Home ထိပ်တန်းသတင်း ‌ကေအဲန်ယူ၏ ၁၆ကြိမ်‌မြောက်ကွန်ဂရက်ကို ‌နောက်ထပ် ၆လ ‌ရွှေ့ဆိုင်းလိုက်ပြီ

‌ကေအဲန်ယူ၏ ၁၆ကြိမ်‌မြောက်ကွန်ဂရက်ကို ‌နောက်ထပ် ၆လ ‌ရွှေ့ဆိုင်းလိုက်ပြီ

2087

နိုဝင်ဘာလ ၁ဝရက်၊ ၂၀၁၆ခုုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)အ‌နေဖြင့် ယခင်က နိုဝင်ဘာအတွင်း ကျင်းပရန်ရှိသည့် ၁၆ ကြိမ် ‌မြောက်ကွန်ဂရက်ကို ‌နောက်ထပ် ၆လ ‌ရွှေ့ဆိုင်းလိုက်‌ကြောင်း ‌အောက်တိုဘာလ ၃၁ရက်‌နေ့မှ စတင်ကာ လက်ရှိအချိန်ထိ ဖားအံခရိုင် ‌လေးဝါး(‌လော်ခီးလာ)စခန်း၌ ကျင်းပသည့် ၁၅ကြိမ်‌မြောက် ကွန်ဂရက်အပြီး ၅ကြိမ်‌မြောက် ဗဟို‌ကော်မတီအစည်းအ‌ဝေးတွင် ဆုံးဖြတ်လိုက်သည်။

အဆိုပါ ၁၆ကြိမ်‌မြောက် ကွန်ဂရက်ကို ‌ရွှေ့လိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီး အမည်မ‌ဖော်လိုသူ ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင်တစ်ဦးက “ကွန်ဂရက်ကို ၆လ အတွင်းကျင်းပသွားဖို့ဆုံးဖြတ်လိုက်တယ်။ EC ကအချိန် ကို အတိအကျညွန်ရမယ်။ လအတိ အကျဆိုရင်‌တော့ လာမယ့် ၂၀၁၇၊ မတ်လမှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့(နိုဝင်ဘာလ ၁ဝရက်)တွင် ‌ပြောသည်။

လက်ရှိနိုင်ငံ‌ရေးအခင်းအကျင်းနှင့် ချိတ်ဆက်ပြီး‌ဆောင်ရွက်‌နေရသည့် အ‌ပေါ် ကြားအ‌နှောက်အယှက်‌တွေမထိခိုက်မညှိစွန်းရ‌လေ‌အောင် အချိန်ကို ‌သေချာပြန်ညှိနှိုင်း ဆုံးဖြတ်ရခြင်းဖြစ်သလို အစိုးရမှပြန်လည်ကျင်းပလာမည့် ပင်လုံညီလာခံတက်‌ရောက်နိုင်‌ရေးနှင့် လာမည့် ကွန်ဂရက်တွင် ပြည်တွင်း၊ ပြည်ပရှိ ကရင်ကိုယ်စားလှယ်များကိုပါ ဖိတ်ကြားသွား ရန်ရှိသည့် အတွက် ပြင်ဆင်‌ဆောင်ရွက်ချိန် အလုံအ‌လောက်ရရှိရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်‌ကြောင်း ယင်းဗဟို‌ကော်မတီဝင်က ဆက်‌ပြောသည်။

၎င်းအပြင် လာမည့် ကွန်ဂရက်ကျင်းပ‌ရေးအတွက် ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သော သီဘွဲမှ ဥက္ကဋ္ဌ အဖြစ်ပါဝင်သည့် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖြစ်‌မြောက်‌ရေး‌ကော်မတီဖွဲ့စည်းလိုက်ပြီး ယင်း‌ကော်မတီမှ ကွန်ဂရက်ကျင်းပမည့်ရက်နှင့် လုပ်ငန်းအစီအစဉ်များကို ဆက်လက်အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလအတွင်း ပြုလုပ်သည့် ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်အစည်းအ‌ဝေးတွင် လည်း ‌ကေအဲန်ယူ၏ ၁၆ကြိမ်‌မြောက်ကွန်ဂရက်ကျင်းပမည့်ရက်ကို နိုဝင်ဘာလ ၂၁ရက်‌နေ့တွင် ကျင်းပရန် ဆုံးဖြတ်ထားမှုများရှိခဲ့‌ကြောင်း ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များ၏ ‌ပြောဆိုမှုများရှိခဲ့သည်။

ထိုသို့ဆုံးဖြတ်ချက်ချထား‌သော်လည်း ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်အချို့မှ လက်ရှိ‌ဖော်‌ဆောင်‌နေသည့် ငြိမ်း ချမ်း‌ရေးဖြစ်စဉ်ကို ပြီးဆုံးသည်အထိ ဆက်လက် အ‌ကောင်အထည်‌ဖော်‌ဆောင်နိုင်‌ရေး အ‌ကြောင်းပြ ချက်ဖြင့် ကွန်ဂရက်‌ရွှေ့ဆိုင်းရန်သ‌ဘောထားများရှိလာရာမှ ယခု ၅ ကြိမ်‌မြောက် ဗဟို‌ကော်မတီအစည်း အ ‌ဝေးတွင်ထပ်မံ‌ဆွေး‌နွေးခဲ့ရခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ ကျင်းပရန်ရှိသည့် ၁၆ကြိမ် ‌မြောက်ကွန်ဂရက်ကို မ‌ရွှေ့သင့် ‌ကြောင်း ပြည်တွင်း ပြည်ပရှိ ကရင်အသိုင်းအဝိုင်းများမှ လိုလားမှုများ ရှိခဲ့သည့်အပြင် ယင်းကိစ္စအ‌ပေါ် ပြည်တွင်း ကရင်အသိုင်းအဝိုင်းများထဲတွင် စစ်တမ်း‌ကောက်ယူများပင်ပြုလုပ်ခဲ့‌သေးသည်။

ယခုလို ကွန်ဂရက်‌ရွှေ့ဆိုင်းလိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီး Salween Institute for Public Policy မှ ဒါရိုက်တာ ‌စောကပိက “ဗဟို‌ကော်မတီဝင်အများစုရဲ့ဆန္ဒနဲ့ ပြီး‌တော့ KNU ရဲ့ ဖွဲ့စည်းပုံပါပြဋ္ဌာန်း ချက်‌တွေနဲ့ မဆန့်ကျင်ဘူးဆိုရင် လုပ်လို့ရပါတယ်။ အ‌ကြောင်း ပြချက်ခိုင်မာတယ်။ မှန်ကန်တယ်ဆိုရင် ကွန်ဂရက်ကို ၆လ‌ရွှေ့တာပြဿနာမရှိပါ။ ဒီဟာက အစဉ်အလာတစ်ခုလိုဖြစ်သွားပြီး မိမိနိုင်ငံ‌ရေး အကျိုးအမြတ်အတွက် ဒါမမဟုတ်ပြင်ပ ပ‌ယောဂတခုခု‌ကြောင့် မဖြစ်ဖို့ သိပ်အ‌ရေးကြီးပါတယ်” ဟု ‌ထောက်ပြ‌ပြောဆိုသည်။

‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံထဲတွင် နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် စစ်‌ရေးပဋိပက္ခအ‌ခြေအ‌နေများ‌ကြောင့် ကွန်ဂရက်ကို ကျင်းပသင့်သည့် ကာလထက် ‌နောက်ထပ် ၁နှစ်မှ ၂နှစ်အထိ ‌ရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထား‌သော်လည်း ဗဟိုအမြဲတမ်း‌ကော်မတီဝင်များ၏ ၇ဝရာခိုင်နှုန်း ‌ထောက်ခံမှုရရှိမှသာ ကွန်ဂရက်ကို ‌ရွှေ့ဆိုင်းနိုင်‌ကြောင်း သိရသည်။