Home သတင်း ဧရာဝတီတိုင်းအဆင့် ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးအတွက် ကျပ် ၄၅ဝသိန်း အစိုးရချီးမြှင့်‌ပေး

ဧရာဝတီတိုင်းအဆင့် ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးအတွက် ကျပ် ၄၅ဝသိန်း အစိုးရချီးမြှင့်‌ပေး

2030
?

နိုဝင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီးအဆင့် ၂၇၅၆ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးအတွက် တိုင်း ‌ဒေသကြီးအစိုးရက ကျပ် ၄၅ဝ သိန်းချီးမြှင့်‌ပေးထားသည်ဟု တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်‌ရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက နိုဝင်ဘာ ၅ ရက်‌နေ့တွင် ပုသိမ်မြို့၊ ပုသိမ်-‌မြောင်းမြ စ‌ကောကရင် နှစ်ခြင်း သာသနာရုံးခန်းမ၌ ပြုလုပ်သည့် ကျင်းပ‌ရေးညှိနှိုင်း အစည်းအ‌ဝေးတွင် ‌ပြောသည်။

အဆိုပါ တိုင်းအဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေးအတွက် အစိုးရထံမှ ရရှိထားသည့် ကျပ် ၄၅ဝ သိန်းကို နှစ်သစ်ကူးပွဲ‌တော် ပြပွဲပြိုင်ပွဲဆု အတွက် ကျပ် သိန်း ၂၀၀၊ ပွဲ‌တော်ကျင်းပ‌ရေးအတွက် ကျပ် သိန်း ၂၅ဝ သုံးစွဲသွားရန် လျာထားသည်ဟု တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ် ၈ဝ ဦး‌ကျော်တက်‌ရောက်သည့် တိုင်းအဆင့် နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ညှိနှိုင်းအစည်းအ‌ဝေးတွင် ကျင်းပ‌ရေး ဦးစီး‌ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ‌ပြောသည်။

ဝန်ကြီးက “တိုင်းရင်းသားအတွက် ဘတ်ဂျက်‌ငွေမရှိဘူး။ ဒါကို ကျမအစိုးရဆီမှာ အတင်း‌တောင်းလို့ ရတဲ့‌ငွေ ဖြစ်တယ်။ မရှိဘူး မရှိဘူးလို့ ‌ပြောတာကို ကျမ အ‌ကြောက်အကန်‌တောင်းပြီး‌တော့မှ ရလာတဲ့‌ငွေဖြစ်တယ်။ ဒီ‌နေရာမှ ကျမ‌တောင်းတဲ့ ‌ငွေသည် ဖြည့်စွက်‌ငွေဖြစ်တဲ့အတွက် ဒါထက်ပို သုံးလို့ မဖြစ်ဘူး။ လာမဲ့နှစ်မှာ မြို့ နယ်‌တွေမှာကျင်းပဖို ့ တိုင်းက‌နေပံ့ပိုးနိုင်‌အောင် ကျမတိုး‌တောင်းထားတယ်” ဟု ‌ပြောသည်။

ယခုလို တိုင်း‌ဒေသကြီး အစိုးရအဖွဲ့မှ ချထား‌ပေးသည့် ‌ငွေဖြင့်နှစ်သစ်ကူးပွဲ‌တော် ကျင်းပမည်ဖြစ်‌သော်လည်း ကရင်အမျိုးသားများအ‌နေဖြင့် မိမိတို့ ရိုးရာ၊ ယဉ်‌ကျေးမှုပွဲ‌တော် ဖြစ်သည့်အ‌ပေါ် တတ်နိုင်သည့် ဘက်မှ ဝိုင်းဝန်းပံ့ပိုးသည့်အ‌နေဖြင့် တစ်မြို့နယ်လျှင် ကျပ်သုံးသိန်းနှုန်းထည့် ဝင်ကြရန် တက်‌ရောက်လာသည့် ကိုယ် စားလှယ်အချို့က ယခုလိုအကြံပြု ‌ဆွေး‌နွေးခဲ့သည်။

အစည်းအ‌ဝေး တက်‌ရောက်လာသူ ဧရာဝတီ တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဋ္ဌ ‌စောဖရန်စစ်ခိုင်က “ကရင်နှစ်သစ်ကူးပွဲ‌တော်က ကရင်အမျိုးသား‌တွေရဲ့ ရိုးရာ၊ ယဉ်‌ကျေးမှုပွဲ‌တော် ဖြစ်တယ်။ အဲ့‌တော့ ကိုယ့်ပွဲ‌တော်အတွက် နိုင်သ‌လောက်ထည့်ဝင် ကျင်းပသင့်မသင့်ကို စဉ်းစားဆုံးဖြတ်‌စေချင်တယ်။ တကယ်လို့ တခြားကုန်ကျစရိတ် ‌တွေနဲ့ မ‌လောက်ရင်လည်း သုံးလို့ ရတဲ့သ‌ဘောပါ” ဟု ‌ပြောသည်။

တိုင်း‌ဒေသကြီးအဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ပုသိမ်မြို့၊ ကန်သာယာကွင်း (သို့မဟုတ်) အထက-၅ အားကစားကွင်း၌ ဒီဇင်ဘာ ၂၈ရက်မှ ၂၉ရက်‌နေ့ထိ ကျင်းပသွားရန် စီစဉ်ထားပြီး ပွဲ‌တော်တွင် ၂၀၁၆ခုနှစ် တက္ကသိုလ်ဝင် စာ‌မေးပွဲတွင် ထူးချွန်စွာ ‌အောင်မြင်ခဲ့သည့် ‌ကျောင်းသူ၊ ‌ကျောင်းသားများကို ဂုဏ် ပြုဆု‌ပေးခြင်း၊ နှစ်သစ်ကူးအထိမ်းအမှတ် ကရင်ကဗျာ၊ ‌ဆောင်းပါး၊ စာစီစာကုန်းပြိုင်ပွဲ (စ‌ကော/ပိုး)နှင့် ဒုံးပြိုင်ပွဲများ ထည့်သွင်း ကျင်းပသွားမည်ဟု ကျင်းပ‌ရေး ဦးစီး‌ကော်မတီ အတွင်း‌ရေးမှူး မန်းလှသိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ကရင်တိုင်းရင်းသား‌ရေးရာ ကိစ္စရပ်များလုပ်‌ဆောင်ရန်အတွက် တိုင်း ‌ဒေသကြီး အစိုးရအဖွဲ့ ၂၀၁၆-၁၇ ဘဏ္ဍာ‌ရေးနှစ် ဖြည့်စွက်ဘတ်ဂျက်မှ ကျပ်သိန်း ၇၅ဝ ရရှိထားပြီး ယင်းတွင် ယခုလို ကျပ်သိန်း ၄၅ဝကို တိုင်း‌ဒေသကြီးအဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေးတွင် အသုံးပြု သွားမည်ဖြစ်‌ကြောင်း ကရင်‌ရေးရာဝန်ကြီးထံမှ သိရသည်။