Home သတင်း အမျိုးသား‌ရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် စည်းလုံးစွာ လုပ်‌ဆောင်ကြရန် ကရင်လူငယ်အဖွဲ့အစည်းများ သ‌ဘောတူညီမှုရ

အမျိုးသား‌ရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် စည်းလုံးစွာ လုပ်‌ဆောင်ကြရန် ကရင်လူငယ်အဖွဲ့အစည်းများ သ‌ဘောတူညီမှုရ

2143

နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်လူငယ်ထုတစ်ရပ်လုံး၏ လူငယ်‌ရေးရာနှင့် ကရင်အမျိုးသား‌ရေးဆိုင်ရာကိစ္စရပ်များတွင် အသွင်မတူ သည့် နည်းလမ်းများ၊ လုပ်‌ဆောင်ချက်များကို ချဉ်းကပ်မှုများဖြင့်စည်းလုံးညီညွတ်စွာ လုပ်‌ဆောင်သွားရန် ဖားအံမြို့နယ်၊ ‌တောင်က‌လေး‌ကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်းတွင် နိုဝင်ဘာ ၉ရက်မှ ၁၁ရက်‌နေ့ အထိပြု လုပ်ခဲ့သည့် အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ ကရင်လူငယ်များနှီး‌နှောဖလှယ်ပွဲတွင် သ‌ဘော တူညီမှုရရှိခဲ့သည်ဟု သိရသည်။

ကရင်လူငယ်အစည်းအရုံး KYO ဗဟိုစည်းရုံး‌ရေးနှင့်ပြန်ကြား‌ရေးဋ္ဌာနတာဝန်ခံ ‌စောအယ်‌ကော်က “ကျ ‌နော်တို့ ကရင်လူငယ်အ‌ရေးကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်‌ဆောင်‌နေကြ‌ပေမယ့် ကရင့်အမျိုးသား‌ရေး ‌မျှော်မှန်းချက်ပန်းတိုင်ကညီကြတယ်။ အဲဒီ‌တော့ အသွင်မတူတဲ့နည်းလမ်း‌တွေက‌နေ စည်းစည်းလုံးလုံးနဲ့ ပူး‌ပေါင်းလုပ်‌ဆောင် သွားကြဖို့ သ‌ဘောတူခဲ့တာဖြစ်ပါတယ်” ဟု ‌ပြောသည်။

ထိုသို့ လုပ်‌ဆောင်ရာတွင် ကရင်လူငယ်အဖွဲ့များထဲမှ တူညီ‌သောလုပ်‌ဆောင်ချက်များတွင် အချင်းချင်းပူး ‌ပေါင်းလုပ်‌ဆောင်သွားမည်ဖြစ်သလို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် ကရင်လူငယ်များမှ အ‌ထောက် အကူပြု အဖွဲ့အ‌နေဖြင့် ပါဝင်လာနိုင်‌ရေးသ‌ဘောတူညီမှုရရှိခဲ့ကြပြီး ထိုသို့ပါဝင်နိုင်ရန် ကြိုးပမ်းလုပ်‌ဆောင်သွား မည်ဖြစ်‌ကြောင်းလည်း ကရင်လူငယ်‌ခေါင်း‌ဆောင်များက ‌ပြောဆိုသည်။

၎င်း နှီး‌နှောဖလှယ်ပွဲတွင် ကရင်လူငယ်အဖွဲ့အစည်းများမှ ၎င်းတို့ လုပ်‌ဆောင်‌နေသည့် လုပ်ငန်းအ ‌ကြောင်းအရာများကို ရှင်းလင်းချပြခြင်းအပြင် ကရင်လူငယ်နှင့်နိုင်ငံ ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာတွင် ပါဝင်တာဝန် ယူရမည့် အခန်းကဏ္ဍ၊ ကရင်လူငယ်နှင့်ကရင်လူမျိုးတို့အနာဂတ်၊ ကရင်လူငယ်နှင့်အမျိုးသား‌ရေး တာ ဝန်စ သည့် အ‌ကြောင်းအရာများကို အဓိကထား ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

KYN မှ ကရင်ပြည်နယ်တာဝန်ခံ ‌စောဖိုးခွားကြီးက “ပြည်တွင်းက ကရင်လူငယ်‌တွေ အ‌နေနဲ့က တစ်ချို့ KNU၊ KYO အ‌နေနဲ့ ဘာညာမဟုတ်ပဲနဲ့ အမျိုးသား‌ရေးအတွက် သူ့နည်းသူဟန် ‌လေး‌တွေနဲ့လုပ်‌နေကြတဲ့ အပိုင်း‌တွေရှိတယ်‌လေ။ မတူညီတဲ့ပုံစံနဲ့ချဉ်းကပ်လို့ရတယ်ဆိုတာ လမ်းဖွင့်‌ပေး တဲ့သ‌ဘော‌ပေါ့။ ဒီလိုလုပ်တာ ‌ရှေရှည် အတွက်‌ကောင်းသလို လူငယ်‌တွေရဲ့အခန်းကဏ္ဍ‌တွေမှာပိုမိုလုပ် ‌ဆောင်လာနိုင်လိမ့်မယ်လို့မြင်တယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အစိုးရတို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)ကို လက်မှတ်‌ရေးထိုးပြီး မတရားအသင်း အဖြစ်မှ ပယ်ဖျက်ခံရပြီး‌နောက်ပိုင်း KNUနှင့်ဆက်စပ်သည့် ကရင်လူငယ်အဖွဲ့များနှင့် အထူးသဖြင့် ပြည်တွင်းရှိ ကရင်လူငယ် အဖွဲ့များအ‌နေဖြင့် လူငယ်အ‌ရေး၊ နိုင်ငံ‌ရေးနှင့် အမျိုးသား‌ရေး ဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပွင့်လင်းစွာ လုပ်‌ဆောင်လာနိုင်ခဲ့ကြသည်။

ထို့သို့လုပ်‌ဆောင်ရာတွင် နယ်စပ်အ‌ခြေစိုက်သည့် ကရင်လူငယ်အစည်းအရုံး KYOမှ ‌ကေအဲန်ယူနယ် ‌မြေများ၊ ပြည်ပနှင့် ဒုက္ခသည်စခန်းများတွင်အဖွဲ့ဖွဲ့ကာ လုပ်‌ဆောင် မှုများရှိ‌နေသလို ပြည်တွင်း ရှိ ကရင် လူငယ်များမှလည်း ကရင်လူငယ်ကွန်ရက် KYN ဖွဲ့စည်းကာ လူငယ်အ‌ရေး နည်းလမ်းအမျိုးမျိုးဖြင့်လုပ် ‌ဆောင်ခဲ့ကြခြင်းဖြစ်သည်။

(‌ကေအဲန်ယူ) စည်းရုံး‌ရေးဋ္ဌာန၏ ဦး‌ဆောင်မှုဖြင့် ပြုလုပ်ခဲ့သည့် ၎င်းနှီး‌နှောဖလှယ်ပွဲကို ကရင်လူငယ်နှင့်ကရင်အမျိုးသားထုတစ်ရပ်လုံး၏ အနာဂတ်အ‌ရေးနှင့် ဖြစ်‌ပေါ်လာမည့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် လူငယ်များအ‌နေဖြင့် တာဝန်ယူ၊ တာဝန်ခံမှုနှင့် တာဝန်ခွဲ‌ဝေမှုများဖြင့် တတပ်တအား ပါဝင်လာနိုင်‌ရေး ရည်ရွယ်ပြုလုပ်‌ပေးခြင်းဖြစ်‌ကြောင်း KNU မှ ‌ပြောဆိုထားသည်။

ကရင်အမျိုးသားအဖွဲ့အစည်းများအားလုံးပါဝင်သည့် အမျိုးသားအဆင့်နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲဆိုင်ရာ‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲကို ပြီးခဲ့သည့် ‌အောက်တိုဘာလ အတွင်း ကရင်ပြည်နယ်ဖားအံမြို့ရှိ ဇွဲကပင်ခန်းမ‌ဆောင်တွင် ပြုလုပ်ခဲ့ပြီး ယခုပြုလုပ်သည့် အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ ကရင်လူငယ်များနှီး ‌နှောဖလှယ် ပွဲမှာ ပထမအကြိမ်ပြုလုပ်ခြင်းဖြစ်‌ကြောင်း သိရသည်။