီမှာပဲ‌နေဖို့ရှိတဲ့အတွက် အစိုးရအဖွဲ့က စီစဉ်‌ပေး တာဖြစ်ပါတယ်။ ကျန်တဲ့ မိသားစုဝင်‌တွေက‌တော့ သူတို့ရပ်ရွာမှာ ပဲပြန်အ‌ခြေမယ်ဆို‌တော့ သူတို့နဲ့ သက် ဆိုင်တဲ့ တိုင်း‌ဒေသကြီး အစိုးရ‌တွေနဲ့ကျ‌နော်တို့ပူး‌ပေါင်းပြီး ပြန်လည်ပို့‌ဆောင်‌ပေးခဲ့တာဖြစ်ပါတယ်” ဟု‌ပြော သည်။

ပြန်လည်‌ရောက်ရှိလာသည့် ဒုက္ခသည်မိသားစုဝင်များမှာ နို့ဖိုးဒုက္ခသည်စခန်းတွင် နှစ်‌ပေါင်းများစွာ ခိုလှုံ‌နေထိုင်‌နေခဲ့ပြီး မြန်မာပြည်တွင် ပြန်လည်အ‌ခြေချ‌နေထိုင်လိုသည့် ၎င်းတို့ဆန္ဒအရ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုး ရနှင့်UNHCR တို့ပူး‌ပေါင်းပြီး ပြန်လည်ပို့‌ဆောင်‌ပေးခဲ့ခြင်းဖြစ်သည်။

ဒုက္ခသည် မိသားစု ၁၉စုထဲမှ အချို့မိသားစုဝင်များမှာ အစိုးရ စီစဉ်‌နေရာချထား‌ပေးမှုတွင် ‌နေထိုင်ရန်လို လား သူများရှိသလို အများစုမှာ၎င်းတို့၏ မူရင်း ‌နေရပ်များတွင် ပြန်လည်‌နေထိုင်ပြီး လုပ်ကိုင် စား‌သောက်ရန် လိုလား‌ကြောင်း ‌အောက်တိုဘာလ ၂၆ ရက်‌နေ့ကြိုဆို‌ရေးအခမ်း အနားတွင် အဆိုပါ ဒုက္ခသည်များက ‌ပြောဆိုမှုများရှိခဲ့သည်။
dsc_0030
လက်ရှိ ‌လေး‌ကေ‌ကော်မြို့သစ်တွင် အ‌ခြေချ‌နေထိုင်မည့် မိသားစုဝင် (၂)စုကို နယ်စပ်‌ဒေသနှင့်တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဋ္ဌာနမှတာဝန်ယူကာ ပို့‌ဆောင်‌ပေး ခဲ့ခြင်းဖြစ်ပြီး အဆိုပါမိ သားစုဝင်များ အတွက် ‌နေရာချထား‌ရေးအစီအစဉ်များနှင့်ပတ်သက်ပြီး ‌လေး‌ကေ‌ကော်မြို့သစ် အုပ် ချုပ်‌ရေးမှူး ‌စော‌ဋ္ဌေး မြင့်‌အောင်က ယခုလို‌ပြောသည်။

“ကနဦးက‌တော့ ၁၇စု‌ပေါ့။ အဲဒီလူ‌တွေက သူတို့မူရင်း‌နေရပ်ကိုပြန်သွားကြ‌တော့ အခု‌လော‌လောဆယ့် ဒီမှာ‌နေမယ့် မိသားစု ၂စုကို နိပွန်‌ဖောင်‌ဒေးရှင်းက ‌ဆောက်ထား‌ပေးတဲ့အိမ်မှာ ခဏ‌နေရာချထား ‌ပေးတာ ‌ပေါ့။ ပြီး‌တော့မှ ‌အောက်တိုဘာလမှာ နတလက‌နေ ဒုက္ခသည်သီးသန့်ပြန်လာ‌နေဖို့‌ဆောက်‌ပေးတဲ့ အိမ်အလုံး ၅ဝကို ‌ဆောက်‌ပေးပြီးရင် သူတို့ကိုအဲဒီမှာအခမဲ့ ‌နေရာချထား‌ပေးမယ်”ဟု ‌ပြောသည်။

ဒုက္ခသည်များအတွက် ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့်ကိစ္စများကို ပြည်နယ် အစိုးရ တာဝန်ရှိသူများက စီစဉ်‌ဆောင်ရွက်‌ပေးသွားမည်ဖြစ်‌ကြောင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ‌အောင်လွင် က‌ပြောဆိုထားမှုများရှိခဲ့ပြီး လက်ရှိ ‌လေး‌ကေ‌ကော်တွင် ယာယီ‌နေထိုင်သည့် မိသားစုဝင် ၂ စု၏ စားနပ် ရိက္ခာအတွက် ကမာ္ဘ့စားနပ်ရိက္ခာအဖွဲ့ WFPက ၃ လစာ‌ထောက်ပံ့‌ပေးထား‌ကြောင်း သိရသည်။

နို့ဖိုးဒုက္ခသည်စခန်းရှိ ဒုက္ခသည်ဦး‌ရေမှာ တစ်‌သောင်း‌ကျော်ရှိ‌ကြောင်း The Border Consortium(TBC) က ၂၀၁၆ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ပြန်ထားသည့်စာရင်းအရ သိရပြီး လာမည့်မတ်လတွင် ဒုတိယအသုတ် အဖြစ် မြန်မာပြည်တွင်းပြန်လည်အ‌ခြေချ‌နေထိုင်ရန် စီစဉ်မှုများရှိ‌နေ‌ကြောင်း သိရသည်။