Home သတင်း ‌တောင်ကြာအင်း အထက်တန်း‌ကျောင်းတွင် ‌သောက်သုံး‌ရေအတွက် ‌ရေတွင်းတစ်တွင်း လိုအပ်‌နေ

‌တောင်ကြာအင်း အထက်တန်း‌ကျောင်းတွင် ‌သောက်သုံး‌ရေအတွက် ‌ရေတွင်းတစ်တွင်း လိုအပ်‌နေ

2926

နိုဝင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်ခရိုင်ရှိ ‌တောင်ကြာအင်း အ‌ခြေခံပညာအထက်တန်း‌ကျောင်းတွင် သန့်ရှင်း‌သော ‌သောက်သုံး‌ရေ မရရှိမှု အခက်အခဲကြုံ‌နေရသဖြင့် ‌ကျောင်းသား/‌ကျောင်းသူများအတွက် ‌ရေသန့်စင်စနစ် (သို့မဟုတ်) ‌ဒေသအ‌ခေါ်(လက်တွင်း) တစ်တွင်း တူး‌ဖော်‌ပေးနိုင်ရန် ‌ဒေသခံများ လိုလားလျှက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ခုနှစ်တွင် စတင် အ‌ကောင်အထည်‌ဖော်သည့် ‌ဟောင်သ‌ရော မြစ်ကူးတံတားနှင့် ‌ကော့ကရိတ်-မုဒုံ-‌မော် လမြိုင် လမ်းစီမံကိန်းနယ်‌မြေနှင့် မလွတ်‌သော‌ကြောင့် ‌ကျောင်းဝင်းအတွင်းရှိသည့် ‌ရေတွင်းကို ပယ်ဖျက်‌ပေးခဲ့ရပြီး‌နောက်ပိုင်း ‌သောက်သုံး‌ရေ ခက်ခဲမှုနှင့် ရင်ဆိုင်လာရခြင်းဖြစ်သည်ဟု ‌ကျောင်းအကျိုး‌တော်‌ဆောင်တစ်ဦးက ယခုလို ‌ပြောသည်။

‌ကျောင်းအကျိုး‌တော်‌ဆောင်တစ်ဦးဖြစ်သူ ‌စော‌ကျော်ဦးက “ခ‌လေး‌တွေအတွက်သန့်ရှင်းတဲ့‌သောက်‌ရေ ရဖို့လိုတယ်။ အခုက ‌ကျောင်းထဲမှာ ‌ရေတွင်းမရှိ‌တော့ က‌လေး‌တွေ ‌ရေသွားခပ်ရတာ ‌တော်‌တော်‌ဝေးတယ်။ ဒါ‌ကြောင့် လက်တွင်းတစ်တွင်း ‌ကျောင်း ထဲမှာ ပြန်တူးဖို့ လိုအပ်‌နေတာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အထက်တန်း‌ကျောင်းတွင် မူလတန်းမှ အထက်တန်းအထိ ‌ကျောင်းသူ/သား‌ပေါင်း ၈၀၀‌ကျော် ပညာသင်ကြား‌နေပြီး ‌ကော့ကရိတ်‌ဒေသတွင်း ‌လောင်းကိုင်၊ ဖားကျ၊ သမိန်ဒွတ်၊ ‌နောင်တလာ၊ ဝင်းက၊ သလွဲ‌ထော်၊ ဝိဇ္ဇာကုန်း၊ ဖန်ခါးကုန်းနှင့် လှိုင် ကွယ်‌ကျေးရွာများ အပါအဝင် ရွာ‌ပေါင်း ၁၅ရွာခန့်က ‌ဒေသခံ က‌လေးငယ်များ ပညာသင်ကြား‌နေသည့်‌ကျောင်းဖြစ်သည်။

‌သောက်သုံး‌ရေရရှိ‌ရေးအတွက် ‌ကျောင်းတည်ရှိရာ ‌တောင်ကြာအင်း‌ကျေးရွာနှင့် ၃ဖာလုံခန့် အကွာအ‌ဝေးရှိ ဘုန်းကြီး‌ကျောင်း ‌ရေတွင်းမှ သွား‌ရောက်ခပ်ယူ ‌သောက်သုံး‌နေရပြီး ‌ရေခပ်ရာလမ်းတွင် ကြာအင်းဆိပ်ကြီးနှင့် ‌မော်လမြိုင်မြို့များသို့ ‌နေ့ညသွား လာ‌နေသည့် ကုန်ကားများရှိ‌နေသည့်အတွက် ယာဉ်အန္တရာယ် ထိခိုက်မှုများ ဖြစ်‌ပေါ်လာမည်ကို ‌ကျောင်းသားမိဘများက စိုးရိမ် ‌နေကြသည်။

“ဒီတစ်ဂွင်လုံးမှာ အားထားရတဲ့ ‌ကျောင်းမူလတန်း ခ‌လေး‌တွေ ‌သောက်‌ရေ အခက်အခဲဖြစ်တယ်။ သူတို့က သွားမခပ်တတ်ကြ ‌သေးဘူး။ ကား‌တွေနဲ့ အန္တရာယ်ဖြစ်မှာစိုးတာ‌ပေါ့။ ‌နောက် ကျန်းမာ‌ရေး ထိခိုက်မှာ စိုးရိမ်တယ်”ဟု ‌ကျောင်းသားမိဘတစ်ဦးဖြစ် သည့် ‌နော်ထူးက ‌ပြောသည်။

‌ကျောင်းအတွင်း ‌သောက်သုံး‌ရေအခက်အခဲ‌ကြောင့် ‌ရေတွင်းပြန်လည်တူး‌ပေးနိုင်‌ရေးအတွက် ပြည်နယ် အာဏာပိုင်များထံ တင်ပြ‌တောင်းဆိုမှုများ ရှိခဲ့‌သော်လည်း ယ‌နေ့အထိ ထူးခြားမှုမရှိသည့်အပြင် ‌ရေတွင်းတူး‌ဖော်‌ရေး ‌ငွေ‌ကြေးအခက်အခဲ ရှိ‌နေ ‌ကြောင်းလည်း ‌ဒေသခံ‌ကျောင်းသားမိဘနှင့် ‌ကျောင်းအကျိုး‌တော်‌ဆောင်များက ‌ပြောဆိုကြသည်။

လမ်းတံတားစီမံကိန်းများ‌ကြောင့် လမ်းပန်းဆက်သွယ်‌ရေး လွယ်ကူမှုများရှိလာ‌သော်လည်း စီမံကိန်းနယ်‌မြေ မလွတ်ကင်းမှု ‌ကြောင့် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်တွင် ‌ကျောင်း‌ရေတွင်း ဖျက်ဆီး‌ပေးခဲ့လိုက်ရာမှ ‌တောင်ကြာအင်း‌ကျောင်းသူ‌ကျောင်းသားများ ‌သောက်သုံး‌ရေ ခက်ခဲမှု ရှိလာခြင်းဖြစ်‌ကြောင်း ‌ကျောင်းတာဝန်ရှိသူများထံမှ သိရှိရသည်။