Home သတင်း လုံခြုံ‌ရေးအားနည်း၍ လူ့အခွင့်အ‌ရေးလှုပ်ရှားသူ ‌နော်ချစ်ပန်းတိုင် အသတ်ခံရမှု အမြန်‌ဖော်ထုတ်‌ပေးရန် ထားဝယ် CSO ၂၀‌ကျော်‌တောင်းဆို

လုံခြုံ‌ရေးအားနည်း၍ လူ့အခွင့်အ‌ရေးလှုပ်ရှားသူ ‌နော်ချစ်ပန်းတိုင် အသတ်ခံရမှု အမြန်‌ဖော်ထုတ်‌ပေးရန် ထားဝယ် CSO ၂၀‌ကျော်‌တောင်းဆို

2253

နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

တနသင်္ာရီတိုင်း‌ဒေသကြီးအတွင်း ထားဝယ်မြို့အ‌ခြေစိုက် တာက‌ပေါလူမှုအဖွဲ့၊ ဝန်ထမ်းဖြစ်ခဲ့သူ ‌နော်ချစ်ပန်းတိုင် အသတ်ခံရမှု သည် ‌ဒေသတွင်း လူမှုအဖွဲ့အစည်းများကို ခြိမ်း‌ခြောက်မှုဖြစ်‌နေ၍ အမြန်‌ဖော်ထုတ်‌ပေးရန် ထားဝယ်ရှိ လူမှုအဖွဲ့အစည်း ၂၃ဖွဲ့က နိုဝင်ဘာလ ၂၁ရက်‌နေ့တွင် ‌ကြေညာချက်ထုတ်ကာ စု‌ပေါင်း ‌တောင်းဆိုလိုက်သည်။

အသတ်ခံရသူ အသက် ၂၂အရွယ်၊ ‌နော်ချစ်ပန်းတိုင်သည် အကြီးစားစီမံကိန်းများ၊ သတ္တုတူး‌ဖော်‌ရေးနှင့် ‌မြေယာသိမ်းဆည်းခံရ မှုများ‌ကြောင့် ‌ဒေသခံများ အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှုများ၊ ထိခိုက်နစ်နာမှုများအ‌ပေါ် ကူညီလုပ်‌ဆောင်‌ပေး‌နေသည့် တာက‌ပေါ လူမှုအဖွဲ့၏ ဝန်ထမ်း‌ဟောင်းဖြစ်ခဲ့သလို ‌မြေမြှုပ်မိုင်းအန္တရာယ်အကြံ‌ပေးအဖွဲ့-MAG တွင် တာဝန်ထမ်း‌ဆောင်‌နေသူလည်းဖြစ်ပြီး ဝါသနာအရ နိုဝင်ဘာ ၁၉ရက်‌နေ့တွင် ထားဝယ်မြို့၊ ‌ရွှေဝယ်သီရိအားကစားကွင်း၌ မြန်မာနိုင်ငံ၊ ဂီတအစည်းအရုံး ရန်ပုံ‌ငွေ အဆို ပြိုင်ပွဲဝင်ရန် သွား‌ရောက်စဉ် ည ၈နာရီခန့်အချိန်၌ ပွဲစင်မြင့်အနီး ဓားထိုးခံရပြီး ‌သေဆုံးသွားခြင်းဖြစ်သည်။

‌မြေမြှုပ်မိုင်း အန္တရာယ်အကြံ‌ပေးအဖွဲ့တာဝန်ခံ ‌နော်အဲလစ်ဇဘက်က “ပွဲထဲမှာ ဖြစ်တယ်ဆို‌တော့ အဓိက‌တော့ ပွဲရဲ့လုံခြုံ‌ရေး အားနည်းချက်‌ကြောင့်ပါ။ ဒီအမှုမှန်‌ပေါ်ဖို့ ကျမတို့ လိုချင်တယ်။ နိုင်တဲ့ဘက်က ဝိုင်းဝန်း အကြံ‌ပေးတယ်။ လူထုအတွက် တက် ကြွလှုပ်ရှားတဲ့ လူငယ်တစ်‌ယောက်ဖြစ်‌တော့ အရမ်းနှ‌မျောရတယ်။ သူအသတ်ခံရလို့ ဆုံးရှုံးမှုအများကြီး ရှိပါတယ်”ဟု ‌ကေအိုင် စီသို့ ယ‌နေ့(နိုဝင်ဘာလ ၂၂ရက်က) ‌ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရအ‌နေဖြင့် အမှုမှန် အမြန်‌ဖော်ထုတ်‌ပေးရန် တာက‌ပေါ၊ ထားဝယ်အမျိုးသမီးသမဂ္ဂ၊ ထားဝယ် ဖွံ့ဖြိုး‌ရေးအဖွဲ့၊ ၈၈ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ထားဝယ်)နှင့် တနသင်္ာရီမြစ်မကြီးနှင့် ဌာ‌နေတိုင်းရင်းသားများကွန် ရက် စသည့်လူမှုအဖွဲ့အစည်း ၂၃ဖွဲ့က ‌ကြေညာချက်ထုတ်ပြန်၍ ‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ထိုသို့ ‌ဒေသခံများအတွက် လူ့အခွင့်အ‌ရေးလှုပ်ရှားသူ ‌နော်ချစ်ပန်းတိုင် အသတ်ခံရမှုသည် ထားဝယ်‌ဒေသအ‌ရေး ကိစ္စရပ်များ တွင် ပါဝင်လှုပ်ရှား‌နေသည့် တာက‌ပေါအဖွဲ့အ‌ပေါ် ခြိမ်း‌ခြောက်မှုဖြစ်သလို ‌ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများ လှုပ်ရှားမှုအ ‌ပေါ် ကြီးစွာ‌သော ခြိမ်း‌ခြောက်မှုတစ်ရပ်ဖြစ်ကာ စိုးရိမ်ဖွယ် အ‌ခြေအ‌နေတစ်ရပ် ဖြစ်သည်ဟု အဆိုပါ‌ကြေညာချက်တွင် ‌ဖော်ပြ ထားသည်။

တာက‌ပေါ လူမှုအဖွဲ့မှ ‌နော်ပိသ‌လောက “အများအားဖြင့် အမှု‌တွေက ကြာရင်‌ပျောက်သွားတတ်တယ်။ ကျမတို့က ဒီအမှုကို ‌သေ‌သေချာချာ ကိုင်တွယ်‌ပေး‌စေချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူမှုအဖွဲ့စည်း‌တွေအတွက် ဒီအမှု‌ပေါ်မှ သူတို့လည်း စိတ်ချရ မယ်။ အခုလိုမျိုး အသတ်ခံရတာက ပွဲရဲ့ လုံခြုံ‌ရေးအားနည်းတာလည်း ပါတယ်။ မ‌ဖော်ထုတ်‌ပေးနိုင်သ‌ရွေ့‌တော့ ကျမတို့ကို ခြိမ်း‌ခြောက်မှု‌တွေ အမြဲရှိလာမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ လူထူထပ်သည့် ပွဲခင်းထဲ၌ အသတ်ခံရခြင်းသည် ပွဲလုံခြုံ‌ရေးအပိုင်း အားနည်းသလို အခင်းဖြစ်ပွားပြီး ပွဲရပ်ဆိုင်း‌ပေးရန် ‌တောင်းဆို‌သော်လည်း တာဝန်ရှိသူများက အခင်းဖြစ်ပီး နှစ်နာရီခန့်အကြာ ည ၁ဝနာရီမှသာ ပွဲကို ရပ်ဆိုင်းခဲ့သည်ဟု ‌နော်ပိသ ‌လောက ဆက်‌ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ တနသင်္ာရီတိုင်း‌ဒေသကြီး၊ တိုင်းရဲမှူးကြီး‌နေမျိုးကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ “လက်ရှိအ ချိန်မှာ ‌သေဆုံးသူနဲ့ ပတ်သက်တဲ့သူ၊ ဖြစ်နိုင်ဖွယ်ရှိတဲ့သူ၊ တဆင့်ချင်း လိုက်စစ်ထုတ်တယ်။ လုပ်‌နေတဲ့ဟာ အ‌သေးစိပ်ကို ‌ပြော လို့ အဆင်မ‌ပြေ‌သေးဘူး။ သ‌ဘောသဘာဝ တရားခံကို ချက်ချင်း‌ဖော်ထုတ်လို့ မရ‌သေးဘူး။ လူမှုအဖွဲ့‌တွေ ‌တောင်းဆိုတာသိ တယ်။ အမြန်ဆုံး ‌ဖော်ထုတ်နိုင်‌အောင် ‌ဆောင်ရွက်‌နေပါတယ်။ ဘာလို့လည်းဆို‌တော့ ဒီအမှုက အများစိတ်ဝင်စားတဲ့ အမှုလည်း ဖြစ်တယ်”ဟု ‌ပြောသည်။

အသတ်ခံရသူ ‌နော်ချစ်ပန်းတိုင်သည် ထားဝယ်မြို့တွင် ‌နေထိုင်သူတစ်ဦးဖြစ်ပြီး ထားဝယ်အ‌ရှေ့ဘက်ရှိ ကရင်တိုင်းရင်းသား ‌ကျေးရွာများတွင် သယံဇာတတူး‌ဖော်မှု‌ကြောင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ၊ လူထုမနစ်နာ‌ရေးလုပ်ငန်းများ၊ ဥပ‌ဒေအရ အကာအကွယ်ရရှိ‌စေ‌ရေး ပညာ‌ပေးလုပ်ငန်းများကို ကွင်းဆင်း ‌ဆောင်ရွက်‌နေသူလည်း ဖြစ်သည်။

သူမ၏ ဈာပနကို ယ‌နေ့၊ နိုဝင်ဘာလ ၂၂ရက်‌နေ့တွင် ထားဝယ်မြို့၌ ပြုလုပ်ခဲ့ကြ‌သော်လည်း ပြစ်မှုကျူးလွန်သူကို ယခုအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။