Home သတင်း အသိမ်းခံ ‌မြေများ ပြန်ရ‌ရေးအတွက် ပြည်နယ်အစိုးရ လစဉ်‌ဆောင်ရွက်‌နေဟု ‌ထွေအုပ်‌ပြော

အသိမ်းခံ ‌မြေများ ပြန်ရ‌ရေးအတွက် ပြည်နယ်အစိုးရ လစဉ်‌ဆောင်ရွက်‌နေဟု ‌ထွေအုပ်‌ပြော

1678

နိုဝင်ဘာ ၁၇ရက်၊ ၂၀၁၆ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း အသိမ်းခံထားရသည့် လယ်၊ ယာ၊ ‌မြေများ မူလပိုင်ရှင်များ ပြန်လည်ရရှိ‌ရေးအတွက် ပြည်နယ်အစိုးရအ‌နေဖြင့် လစဉ် ‌ဆောင်ရွက်‌ပေး‌နေပြီးဖြစ်သည်ဟု အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး ဦးစီးဋ္ဌာန၊ ဖားအံ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌အောင်‌ကျော်ထွန်းက ‌ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဖားအံမြို့နယ်၊ ခရိုင်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူးရုံး၌ နိုဝင်ဘာ ၁၅ ရက်‌နေ ့တွင်ပြု လုပ်သည့် လယ်၊ ယာ၊ ‌မြေ အသိမ်းခံထားရသည့် ‌ဒေသခံများနှင့်‌တွေ့ဆုံပွဲတွင် ဦး‌အောင်‌ကျော်ထွန်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “သူတို့(‌မြေအသိမ်းခံရသူများ)‌ပြောတာ အရးယူ‌ဆောင်ရွက်မှု မရှိဘူး။ လူကြီး‌တွေက ဒီအ‌ခြေ‌နေ အခက် အခဲ ‌တွေကို သိတယ်။ တတ်နို်င်သမျှမျက်‌ခြေမပျက် ‌ဖြေရှင်း‌ပေးတယ်။ ဒါကိုနားလည် သ‌ဘော‌ပေါက်‌အောင် သူတို့ကို‌ခေါ်ယူ ရှင်းပြတယ်။ ဝန်ကြီးချုပ်လည်း လစဉ်တစ်လ တစ်ကြိမ် စည်‌ဝေးထိုင် ပြီး‌တော့မှ ‌မြေယာ ပြဿနာနဲ့ ပတ်သက်လို့ ‌ဖြေရှင်း ‌ဆောင်ရွက် ‌ပေး‌နေတာရှိတယ်။ တစ်‌ယောက်နဲ့ တစ်‌ယောက် အထင်မြင် လွှဲ‌နေတာကို ကျ‌နော်တို့ မ‌ပြောပြရင် သူတို့ မသိရဘူး” ဟု ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း လယ်၊ ယာ၊ ‌မြေ ပြဿနာများသည် နှစ်‌ပေါင်းများစွာ ရှိထားသည့် ပြဿနာ များဖြစ်‌သော‌ကြောင့် လျင်မြန်စွာ ‌ဖြေရှင်း၍ မရသည့် အတွက် အစိုးရနှင့်အတူ မြို့နယ်၊ ခရိုင် အဆင့်ဆင့်မှ တတ်နိုင်သမျှ ‌ဖြေရှင်း‌ပေး‌နေမှုအ‌ပေါ် သိမ်းဆည်းခံထားရသူ ‌ဒေသခံများ သိရှိ‌အောင်ယခုလို ‌ခေါ်ယူ အသိ ‌ပေးခြင်း ဖြစ်သည်ဟု ခရိုင်အုပ်ချုပ်‌ရေးမှူးက ဆက်‌ပြောသည်။

၎င်း‌တွေ့ဆုံပွဲကို နိုဝင်ဘာ ၁၅ ရက်မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၄၅ မိနစ်အထိ ပြုလုပ်ခဲ့ပြီး ဖားအံခရိုင် အုပ်ချုပ် ‌ရေးမှူးနှင့် အတူ ဖားအံမြို့နယ်၊ လှှိုင်းဘွဲမြို့နယ်တို ့ရှိ လယ်၊ ယာ၊ ‌မြေ သိမ်းဆည်းခံ ထားရသည့် ‌ကျေးရွာ ၁၄ ရွာမှ ရွာသူ၊ ရွာသား ၇၂ ဦး တို့ တက်‌ရောက်ခဲ့သည်။

ဖားအံမြို့နယ် အတွင်းမှ လယ်‌မြေသိမ်းစည်းခံရသူ လယ်သမား ဟှားအမူးက “ ကျမလယ်သိမ်း ခံရတာက ‌မွေးမြူ‌ရေးဇုံ လုပ်ဖို့ သိမ်းတာ။ အခုက ‌မွေးမြူ‌ရေးဇုံ မဟုတ်ဘဲ အကွက်ချ ပြန်‌ရောင်းတယ်။ အခု အိမ်‌တွေ ပြည့်‌နေပြီး ကျမလယ် ကျမပြန်လိုချင်တာ‌ပေါ့။ ‌လျှော်‌ကြေး ဖြစ်ဖြစ်‌ပေါ့။ သူတို့ ပြန်‌ရောင်းစားတာက တကွက်ကို သိန်း ၁၀ဝ ‌ကျော်တယ်။ သူတို့က လယ် မရှိ‌တော့ဘူး ‌ပြော‌တော့ ကျမတို့ ဘယ်လက်ခံ နိုင်မလဲ။ အခုက ဒီမှာလာတာက လယ်ပြန်ရ‌အောင် ပြန်ညှိနှိုင်း ‌ပေးဖို့” ဟု ‌ပြောသည်။

ထို‌ကျေးရွာ ၁၄ ရွာတွင် လယ်၊ ယာ၊ ‌မြေများကို ‌မွေးမြူ‌ရေးဇုံ ပြုလုပ်ရန် သိမ်းယူခြင်း၊ မြိုင်က‌လေး ဘိလပ် ‌မြေစက်ရုံအတွက် သိမ်းယူခြင်း၊ ‌ရေဘုတ်ဆည်စီမံကိန်းအတွက် သိမ်းယူခြင်း၊ ဖားအံမြို့သစ် စီမံကိန်း အတွက် သိမ်းယူခြင်းခံရသည့်‌မြေများပါဝင်သလို စစ်တပ်‌မြေအဖြစ် သိမ်းယူခြင်းများလည်းပါရှိကာ အချို့အသိမ်းယူ ခံရ သည့် ‌မြေများကို အကွက်ချပြန်‌ရောင်းချသည်များလည်း ရှိသည်ဟု မူလပိုင်ရှင်များထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်း သိမ်းယူထားသည့် ‌မြေဧက များစွာထဲမှ လက်ရှိ အစိုးရလက်ထက်၊ ပြည်နယ် လယ်၊ ယာ၊ ‌မြေ စီမံခန့်ခွဲမှု ‌ကော်မတီက စစ်တပ်နှင့် ပြည်နယ်အကျဉ်းဦးစီးဋ္ဌာန၊ စစ်မှု ဝန်ကြီးဋ္ဌာနတို့မှာ ပြန်စွန့် လွှတ်‌မြေ ၂၃၂ ဒသမ ၄ ဧကကို မူလပိုင်ရှင်များထံ ပြီးခဲ့သည့် ဇွန်လအတွင်း ပထမဆုံး အကြိမ်ပြန်လည် ‌ပေးအပ်ခဲ့‌ကြောင်း သိရသည်။