Home သတင်း ‌တော‌နော(‌ဒေါန)‌လေ့ကျင့်‌ရေး‌ဆေးရုံကို ၂၀၁၇ခုနှစ်အစတွင် ဖွင့်လှစ်သွားနိုင်ရန် ‌ကေအဲန်ယူစီစဉ်

‌တော‌နော(‌ဒေါန)‌လေ့ကျင့်‌ရေး‌ဆေးရုံကို ၂၀၁၇ခုနှစ်အစတွင် ဖွင့်လှစ်သွားနိုင်ရန် ‌ကေအဲန်ယူစီစဉ်

1791

နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ လက်‌အောက်ခံဌာနဖြစ်‌သော ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန (KDHW)နှင့် က‌နေဒါနိုင်ငံ အလှူရှင်များ ပူး‌ပေါင်းပြီး ‌ကော့ကရိတ်မြို့နယ်တွင် ယခု ‌ဆောက်လုပ်‌နေဆဲဖြစ်‌သော ‌တော‌နော(‌ဒေါန) ‌လေ့ကျင့် ‌ရေး‌ဆေးရုံကို ၂၀၁၇ခု၊ နှစ်ဆန်းပိုင်း (ဇန်နဝါရီ)လအတွင်း ဖွင့်လှစ်သွားနိုင်ရန်စီစဉ်‌နေ‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။

KDHW ဌာနမှူး ပဒို‌စောအယ်ကလူ‌ရွှေဦးက “ကျ‌နော်တို့ အရင်က သတ်မှတ်တာက ဇန်နဝါရီလတစ်ရက်‌နေ့မှာ ဖွင့်ဖို့‌ပေါ့‌နော်။ ဒါ ‌ပေမဲ့ အခု‌ဆောက်‌နေတာ မပြီးပြတ်တတ်‌သေးဘူ။ ဒါ‌ပေမဲ့ ဒီဇန်နဝါရီလထဲမှာ‌တော့ ဖွင့်လှစ်နိုင်ဖို့‌တော့ ကျ‌နော်တို့ လျာထားပါ တယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်၊ ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေ အံဖကြီး‌ကျေးရွာအုပ်စုရှိ နန်း‌ရွှေမှုံ‌ကျေးရွာတွင် ‌ဆောက်လုပ်‌နေသည့် အဆို ပါ‌လေ့ကျင့်‌ရေး‌ဆေးရုံ ဖွင့်လှစ်ပြီးစီးပါက KDHW မှ ဦးစီးကာ စီမံခန့်ခွဲ‌ရေးနှင့် ကုသ‌ရေးပိုင်းများကို တာဝန်ယူ ‌ဆောင်ရွက်သွား မည့်အပြင် ကုသ‌ရေးနှင့် KDHW မှ ‌မွေးထုတ်လိုက်သည့် ကျန်းမာ‌ရေးဝန်ထမ်းများပါ လက်‌တွေ့ ‌လေ့ကျင့်သင်ကြားမှုများလည်း ပြုလုပ်သွားမည်ဟု ပဒို‌စောအယ်ကလူ‌ရွှေဦးက ဆက်‌ပြောသည်။

၎င်း‌လေ့ကျင့်‌ရေး‌ဆေးရုံသည် အဓိကအားဖြင့် အ‌ခြေခံကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု ပိုမိုလိုအပ်သည့် အဆိုပါ‌ဒေသအတွက် KD-HW ကျန်းမာ‌ရေးလုပ်သားများကို ပိုမို‌လေ့ကျင့်‌မွေးထုတ်သွားရန်အပြင် ၎င်း‌ဒေသအနီးတစ်ဝိုက်ရှိ ‌ဒေသခံတစ်‌သောင်း‌ကျော်ကို ပါ ကျန်းမာ‌ရေးဆိုင်ရာ ပြုစု‌စောင့်‌ရှောက်မှု အကျိုးပြုနိုင်‌ရေးကိုပါ ရည်ရွယ်သည်ဟုလည်း ‌စောအယ်ကလူ‌ရွှေဦးက ဖြည့်စွက် ‌ပြောဆိုသည်။
dsc03381
ယခင်နှစ် ၂၀၁၅ခုနှစ်၊ မတ်လ ၁ရက်‌နေ့မှ စတင်‌ဆောက်လုပ်သည့် အဆိုပါ ‌ဆေးရုံကို က‌နေဒါနိုင်ငံမှ (Global Neighbors Canada Inc.)အဖွဲ့နှင့် က‌နေဒါ၊ အ‌မေရိကန်နှင့် အခြားနို်င်ငံတကာမှ ပုဂ္ဂလိက အလှူရှင်များ၏ ကူညီ‌ထောက်ပံ့မှုဖြင့် ကုန်ကျ စရိတ် ထိုင်း‌ငွေ ဘတ်သိန်း(၁၆၀)ခန့်၊ (မြန်မာ‌ငွေ ကျပ်သိန်း ၅‌ထောင်‌ကျော်) အကုန်ကျခံ‌ပေးခြင်းဖြစ်ပြီး ကုတင် ၂၅လုံးဆံ့ ‌ဆေးရုံ ဖြစ်သည်။

‌ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်‌ကျေးရွာ‌ဒေသခံ ‌စောမြ‌အေးက “ကျ‌နော်တို့‌ဒေသမှာက အရင်က ဒီလို‌ဆေးရုံမျိုးမရှိဘူး‌လေ။ မြို့တက်ပြီး သွားကုရတဲ့အ‌ခြေအ‌နေမျိုး‌တွေဆိုရင် ကျ‌နော်တို့‌ဒေသခံ‌တွေက တအား ဒုက္ခ‌ရောက်ကြတယ်။ ဒါ‌ကြောင့် ကျ‌နော် တို့ ‌ဒေသခံ‌တွေအတွက် ဒီ‌ဆေးရုံကြီးဖြစ်လာရင်‌တော့ ပိုပြီး‌တော့ အကျိုးဖြစ်လာပြီး‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု‌ဆောက်လုပ်ဆဲ အဆိုပါ‌လေ့ကျင့်‌ရေး‌ဆေးရုံသည် ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေအတွင်း ‌ကေအဲန်ယူမှ ပထမဦးဆုံးအ‌နေဖြင့် ‌ဆောက်လုပ်ခြင်းဖြစ်ပြီး အလားတူ ‌နောက်ထပ်‌လေ့ကျင့်‌ရေး‌ဆေးရုံတစ်လုံးကို ဖာပွန်ခရိုင် (သို့မဟုတ်) ဖားအံခရိုင်တစ်‌နေရာ တွင် ထပ်မံ ‌ဆောက်လုပ်သွားရန်လည်း လျာထားသတ်မှတ်ထား‌ကြောင်း သိရသည်။