Home ထိပ်တန်းသတင်း ‌ကေအဲန်ယူ ကွန်ဂရက် မ‌ရွှေ့သင့်ဟု ရန်ကုန်ကရင်နိုင်ငံ‌ရေးအသိုင်းအဝိုင်း သုံးသပ်‌ပြောဆို

‌ကေအဲန်ယူ ကွန်ဂရက် မ‌ရွှေ့သင့်ဟု ရန်ကုန်ကရင်နိုင်ငံ‌ရေးအသိုင်းအဝိုင်း သုံးသပ်‌ပြောဆို

1682

နိုဝင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ (၁၆)ကြိမ်‌မြောက် ကွန်ဂရက်ကို သတ်မှတ်ကာလ ‌လေးနှစ်ပြည့်မည့် ယခုနှစ်၊ နိုဝင်ဘာလ၌ ကျင်းပရမည်ဖြစ်‌သော်လည်း ၎င်းကွန်ဂရက်ကို လက်ရှိ အစိုးရနှင့် ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ် ပြီးဆုံး မှသာပြုလုပ်သွားရန် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်အချို့က ဗဟိုအလုပ်အမှု‌ဆောင်အစည်းအ‌ဝေးတွင် တင်ပြခဲ့ထားသည်ဟု ကြား သိရသည့်အ‌ပေါ် မ‌ရွှေ့ဆိုင်းသင့်‌ကြောင်း ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ ကရင်နိုင်ငံ‌ရေးအသိုင်းအဝိုင်းက ‌ပြောဆိုသည်။

ကရင်အမျိုးသမီးနိုင်ငံ‌ရေးသမားတဦးဖြစ်သူ ‌နော်အုန်းလှက “အခု နိုဝင်ဘာမှာလုပ်မဲ့ ၁၆ကြိမ်‌မြောက် ကွန်ဂရက်ကို ‌ရွှေ့မယ်။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ဆက်လုပ်ဖို့လို့ ‌ပြောတယ်။ ဒါက ကရင်အမျိုးသား‌တွေကို လှည့်စားတာပဲလို ့ ကျမမြင်တယ်။ အရင်သိရ သ‌လောက် တိုက်ပွဲ‌တွေဖြစ်‌နေတဲ့ အချိန်အခါမျိုးမှာ‌တောင် ကွန်ဂရက်လုပ်နိုင်ခဲ့တယ်။ အခုလိုအချိန်မှာ ငြိမ်းချမ်း‌ရေး အ‌ကြောင်း ပြ ‌ရွှေ့မယ်ဆိုတာ မဖြစ်သင့်ဘူး။ ဘယ်သူ‌တွေက ‌ရွှေ့ချင်တာလဲ ဘာ‌ကြောင့်လဲဆိုတာ ကရင်ပြည်သူ‌တွေကို အခုလို ‌ခေတ်ကြီး မှာ ဖုံးထားလို့ မရ‌တော့ဘူးလို့ ‌ပြောချင်တယ်”ဟု ‌ကေအိုင်စီသို့ ယမန်‌နေ့က ‌ပြောသည်။

လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ပြုလုပ်ရန် အစိုးရ၊ တပ်မ‌တော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံ‌ရေးမူ‌ဘောင်များ ‌ရေးဆွဲရာ၌ မပြီးဆုံး‌သေးသလို ‌ဆွေး‌နွေးပွဲများ စတင် ရန် အဆင့်ကိုပင် သုံးနှစ်ခန် ့အချိန်ယူရမည်ဟု သတင်းများထွက်‌ပေါ်‌နေပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ကြောင်းပြကာ (၁၆)ကြိမ် ‌မြောက်ကွန်ဂရက်ကို မ‌ရွှေ့ဆိုင်းသင့်ဟုလည်း အမည်မ‌ဖော်လိုသည့် ရန်ကုန်မြို့ခံ ကရင်ပါတီနိုင်ငံ‌ရေးသမားတဦးက ‌ကေအိုင် စီသို့ ဆက်သွယ်‌ပြောဆိုသည်။

ရန်ကုန်ကရင်နိုင်ငံ‌ရေးအသိုင်းအဝိုင်းတွင် ‌ကေအဲန်ယူ ၁၆ကြိမ်‌မြောက်ကွန်ဂရက်ပြုလုပ်မည့်အ‌ပေါ် များစွာစိတ်ဝင်စားမှုရှိခဲ့ပြီး အမျိုးသား‌ရေး စိတ်အားထက်သန်သည့် ကရင်လူကြီး၊ လူငယ်များအကြားတွင်လည်း ‌ပြောဆို‌ဆွေး‌နွေး ‌ဝေဖန်မှုများ ယခုနှစ် ဆန်းပိုင်းကတည်းက ရှိ‌နေခဲ့သလို အဆိုပါကွန်ဂရက်တွင် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်ပိုင်း အ‌ပြောင်းအလဲ ဖြစ်လာနိုင်ပြီး ညီညွတ် ‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC)သို့ ပြန်ပါဝင်‌ရေးကိစ္စ အ‌ဖြေထွက်ဖွယ်ရှိသည်ဟု အမည်မ‌ဖော်လိုသူ ကရင်စာ‌ရေးဆရာတစ်ဦးက ယခုလို ‌ပြောသည်။

“ကွန်ဂရက်ကို အမျိုးသား‌ရေးအားသန်တဲ့ ကရင်လူငယ်လူကြီး‌တွေ အရင်ကထက်ပို စိတ်ဝင်စားလာတယ်။ ဒါက အခုလို ပွင့် လင်းလာတဲ့‌ခေတ် မိခင်အစည်းအရုံးကို အား‌ပေး‌ထောက်ခံသူ‌တွေ၊ ‌မျှော်လင့်သူ‌တွေ ပိုများလာတယ်။ ပထမကြား‌နေတာ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးက အလားအလာ အ‌ကောင်းဆုံးဖြစ်‌နေတယ်လို့ အားလုံးလိုလို သုံးသပ်‌ပြောဆို‌နေကြတယ်။ အခုလို ‌ရွှေ့ဆိုင်းမယ့်သတင်းထွက်လာတယ်။ ဘာ‌ကြောင့်ဆိုတာ အတိအကျမသိ‌ပေမယ့် ကရင်လူထုက‌တော့ အနည်းနဲ့အများ နားလည်သ‌ဘော‌ပေါက်‌နေပြီး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရန်ကုန်မြို့ခံ ကရင်လူငယ် ‌စောထီးမူးကလည်း “‌လေးနှစ်အတွင်း အားနည်းချက်၊ အားသာချက်‌တွေ အဖွဲ့အစည်းမှာရှိနိုင်တယ်။ ဒါ‌တွေကို တဦးနဲ့တဦး အပြန်အလှန် ‌ဖေးမပြီး ပြင်ဆင်ဖို့ ကွန်ဂရက်ကို လုပ်သင့်တယ်”ဟု သုံးသပ်‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလက (၁၅)ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်နှင့် ‌ရွေး‌ကောက်ပွဲကို ‌ကေအဲန်ယူနယ်‌မြေ ‌လေး ဝါးစခန်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဗဟို‌ခေါင်း‌ဆောင်များကို ‌လေးနှစ်တစ်ကြိမ် ကွန်ဂရက်ကျင်းပကာ လျှို့ဝှက်မဲစနစ်ဖြင့် ‌ရွေး ‌ကောက်တင်‌မြှောက်ရမည်ဟု ၎င်းတို့၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတွင် ပြဋ္ဌာန်းထားသည်။

ထို့အပြင် ကွန်ဂရက်အပြီး နှစ်စဉ် ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးကိုလည်း ကျင်းပ‌လေ့ရှိရာ ပြီးခဲ့သည့် ‌အောက်တိုဘာ လ ၃၁ရက်‌နေ့မှစ၍ ယ‌နေ့အထိ ပြုလုပ်‌နေဆဲဖြစ်‌သော ယင်းဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးတွင် ၁၆ကြိမ်‌မြောက်ကွန်ဂ ရက်ကိစ္စ အပါအဝင် ‌လေးနှစ်တာအတွင်း နိုင်ငံ‌ရေးအစီရင်ခံစာ တင်ပြ‌ဆွေး‌နွေးမှုများ၊ ဌာနဆိုင်ရာလုပ်ငန်းအစီရင်ခံစာ တင်ပြ ‌ဆွေး‌နွေးခြင်း၊ ကရင်လက်နက်ကိုင်အဖွဲ့များ အ‌ခြေအ‌နေ၊ မဟာမိတ်အ‌ခြေအ‌နေများ၊ မူဝါဒလမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်မှုများအပြင် ‌ရှေ့လုပ်ငန်းစဉ်များကိုလည်း ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း သိရှိရသည်။